«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Sept 2020

အစာစားသော်လည်းပိန်ချုံးခြင်း(Malabsorption Syndrome)

,

အစာချေပြီးလို့အူထဲကိုရောက်လာတဲ့အာဟာရဓာတ်တွေကို အူရဲ့နံရံတွေကကောင်းကောင်း

စုပ်မယူနိုင်ခြင်းကို Malabsorption Syndrome လို့ခေါ်ပါတယ်။

ဒီရောဂါရဲ့လက္ခဏာတွေကတော့ အန်ခြင်း၊ဝမ်းလျှောခြင်း၊အစာအများကြီးပိုစားလာသော်လည်း

တဖြည်းဖြည်းနဲ့ပိန်ချုံးလာခြင်းနဲ့ နုန်းခွေနေတတ်ခြင်းတို့ပါဝင်ပါတယ် ၊ ဒီရောဂါဖြစ်လာရင် 

အူတွေရဲ့အတွင်းနံရံတွေဟာထူထဲလာပြီး ပတ်ဝန်းကျင်ကဆဲလ်တွေပွားများထူထပ်လာမှုကြောင့်

အစာအာဟာရတွေကိုပို့ဆောင်ပေးတဲ့ပြန်ရည်ကြောတွေဟာ လည်းပိတ်ဆို့နေတဲ့အတွက် 

 အစာစုပ်ယူမှုကိုပုံမှန် အတိုင်းဆောင်ရွက်နိုင်မှုမရှိတော့တာကိုတွေ့ရပါတယ်

 

ဒီလိုဖြစ်လာစေတဲ့အကြောင်းရင်းတွေကများစွာရှိနိုင်ပါတယ်၊ကပ်ပါးကောင်တွေ၊ဘက်တီးရီးယားပိုး

တွေကြောင့်ဖြစ်နိုင်သလို၊ စားသောက်ရတဲ့အစာတွေကြောင့်လည်းဖြစ်တတ်ပါတယ်

တခါတလေကိုယ်စွမ်းအားစနစ်ကြောင့်လည်းဖြစ်တတ်ပါတယ်ဒီလိုဖြစ်နေခြင်းကိုကုသပေးဖိုင်ဖို့ 

ဆိုတာ အကြောင်းရင်းကိုသိမှာသာပြုပြင်ပေးနိုင်မှာဖြစ်တဲ့အတွက် ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ 

အကြောင်းရင်းကိုတိတိကျကျသိနိုင်ဖို့အတွက် စစ်ဆေးစမ်းသပ်မှုတွေအများကြီးလုပ်ကြည့်ရလေ့ 

ရှိပါတယ်၊  သွေးစစ်ဆေးခြင်း၊ဝမ်းစစ်ဆေးခြင်း၊ ဝမ်းဗိုက်ကိုဓာတ်မှန်ရိုက်စစ်ဆေးခြင်းနဲ့ အူထဲက 

အသားစကိုယူပြီး အူထဲမှာတည်ဆောက်ဖြစ်ပေါ်နေပုံတွေကိုစစ်ဆေးရတဲ့ Histopathology 

စစ်ဆေးနည်းတွေလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ် ၊ တွေ့ရှိလာတဲ့အဖြေပေါ်မှာမူတည်ပြီး 

သက်ဆိုင်ရာကုထုံးနဲ့ကုသမှသာ သက်သာပျောက်ကင်းပြီးမူလအတိုင်း ကျန်းကျန်းမာမ ဝဝဖြိုးဖြိုး 

ပြန်ဖြစ်လာမှာဖြစ်ပါတယ်။

0 မှတ်ချက်များ to “အစာစားသော်လည်းပိန်ချုံးခြင်း(Malabsorption Syndrome) ”

Post a Comment