«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

9 Sept 2020

နှာရည်ကျခြင်း(Nasal discharge in dog)

,
ခွေးတွေရဲ့သဘာဝအရ ထိတ်လန့်ကြောက်ရွံ့တဲ့အခါမျိုးမှာ နှာရည်ထွက်တတ်ပေမယ့် နှာခြေလေ့မရှိပါဘူး အကြောက်ပြေသွားတဲ့အခါနှာရည်ထွက်တာလည်း ပြန်ရပ်သွားလေ့ရှိပါတယ်
နှာရည်ထွက်နေတာက နာရီပေါင်းများစွာကြာသည်အထိ ရပ်မသွားဘူးဆိုရင်တော့ ရောဂါတစ်ခုခုရဲ့နိမိတ် လက္ခဏာတစ်ခုခုဖြစ်ဖို့များတယ်ဆိုတာကိုသိထားသင့်ပါတယ်
နှာခေါင်းကိုယားယံစေတတ်တဲ့ဗိုင်းရပ်ရောဂါတွေမှာ ထွက်ကျလာတဲ့နှာရည်ဟာကျဲနေတတ်ပြီး မှိုရောဂါနဲ့ ဘက်တီးရီယားပိုးကြောင့်ဖြစ်ပွားတဲ့ရောဂါတွေမှာဆိုရင် ထွက်ကျလာတဲ့နှာရည်ဟာပျစ်တွဲနေတတ်ပါတယ်
အကယ်၍ နှာခေါင်းတစ်ဖက်တည်းကနေနှာရည်တွေကျနေတာမျိုးဆိုရင်တော့ နှာခေါင်းထဲကိုပြင်ပက ပစ္စည်းတစ်ခုခုဝင်နေတာမျိုးနဲ့ နှာခေါင်းထဲမှာအကြိတ်တည်းနေတာမျိုးတွေဖြစ်တတ်ပါတယ်
ခွေးတွေမှာနှာရည်ကျတတ်တဲ့အခြေအနေအမျိုးမျိုးနဲ့ နှာရည်ကျတတ်တဲ့ရောဂါအချို့ကိုအောက်မှာစုစည်း ဖော်ပြအပ်ပါတယ်
ဗိုင်းရပ်ရောဂါများ
-      သားပျက်သားလျှောရောဂါ
-      အရည်ကြည်ဖုပေါက်ရောဂါ
-      ခွေးတုတ်ကွေးရောဂါ (ချောင်းဆိုး-ဖျား-အဝါရောင်နှာရည်)
-      ခွေးကျောက်ရောဂါ (ဖျား-မျက်ရည်ကျ-ချောင်းခြောက်ဆိုး-သွားကြိတ်)
ဘက်တီးရီးယားရောဂါများ
-      Pneumonia -အဆုတ်ပွရောဂါ (ချောင်းဆိုး-ဖျား-အသက်ရှူမြန်)
-      ခွေးချောင်းခြောက်ဆိုးရောဂါ
မှိုရောဂါများ 
-      Aspergillus-      နှာရည်ယိုအဆုပ်ပွရောဂါ
-      Rhinosporidium
-      Penicillium spp:
ကပ်ပါးရောဂါများ  
     -       Pneumonyssus caninum (nasal mite), 
     - Eucoleus boehmi
    - Cuterebra spp:)
အခြားအခြေအနေများ
     - Oral-nasal fistula(နှာရည်တစ်ဖက်တည်းကျ-အစာစားပြီးလျှင်နှာချေတတ်)- Allergic rhinitis (နှာရည်ကျဲ) 
     - Rhinitis and sinusitis (နှာချေ-အနံ့ပြင်း)

0 မှတ်ချက်များ to “နှာရည်ကျခြင်း(Nasal discharge in dog)”

Post a Comment