«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

23 Aug 2017

နှာရည်ယိုအဆုပ်ပွရောဂါ (Cryptococcosis)

,
ဆိုပြီးရောဂါပိုးအမျိုးအစားနှစ်မျိုးရှိပါတယ် ဒီရောဂါဟာ ရောဂါပိုးကိုလေနဲ့အတူရှုမိလို့ဖြစ်တာပါ ၊ ရောဂါပိုး ပါတဲ့လေကိုရှုမိတဲ့အချိနှ်ဟာခွေးရဲ့ခုခံအားကျနေတဲ့အချိန်နဲ့တိုက်ဆိုင်နေရင်တော့ရောဂါဖြစ်ပွားနိုင်ပါတယ် ၊ လေနဲ့အတူ ဒီရောဂါပိုကိုရှုမိလို့ နှာခေါင်းထဲကိုရောက်လာရင် နှာစေးပြီးနှာရည်ကျလာတတ်ပါတယ် ၊ မကြာခဏနှာချေနေတာကိုတွေ့ရပါတယ် ၊နှာရည်ကျတာကနှာခေါင်းတစ်ဖက်တည်းကဖြစ်စေနှစ်ဖက် လုံးကဖြစ်စေကျတတ်ပါတယ် ၊ ရောဂါရင့်လာရင် အဆုတ်ထဲအထိရောဂါပိုးပြန့်နှံ့လာတဲ့အတွက် ချောင်းဆိုး တာတို့ မောဟိုက်တာတို့ဖြစ်လာတတ်ပါတယ် ၊ ရောဂါပိုးဟာမျက်စေ့ထဲ ကိုရောက်သွားရင်မျက်စေ့ အမြင်လွှာနဲ့အတူမျက်စေ့အာရုံကြောတွေကိုထိခိုက်ပျက်စီးစေတဲ့အတွက်အမြင်အာရုံထိခိုက်လာတတ်ပါ တယ် ၊ရောဂါပိုးဟာမျက်နှာပိုင်းမှာရှိတဲ့အာရုံကြောတွေကိုလည်းထိခိုက်စေပြီး မျက်နှာပိုင်း မှာမူမမှန်တဲ့ လှုပ်ရှားမှုတွေကိုတွေ့ရတတ်ပါတယ် ၊ ဦးနှောက်ထဲကိုရောက်သွားရင် ဟန်ချက်မထိမ်းနိုင့်တဲ့အတွက် လမ်းလျှောက်တဲ့အခါပုံမှန်မဟုတ်ပဲပတ်ခြာလည်နေတတ်ပါတယ် ၊ အနံ့မသိတာမျိုးလည်းဖြစ်လာတတ်ပါတယ်၊တဖြည်းဖြည်းသွေးအားနည်းလာတဲ့အတွက်မျက်လုံးအတွင်း သားတွေ ကိုဖြဲကြည့်ရင် ဖြူဖတ်ဖြူရော်ဖြစ်နေတတ်ပါတယ် ၊ သွေးအားတိုးဆေးတွေဘယ်လောက်ပေးပေး သွေးအားတက်မလာနိုင်တာက ဒီရောဂါရဲ့ထူးခြားချက်တစ်ခုလို့တောင်ပြောနိုင်ပါတယ် 
ဒီရောဂါဟုတ်မဟုတ်သိရဖို့ နှာခေါင်းအတွင်းပိုင်းနှာရည်တို့ဖတ်ကိုဓါတ်ခွဲခန်းမှာစစ်ဆေးကြည့်နိုင်ပါတယ် ၊ ရောဂါသေချာရင်တော့ Ketoconazole, itraconazole, နဲ့ fluconazole စားဆေးတွေနဲ့ ကုသပေးနိုင် ပါတယ် Ketoconazole စားဆေးကတော့ ဈေးသက်သာပေမယ့် အစားအသောက်ပျက်တာ ၊အော့အန်တာ ၊ ၀မ်းပျက်ပြီးပိန်ချုံးသွားတာစတဲ့ဘေးထွက်ဆိုးကျိုးတွေရှိတတ်တဲ့အပြင်ဆေးတိုက်တာကြာလာရင်မျက်စေ့ မှာအတွင်းတိမ်စွဲတာမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ် ၊ ဒါကြောင့်မို့ itraconazole, နဲ့ fluconazole စားဆေးကို တိုက်ကျွေနိုင်ရင်ပိုကောင်းပါတယ် ၊ fluconazole စားဆေးဟာ ဦးနှောက်ထဲ ကိုမြန်မြန်ရောက်နိုင်တဲ့အားသာချက်ရှိတာကြောင့် ဦးနှောက်ထဲကိုရောဂါပိုး
ရောက်တဲ့အခါမျိုးမှာအသုံးပြုသင့်ပါတယ်  ၊ ဘယ်ဆေးကိုအသုံးပြုသည်ဖြစ်စေ ဘေးထွက်ဆိုးကျိုးဖြစ်
ပေါ်မှုကိုချင့်ချိန်ပြီး (၂)လလောက်အထိ ရက်မပျက်ဆေးတိုက်ဖို့လိုအပ်ပါတယ်

0 မှတ်ချက်များ to “ႏွာရည္ယိုအဆုပ္ပြေရာဂါ (Cryptococcosis)”

Post a Comment