«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Oct 2020

Macrolides အုပ်စုပဋိဇီဝဆေးများ

,

Macrolides  အုပ်စုပဋိဇီဝဆေးတွေဟာ မြေကြီးထဲမှာသဘာဝအတိုင်းရှိနေတတ်တဲ့

Streptomyces erythreus ဆိုတဲ့ဘက်တီးရီယားပိုးတွေကနေ ထုတ်ယူရရှိတဲ့ဆေးတွေဖြစ်ပါတယ်၊

ဒီအုပ်စုဝင်ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားပိုးတွေရဲ့ခန္တာကိုယ်ထဲမှာ ပရိုတင်းအသားဓာတ်

တည်ဆောက်လို့မရအောင် တားဆီးနှောင့်ယှက်ခြင်းအားဖြင့်နှိမ်နင်းသုပ်သင်ပေးတာဖြစ်ပါတယ်

၊အဓိကအားဖြင့် အပေါင်းလက္ခဏာဆောင်ဘက်တီးရီယားပိုးတွေဖြစ်တဲ့  mycoplasma နဲ့ 

chlamydia စတဲ့ရောဂါပိုးတွေကိုသုပ်သင်နိုင်ပါတယ်၊ ဒီဆေးတွေဟာ ဆေးချိန်ပမာဏကိုပုံမှန်ပေး

ရင် ဘက်တီးရီးယားပိုးတွေရဲ့ပွားများမှုကိုတားဆီးပေးနိုင်ပြီး ဆေးချိန်ပမာဏအများကြီးပေးရင်

တော့ ရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိတဲ့ဆေးတွေ ဖြစ်ပါတယ်။

 

Macrolides  အုပ်စုပဋိဇီဝဆေးတွေကတော့

 

Erythromycin (E.E.S. Granules)


Azithromycin (Zithromax)


Clarithromycin (Biaxin XL)


Fidaxomicin  (Dificid)နဲ့


Roxithromycin. တို့ဖြစ်ပါတယ်

0 မှတ်ချက်များ to “Macrolides အုပ်စုပဋိဇီဝဆေးများ”

Post a Comment