«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

19 Jul 2016

အေရျပားမိႈစဲြေရာဂါ (Malassezia pachydermatis)

,
Read in Unicode
ခွေးတွေမှာ  အရေပြားမှိုစွဲတဲ့ရောဂါဟာ Malassezia pachydermatis. လို့ခေါ်တဲ့ yeast  ပိုးတစ်မျိုး 
အရေပြားပေါ်ရောက်ရှိစွဲကပ်နေလို့ ဖြစ်ပါတယ်
ခွေးရဲ့ကိုယ်ပေါ်မှာ ဒီအကောင်လေးတွေဟာ အနည်းအကျဉ်းတော့သဘာဝအတိုင်းရှိနေတတ်ပါတယ်
ဒါပေမယ့် ဘာမှအန္တရာယ်မပေးပါဘူး
ရောဂါဖြစ်လာဖို့အတွက်ဟာ ကောင်ရေအများကြီးရှိလာမှသာရောဂါအဆင့်အထိဖြစ်လာနိုင်တာပါ
ဒီအကောင်တွေပွားများလာဖို့ဆိုတာကလည်း မလွယ်ပါဘူး သူတို့တွေပေါက်ပွား များပြားလာဖို့
သဘာဝပတ်ဝန်းကျင်ကအတားအဆီးလိုဖြစ်နေတဲ့အတွက် တော်ရုံနဲ့တော့ ရောဂါအဆင့်အထိ
ရောက်လာဖို့ အတော်လေးကိုမလွယ်လှပါဘူး

မတော်တဆ ဒီအကောင်တွေပွားများလာဖို့အခြေအနေလေးကို ရရှိလိုက်တာနဲ့ သူတို့ရဲ့ပွားများနှုန်းက အလွန်လျှင်မြန်ပါတယ် ၊ ရက်ပိုင်းအတွင်း ကောင်ရေအမျာအပြားဖြစ်လာပြီး အရေပြားမှိုစွဲရောဂါဖြစ်လာ
ပါတော့တယ်။

ခွေးတွေဟာလူတွေလိုချွေးထွက်တာမျိုးမရှိပေမယ့် သူတို့ရဲ့အရေပြားကနေ အနံ့အသက်မကောင်းတဲ့
အဆီတစ်မျိုး နည်းနည်းချင်းထွက်နေလေ့ရှိပါတယ်. . ဒါကတော့ခွေးတွေရဲ့သဘာဝပါပဲ

အဲဒီလိုအရေပြားကနေ ပုံမှန်အတိုင်းထွက်နေတဲ့အဆီပမာဏဟာ ရုတ်တရက်များလာခြင်း (Seborrhea)
ကြောင့်အရေပြားမှိုစွဲတဲ့ရောဂါဖြစ်လာတာများပါတယ်
သန့်ရှင်းရေး ပုံမှန်မလုပ်ပေးနိုင်တာ ၊ အာဟာရမကောင်းလို့ခွေးရဲ့ခုခံစွမ်းအားစနစ်ကျတာမျိုးနဲ့ 

ယားယံစေတတ်တဲ့ အမှုန်အမွှားတွေထိတွေ့မိတာတွေကြောင့်လည်း အရေပြားမှိုရောဂါစွဲကပ်နိုင်ပါတယ်

