«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Apr 2016

အပူဒဏ်သင့်ခြင်း(Heat Stroke)

,
ယခုလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာ ခွေးတွေဟာ အပူဒဏ်သင့်ခြင်း(Heat Stroke)ကိုခံစားရနိုင်ပါတယ်
(၁) ကိုယ်အပူချိန်(104-110)ံF အထိတိုးလာခြင်း
(၂) အလွန်အမင်းမောဟိုက်ခြင်း
(၃) လျှာအရောင် နီရဲရဲ(သို့)ညိုပုပ်ပုပ်ဖြစ်လာခြင်း
(၄) လျှာရည်ပျစ်လာခြင်း(သို့)မထွက်တော့ခြင်း(လျှာနှင့် နှာခေါင်းချွေးခြောက်သွေ့ခြင်း)
(၅) လမ်းလျှောက်လျှင် ခယိုခယိုင်ဖြစ်လာခြင်းနဲ့
(၆) ဝမ်းပျက်ခြင်း စတဲ့လက္ခဏာတွေဖြစ်လာရင် မပေါ့ဆသင့်ပါဘူး
ခွေးတွေမှာချွေးထွက်စေတဲ့ ချွေးလင်းတွေမပါတာကြောင့်  လူတွေလိုချွေးထွက်ခြင်းအားဖြင့် ကိုယ်အပူချိန်ထိမ်း ညှိနိုင်ခြင်းမရှိတဲ့အတွက် အသက်အန္တရာယ်အထိရှိနိုင်လာနိုင်ပါတယ်
အထက်ပါလက္ခဏာများတွေ့ရှိပါက
(၁) ခြေဖဝါးနေရာများအား အရက်ပျံဆွတ်ပေးပါ
လှုပ်ရှားမှုအနည်းဆုံးရှိပါစေ
(၂) ဖြစ်နိုင်လျှင် အဲကွန်းအခန်းတွင်ထားပါ(သို့)အရိပ်ရ၍လေတိုက်သောနေရာတွင်ထားပါ
(၃) ခန္တာကိုယ်ပေါ်သို့ရေဖျန်းပေးပါ(သို့)ရေကူးခိုင်းပါ
(၄) ရေအေးအေးကို အဝတိုက်ပေးပါ
(၅) ကျွမ်းကျင်သူ၏အကူအညီကိုရယူပါ

0 မှတ်ချက်များ to “အပူဒဏ်သင့်ခြင်း(Heat Stroke)”

Post a Comment