«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

4 Oct 2020

ကွီနိုလုန်းအုပ်စုပဋိဇီဝဆေးများ(Quinolones)

,

ကွီနိုလုန်းအုပ်စုပဋိဇီဝဆေးတွေဟာလည်း ဘက်တီးရီးယားရောဂါပိုးတွေကိုသုပ်သင်နှိမ်နင်းနိုင်တဲ့ 

 

ဆေးတွေဖြစ်ပါတယ်၊ကွီနိုလုန်းအုပ်စုမှာ ဆေးအမျိုးအစား(၅)မျိုးရှိပါတယ်၊ fluorine. Quinolones 

 

နဲ့ fluoroquinolones စတဲ့ဆေးတွေဟာ ကွီနိုလုန်းအုပ်စုဆေးတွေကနေအခြေခံပြီးထပ်မံပေါ်ထွက်

 

လာတဲ့ဆေးတွေသာဖြစ်ပါတယ်၊ ဒါပေမယ့်အချို့ကတော့ အဲဒီဆေးတွေကိုလည်းကွီနိုလုန်းအုပ်စုဝင်

 

ဆေးတွေအဖြစ်သာ သတ်မှတ်ကြပါတယ်။

 

 

ကွီနိုလုန်းအုပ်စုဆေးတွေဟာ ဘက်တီးရီးယားရောဂါပိုးတွေမှာရှိနေတဲ့ topoisomerase IV နဲ့DNA 

 

gyrase အင်ဇိုင်း(၂)မျိုးကိုဖျက်ဆီးပစ်နိုင်တဲ့အတွက် ဘက်တီးရီးယားရောဂါပိုးတွေဟာDNA အသစ်

 

တည်ဆောက်လို့မတော့ပဲသေဆုံးကုန်ကြတာဖြစ်ပါတယ်၊ ဒါကြောင့် Quinolones ကွီနိုလုန်းအုပ်စု 

 

ဆေးတွေနဲ့ fluoroquinolones အုပ်စုဆေးတွေဟာ ဘက်တီးရီးယားရောဂါပိုးအတော်များများကို 

 

နှိမ်နင်းနိုင်တဲ့ပဋိဇီဝဆေးတွေဖြစ်ပါတယ်။

 

 

ကွီနိုလုန်းအုပ်စုဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ အန်ခြင်း ၊ မူးဝေခြင်း၊ဝမ်းပျက်စေခြင်း

 

စတာတွေဖြစ်တတ်ပါတယ် လူတွေမှာဆိုရင် ကွီနိုလုန်းအုပ်စုဆေးတွေကို အသက်(၁၈)နှစ်အောက် 

 

လူငယ်တွေကို ရောဂါအခြေအနေအရမ်းဆိုးပြီး အခြားဆေးတွေနဲ့ကုသလို့မရတော့မှသာအသုံးပြု  

 

သင့်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ကွီနိုလုန်းအုပ်စုဆေးတွေဟာ ခန္တာကိုယ်ကိုထမ်းထားတဲ့ 

 

အဆစ်တွေကိုပျက်စီးစေတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးအဖြစ် အရွတ်ကြောတွေ ယောင်ယမ်း

 

ခြင်းနဲ့ပျက်စီးခြင်းတွေဖြစ်စေတတ်လို့ဖြစ်ပါတယ်။

 

အသုံးများတဲ့ကွီနိုလုန်းအုပ်စုပဋိဇီဝဆေးတွေကတော့

 

Ciprofloxacin-ဒီဆေးကို Cipro XR , Cipro နဲ့  Proquin XR စတဲ့အမည်တွေနဲ့ဝယ်ယူရရှိနိုင်ပါ 

တယ်၊  Cipro iv အမည်နဲ့ အကြောဆေးအဖြစ်လည်းဝယ်ယူရရှိနိုင်ပါတယ်၊ ဒီဆေးကိုအသက်ရှူ

လမ်းကြောင်းဆိုင်ရာရောဂါများ၊ဆီးလမ်းကြောင်းဆိုင်ရာရောဂါများမှာတိုက်ကျွေးနိုင်ပါတယ်၊

အကြောဆေးအနေနဲ့သွင်းရင်တော့ပုလင်းကြီးထဲမှရောစပ်ပြီး‌ဖြေးဖြေးလေးသွင်းပေးရပါတယ်။

 

Cinoxacin- ဒီဆေးကို Cinobac အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။

 

Delafloxacin - ဒီဆေးကို Baxdela အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။

 

Gemifloxacin - ဒီဆေးကို Factive အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။

 

Gatifloxacin- ဒီဆေးကို  Tequin အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။

 

Levofloxacin - ဒီဆေးကို Cipro နဲ့  Levaquin အမည်တွေနဲ့ဝယ်ယူရရှိနိုင်ပါတယ်၊ အသက်ရှူ 

လမ်းကြောင်းဆိုင်ရာရောဂါတွေကိုကုသရာမှာ Ciprofloxacin-ဆေးထက်ပိုပြီးထိရောက်ပါတယ်။

 

Moxifloxacin-ဒီဆေးကို Avelox သောက်ဆေး Avelox အကြောဆေးအဖြစ်ဝယ်ယူရရှိနိုင်ပါတယ်။

 

Norfloxacin - ဒီဆေးကို Norfloxacin(ဆေးပြား), Utinor(ဆေးပြား), Noroxin အမည်တွေနဲ့ဝယ် 

ယူရရှိနိုင်ပါတယ်ဒီဆေးကို ဆီးလမ်းကြောင်းဆိုင်ရာရောဂါများမှာအသုံးပြုနိုင်ပါတယ်။

 

Ofloxacin - ဒီဆေးကို Floxin , Taruvid(ဆေးပြား)အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်ဒီဆေးကို 

ဆီးလမ်းကြောင်းဆိုင်ရာရောဂါများမှာအသုံးပြုနိုင်ပါတယ်။

 

Nalidixic acid - ဒီဆေးကို  Negram(ဆေးပြား), Mictral(အမှုန့်ထုပ်), Uriben(ဆေးရည်) အမည် 

တွေနဲ့ဝယ်ယူရရှိနိုင်ပါတယ်ဒီဆေးကို ဆီးလမ်းကြောင်းဆိုင်ရာရောဂါများမှာအသုံးပြုနိုင်ပါတယ်။

 

Sparfloxacin- ဒီဆေးကို  Zagam  အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။

  

Lomefloxacin ဒီဆေးကို  Maxaquin အမည်တွေနဲ့ဝယ်ယူရရှိနိုင်ပါတယ်။

 

Trovafloxacin - ဒီဆေးကို  Trovan အမည်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။


0 မှတ်ချက်များ to “ကွီနိုလုန်းအုပ်စုပဋိဇီဝဆေးများ(Quinolones)”

Post a Comment