«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2013

အမအင်္ဂါနီယိုပလားစီးယားရောဂါ(Vaginal Neoplasia)

,
ခွး အမတွေရဲ့ မျိုးပွားအင်္ဂါထိပ်ဝမှာဖြစ်ပွားတတ်တဲ့ ဝေဒနာတစ်မျိုးပါ ... တစ်ချို့က ဒီလိုဖြစ်နေတာကို သားအိမ်ထွက်တာလို့ထင်ကြပါတယ် ... အမှန်ကတော့ သားအိမ်ထွက်နေတာလည်းမဟုတ်ပါဘူး.... ခွေးတွေမှာဖြစ်ပွားတဲ့ ကာလသားရောဂါလည်းမဟုတ်ပါဘူး ... လူကိုလည်း ကူးစက်နိုင်ခြင်းမရှိပါဘူး ....အဲဒီနေရာမှာရှိတဲ့   ဆဲ(လ)တွေဟာ ... ပုံမှန်မဟုတ်တဲ့အနေအထားမျိုးနဲ့ ကြီးထွားလာတဲ့အခြေအနေမျိုးဖြစ်ပါတယ် ... ပိုပြီးသေချာအောင်အဲဒီနေရာမှာရှိတဲ့အသားစကို ယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရပါမယ် .... ကျွမးကျင်တဲ့တိရစ္ဆာန်ရောဂါကုဆရာဝန်တွေအနေနဲ့ကတော့
ကိုင်တွယ်စမ်းသပ်ကြည့်ရုံနဲ့ အလွယ်တကူခွဲခြားသိနိုင်ကြပါတယ် .... အဲဒီနေရာက 



ဆဲ(လ)တွေဟာပုံမှန်အတိုင်းရှိနေတယ် ဆိုရင်တော့...ပုံမှန်ခွဲစိပ်ကုသတဲ့နည်း Normal surgical procedure နဲ့ပဲ ကုသရပါမယ်....Neoplasam လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ဆဲ(လ)တွေ... တွေ့နေရင်တော့ vincristine sulphate ဆိုတဲ့ဆေးကိုထိုးနှံပေးရပါတယ် ... ဒီဆေးဟာ ကင်ဆာရောဂါတွေကို ကုသတဲ့ဆေးတစ်မျိုးလည်းဖြစ်ပါတယ် ၀ါသန်းသန်း ပုံဆောင်ခဲလေး တွေပါ...ဆေးထိုးမိုးရေနဲ့ဖျော်စပ်ပြီး ...အကြောဆေးအဖြစ်ထိုးနှံ ပေးရတာဖြစ်ပါတယ်....တိရစ္ဆာန်ရောဂါကုဆရာဝန်တွေအနေနဲ့ဒီဆေးကို ကိုင်တွယ်ကုသတဲ့အခါမှာအထူးသတိပြုကြရပါတယ်...ဒီဆေးဟာထိတွေ့မိတဲ့နေရာကိုအလွန်ဘေးဥပါဒ်
ဖြစ်စေတတ်တဲ့ အတွက်...မတော်တဆ မျက်စေ့ထဲဝင်သွားရင် မျက်စေ့ကန်းသွားနိုင်ပါတယ်...အရေပြားကို ထိမိရင်တောင်အနာဖြစ်စေပါတယ်...ဆေးကို သုံးတော့မယ်ဆိုရင် ..လက်အိတ် တို့ အကာအကွယ်ဝတ်စုံတို့..မျက်နှာဖုံးစွပ် တို့လို အကာအကွယ်ပစ္စည်းတွေကို အတိအကျဝတ်ဆင်ပြီးမှသာ ကိုင်တွယ်အသုံးပြုကြရပါတယ် ...

0 မှတ်ချက်များ to “အမအင်္ဂါနီယိုပလားစီးယားရောဂါ(Vaginal Neoplasia)”

Post a Comment