ရောဂါဖြစ်ပွးမှုရဲ့အကြောင်းရင်းကို တိတိကျကျသိမှ ထိထိရောက်ရောက်ကုသနိုင်မှာဖြစ်တဲ့အတွက်
ရာဂါရှာဖွေရေးကိုစနစ်တကျပြုလုပ်ရပါတယ် Malassezia pachydermatis. လို့ခေါ်တဲ့ yeast ပိုးကြောင့်ဖြစ်တဲ့ အရေပြားမှိုစွဲတဲ့ရောဂါဟုတ်/မဟုတ် သိနိုင်ဖို့အတွက်
ခွေးရဲ့အရေပြားကို ခြစ်ပြီးဆေးရည်ဆွတ်ထားတဲ့ဂွမ်းစနဲ့သုပ်ယူရပါတယ် ၊ ပါလာတဲ့အရာတွေကို
အဏုကြည့်မှန်ပြောင်း(microscope)အောက်မှာကြည့်ရင် ဒီရောဂါဟုတ်မဟုတ်ခွဲခြားသိရှိနိုင်ပါတယ် တစ်ချို့အရေပြားရောဂါတွေမှာဆိုရင် အရေပြားအနည်းငယ်ကိုလှီးဖြတ်ယူပြီးမှ ရောဂါပိုးကို
စစ်ဆေးရတာမျိုးလည်းရှိပါတယ်၊ဒါကတော့ စစ်ဆေးသူကလိုအပ်သလိုဆုံးဖြတ်ရမှာဖြစ်ပါတယ် အရေပြားမှိုရောဂါဖြစ်တဲ့အခါ စားဆေးတွေနဲ့ကုသပေးလို့လည်းရပါတယ် ၊ ဒီရောဂါဖြစ်ပွားစေတဲ့
အရေပြားမှိုတွေကိုသုပ်သင်ပေးနိုင်တဲ့လိမ်းဆေးတွေလည်းရှိပါတယ် မိမိခွေးမှာဖြစ်ပွားနေတဲ့အခြေအနေက ခန္တာကိုယ်အနှံ့မှာ ဆိုးဆိုးရွားရွားဖြစ်နေရင်တော့
လိမ်းဆေးကောတိုက်ဆေးကောနှစ်မျိုးစလုံးအသုံးပြုသင့်ပါတယ် . .
တစ်နေရာနှစ်နေရာလောက်ကွက်ပြီးဖြစ်နေတာမျိုး အခြေအနေက တအားမဆိုးရင်တော့
လိမ်းဆေးလောက်နဲ့ပဲကုသသင့်ပါတယ်
အခြေအနေဆိုးလို့ တိုက်ဆေးကျွေးရမယ်ဆိုရင် ketoconazoleစားဆေးနဲ့ itraconazole စားဆေးတွေကို
တိုက်ကျွေးကုသနိုင်ပါတယ်
ဘယ်ဆေးတိုက်သင့်တယ် တစ်နေ့ကိုပမာဏဘယ်လောက်တိုက်မယ်ဘယ်လောက်ကြာကြာတိုက်ရမယ်
ဆိုတာကတော့ တိရစ္ဆာန်ရောဂါကုဆရာဝန်က ခွေးရဲ့ကျန်းမာရေးအခြေအနေရောဂါရဲ့ ပြင်းထန်မှု
အခြေအနေတွေကိုကြည့်ပြီး ချိန်ဆဆုံးဖြတ်ပေးပါလိမ့်မယ်                                                  
ခန္တာကိုယ်အနှံ့မှာ ဆိုးဆိုးရွားရွားဖြစ်နေရင် မှိုသတ်ဆေးပါဝင်တဲ့ရေချိုးဆပ်ပြာ ရှန်ပူတစ်မျိုးမျိုးနဲ့ရေချိုးပေးဖို့
တိရစာ]္ဆန်ရောဂါကုဆရာဝန်တွေကညွှန်ကြားလေ့ရှိပါတယ်

ခွေးရဲ့အရေပြားအဆီ အထွက်များလို့ဖြစ်လာတဲ့ အရေပြားမှိုရောဂါမျိုးဟာသေသေချာချာကုသလို
့ပျောက်ကင်းသွားရင်တောင်မှပြန်ဖြစ်တတ်တာမို့ ဖြစ်လာရင်ပြန်လည်ကုသပေးဖို့လိုအပ်ပါတယ်

ဒီရောဂါကို အောက်ပါကုထုံးများနဲ့ကုသပေးနိုင်ပါတယ်

(၁) – Ketoconazole ထိရောက်မှုတော့နည်းပါတယ်၊ရေရှည်စွဲကုရတဲ့ရောဂါမျိုးဖြစ်တာမို့ အကုန်အကျသိပ်မခံနိုင်သူတွေအဖို့သုံးသင့်တဲ့ဆေးဖြစ်ပါတယ်၊ဒီစားဆေးကို (၂)လလောက်စွဲတိုက်ရပါမယ်
(၂) – Itraconazole  ထိရောက်မှုရှိပြီး၊ဈေးလည်းကြီးပါတယ်၊ဒီစားဆေးကို(၂)လလောက်တိုက်ရပါမယ်
(၃) - Corticosteroids ထိုးဆေး (မှိုရောဂါပိုးတွေကို သုပ်သင်ရတဲ့အခါမှာ အသုံးပြုရတဲ့ဆေးတွေဟာ 
လည်မျိုက လေရှုပြွန်ကိုယောင်ယမ်းစေတဲ့အတွက် အသက်ရှုကျပ်လာတတ်ပါတယ်၊ အဲဒီလိုမဖြစ်အောင် 
ကုသမှုအစပိုင်းကာလမှာအထိမ်းဆေးအနေနဲ့ တွဲပေးရတဲ့ဆေးဖြစ်ပါတယ်။
ဒီဆေးကိုကြာရှည်တော့မပေးရပါဘူးရေရှည်စွဲပေးမိရင် ဒီဆေးကြောင့်ပဲရောဂါပိုးတွေက ပိုမိုပွားများလာ
တတ်ပြီးရောဂါအခြေအနေဟာအရမ်းဆိုးသွားတတ်ပါတယ်)
ကုသမှုတစ်လမြောက်တွင် တွေ့မြင်ရသောအခြေအနေ


0 မှတ်ချက်များ to “အေရျပားမိႈစဲြေရာဂါ (Malassezia pachydermatis)”

Post a Comment