«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

9 Aug 2016

ခုခံအားနှင့်ဆက်နွယ်သောသွေးယိုရောဂါ (Immune-Mediate Thrombocytopenia)

,
ဒီရောဂါကတော့ ခွေးနဲ့ကြောင်တွေမှာဖြစ်တတ်တဲ့ရောဂါတစ်မျိုးပါပဲ



ခန္တာကိုယ်ရဲ့ ဒွာရပေါက်တွေအားလုံးမှာ သွေးတွေစို့ထွက်နေရင်ဒီရောဂါဖြစ်ဖို့များပါတယ် ၊
ရောဂါပြင်းထန်ရင်တော့မျက်လုံးအိမ်တို့ နှာခေါင်းတို့ပါးစပ်တို့ကနေ သွေးတွေထွက်နေ
တတ်ပါတယ် ၊ဆီးထဲ ၀မ်းထဲမှာလည်း သွေးပါလာတတ်ပါတယ်

သွေးထွက်တာများသွားရင်တော့ သွေးအားနည်းခြင်း(Anemia)ဖြစ်လာတဲ့အတွက်
မောဟိုက်နေတတ်ပါတယ်


အခန့်မသင့်လို့ ဦးနှောက်ထဲတို့ ကြောရိုးမထဲက အာရုံကြောတို့မှာသွေးယိုရင်တော့ သေတတ်ပါတယ်

ခွေးကြောင်တွေမှာ ဒီလိုသွေးတွေနေရာအနှံ့ယိုစိမ့်ထွက်လာတာဟာသူတို့ရဲ့ ခုခံအားစနစ်က 
တက်ကြွလွန်းလာတာကြောင့်ဖြစ်ပါတယ်

ခုခံအားစနစ်ဒီလိုအခြေအနေဖြစ်လာရခြင်းအကြောင်းကို ပညာရှင်တွေရှာဖွေလို့မရသေးပါဘူး

ဒီအခြေအနေမျိုးဖြစ်လာရင်တော့ အချိန်မီကုသပေးရင် အသက်ရှင်ဖို့အများကြီးမျှော်လင့်နိုင်ပါတယ်

အခြေအနေပေါ်မူတည်ပြီး လိုအပ်ရင်သွေးသွင်းကုသမှုလုပ်ရပါမယ် ၊ ခုခံအားစနစ်ကို
လျှော့ချထားဖို့အတွက်  prednison  စားဆေးတိုက်ရပါမယ်

ဒီဆေးကို azathioprine ဆိုတဲ့စားဆေးနဲ့တွဲတိုက်ရင် အာနိသင်ပိုထိရောက်ပါတယ်  
azathioprine ဆိုတဲ့စားဆေးကို ဈေးကွက်ထဲမှာ (IMMURAN)ဆိုတဲ့နာမည်နဲ့ ၀ယ်ယူရရှိနိုင်ပါတယ်
တစ်ချိန်တည်းမှာ Vincristine ထိုးဆေးကို တစ်ပါတ်တစ်ကြိမ်ထိုးနှံပေးရပါတယ်

ဒါပေမယ့် ဘယ်လောက်ပဲ စနစ်တကျကုသပေမယ့် ၊ ကုသနေချိန်မှာခုခံအားစနစ်က ပုံမှန်ပြန်ဖြစ်မလာပဲ
သွေးထဲမှာ platelet လို့ခေါ်တဲ့သွေးကိုခဲစေတတ်တဲ့အရာတွေ အလုံအလောက်ပြန်ဖြစ်မလာရင်တော့
အသက်အန္တရာယ်ရှိနိုင်တဲ့  ခွေကြောင်ရောဂါတစ်မျိုးဖြစ်ပါတယ်

0 မှတ်ချက်များ to “ခုခံအားနှင့်ဆက်နွယ်သောသွေးယိုရောဂါ (Immune-Mediate Thrombocytopenia)”

Post a Comment