ကြောင်တွေမှာဖြစ်ပွားတဲ့ ပလိပ် (PLAGUE ) ရောဂါဆိုတာ
ကြောင်ကနေ လူကို ကူးစက်နိုင်တဲ့အတွက် အရေးကြီးတဲ့ရောဂါတစ်ခုဖြစ်ပါတယ် …
တကယ်တော့ ဒီရောဂါပိုးဟာကြွက်တွေမှာတွယ်ကပ်တဲ့လှေးကောင်လေးတွေက တစ်ဆင့်
ကြွက်တွေအချင်းချင်းကူးစက်ဖြစ်ပွားစေတဲ့ရောဂါဖြစ်ပေမယ့် ခွေး ၊ ကြောင်
အသားစားတောရိုင်းတိရစ္ဆာန်တွေနဲ့ လူတွေကိုလည်း ကူးစက်ပြီးရောဂါရစေနိုင်ပါတယ်
ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
Yersinia pestis လို့ခေါ်တဲ့ ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ..
ကူးစက်ပုံ
ကြောင်တွေကိုရောဂါပိုးရှိနေတဲ့ လှေးကောင်လေးတွေက ကိုက်တဲ့အခါမှာ ကြောင်တွေ မှာ
ပလိပ်ရောဂါဖြစ်ပွားစေပါတယ် … ရောဂါပိုးကူးစက်ခံရတဲ့ကြောင်တွေရဲ့ (၅၀)ရာခိုင် နှုန်းဟာ
ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်မပြပဲ ကျန်းမာရေးကောင်းနေ တတ်ပါတယ် … ဒါဟာ
သတိပြုရမယ့်အချက်ပါပဲ …
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ခံရတဲ့ကြောင်တွေဟာရုတ်တရက်အပြင်းဖျားပြီးပြန်ကောင်းသွားတတ်
ပါတယ်…အစားအသောက်ပျက်မယ်အပြင်းဖျားမယ်..ခန္တာကိုယ်မှာ အရည်ဓါတ်ခန်း
ခြောက်လာပါမယ် … ကြောင်ရဲ့ပါးစပ်မှာ အနာတွေပေါက်တတ်ပါတယ် … ပြီးတော့
ချောင်းဆိုးမယ် အသက်ရှုကျပ်မယ်…မေးရိုးအောက်နားမှာရှိတဲ့လင့်အကြိတ်တွေယောင်
ယောင်ရမ်းလာမယ် … အဲဒီ အကြိတ်တွေမှာ ပြည်တည်နာဖြစ်ပြီးပေါက်ထွက်လာမယ် …
နောက်တော့ ရောဂါပိုးဟာ သွေးထဲကတစ်ဆင့် အဆုပ်ထဲကိုရောက်သွားပါမယ် ..
အဲဒီတော့အဆုပ်ယောင်ပြီးချောင်းဆိုးလာပါမယ်…ချောင်းဆိုးတဲ့အခါမှာလေနဲ့အတူပါ
လာတဲ့တံတွေးအမှုန်တွေမှာ ရောဂါပိုးတွေပါလာတာမို့ … ရှုမိတဲ့ အခြားကြောင်တွေကို
ဆက်လက်ကူးစက်စေပါတယ် …
ရောဂါရှာဖွေခြင်း
ရင်ခေါင်းကို ဓါတ်မှန်ရိုက်ကြည့်ခြင်းနဲ့ဖြစ်စေ…သွေးရည်ကြည်ထဲမှာဒီရောဂါပိုးကိုခုခံတဲ့
Antobody ရှိမရှိစစ်ဆေးကြည့်တဲ့နည်းနဲ့ဖြစ်စေ…သွေးထဲကရောဂါပိုးကိုဓါတ်ခွဲခန်းမှာ
မွေးယူပြီးတော့ … မှန်ပြောင်းအောက်မှာရှာဖွေကြည့်တဲ့နည်းနဲ့ဖြစ်စေရောဂါရှိ မရှိကို
ရှာဖွေနိုင်ပါတယ် …
ကုသခြင်း
ဒီရောဂါ ဟုတ်မဟုတ် ဓါတ်ခွဲခန်းက အဖြေမထုတ်နိုင်ခင်အချိန်လေးအတွင်းမှာပဲ …
အသေအပျောက်တွေဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် ဒီရောဂါလို့ သံသယရှိရုံနဲ့
အထူးဂရုပြုပြီးကိုင်တွယ်ရမှာဖြစ်ပါတယ် …ဓါတ်ခွဲခန်းအဖြေရရှိတဲ့အထိစောင့်မနေပဲ
ရောဂါသံသယရှိတဲ့ကြောင်ကို ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့ညွန်ကြား
ချက်နဲ့အညီ သီးသန့်ခွဲခြားထားပြီး … ကုသမှုကို ချက်ချင်းစတင်ရမှာဖြစ်ပါတယ် …
ဒီရောဂါပိုးကို streptomycin , gentamicin , doxycycline , tetracycline, နဲ့
chloramphenicol. စတဲ့ပဋိဇီဝဆေးတွေနဲ့ နှိမ်နင်းနိုင်ပါတယ်…ကုသမှုကို ရက်သတ္တ
ပတ်နဲ့ချီပြီးတော့ ပြုလုပ်ဖို့လိုအပ်ပါတယ် …
ကြိုတင်ကာကွယ်ခြင်း
ကြောင်တွေအိမ်မလည်အောင်လုပ်ပေးနိုင်ရင်ကောင်းပါတယ်..အဓိကအချက်အနေနဲ့
ကတော့ .. ကြောင်ရဲ့ခန္တာကိုယ်မှာ လှေးကောင်လေးတွေကင်းစင်အောင် ဆောင်ရွက်
ပေးရမှာဖြစ်ပါတယ် …
လူထုကျန်းမာရေး
ကြောင်လှေးကိုက်လို့ လူကိုကူးစက်တာကအများဆုံးဖြစ်ပါ တယ် … ရောဂါဖြစ် နေတဲ့
ကြောင်က လူကိုကုပ်ရင် ဒါမှမဟုတ် ကိုက်ရင်လည်း လူကို ကူးစက် စေနိုင်ပါတယ် …
ရောဂါကြောင့် အဆုပ်ယောင်နေတဲ့ကြောင်က နှာချေရင် ချောင်းဆိုးရင် … ထွက်လာ
တဲ့တံတွေးမှုန်တွေမှာရောဂါပိုးတွေပါနေတာမို့ရှုမိတဲ့လူကိုရောဂါကူးစက်စေနိုင်ပါတယ်…
ဒါကြောင့် ရောဂါဖြစ်တဲ့ကြောင်နဲ့ ထိစပ်မှုရှိတဲ့လူတိုင်း …. ကိုယ့်ရဲ့ မိသားစုဆရာဝန်နဲ့
တိုင်ပင်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ပဋိဇီဝဆေးတွေကို… ဆရာဝန်ရဲ့ ညွန်ကြားချက်
အတိုင်း ကြိုတင်သောက်သုံးထားသင့်ပါတယ် …