«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Oct 2020

ကြွက်သားများတွင်သန်ကောင်စွဲကပ်ခြင်း(TRICHINOSIS )

,

TRICHINOSIS  ဆိုတာက Trichina spiralis  ဆိုတဲ့သန်လုံးကောင်လေးတွေစွဲကပ်တဲ့ရောဂါကို 

ဆိုလိုတာဖြစ်ပါတယ် ၊ ပုံမှန်အားဖြင့်ဒီသန်ကောင်အမျိုးအစားဟာ ကြွက် ၊ မြင်းနဲ့အသားစားတဲ့ 

ငှက်တွေမှာစွဲကပ်ဖြစ်ပွားလေ့ရှိတဲ့သန်ကောင်အမျိုးအစားဖြစ်ပေမယ့် လူအပါအဝင် ဝက်၊ကြွက်နဲ့ 

နို့တိုက်သတ္တဝါအတော်များများကိုကူးစက်စေတတ်ပါတယ်။


ကျက်အောင်ချက်မထားတဲ့ဝက်သားနဲ့ အသားစားတောရိုင်းတိရစ္ဆာန်တွေရဲ့အသားထဲမှာTrichina 

spiralis သန်ကောင်လောင်းလေးတွေဟာမသေသေးတဲ့အတွက်လူတွေစားမိရင်ဖြစ်စေခွေးကြောင် 

တွေကိုကျွေးမိရင်ဖြစ်စေကူးစက်ခံရနိုင်ပါတယ်။

 

Trichina spiralis  သန်လုံးကောင်မျိုးဉတွေပါတဲ့အသားကိုစားမိတဲ့အခါ အူလမ်းကြောင်းထဲကနေ 

တဆင့် ခန္တာကိုယ်အနှံ့ကိုပြန့်နှံ့ရောက်ရှိသွားကြပြီးအသားစိုင်တွေထဲမှာမျိုးဉပုံစံနဲ့ခိုအောင်းနေထိုင် 

ကြပါတယ်၊ ဒီသန်ကောင်တွေဟာ အသားစိုင်တွေထဲမှာ မျိုးဉပုံစံပြောင်လဲပြီး နှစ်ပေါင်းများစွာ 

အသက်ရှင်နေနိုင်ကြတယ်လို့ဆိုပါတယ်။

 

ဒီသန်ကောင်မျိုးဉတွေပါနေတဲ့အသားကိုစားမိလိုက်လို့ ၊ စားသောက်တဲ့လက်ခံကောင်ရဲ့ အူထဲကို 

ရောက်လာတဲ့အခါ သန်ကောင်ပေါက်ကလေးတွေဟာမျိုးဉထဲကနေပြန်ထွက်လာကြပြီးအသားစိုင် 

တွေထဲမှာသွားရောက်ခိုအောင်းနေထိုင်ကြပြန်ပါတယ်။


ခွေးကြောင်တွေမှာဒီသန်ကောင်စွဲကပ်ရင်ရောဂါလက္ခဏာရယ်လို့ထူးထူးထွေထွေပြသလေ့မရှိပါဘူး၊ 

ကြွက်အပါအဝင်တောရိုင်းတိရစ္ဆာန်ရဲ့အသားကိုကျွေးခြင်းနဲ့ကျက်အောင်ချက်မထားတဲ့ဝက်သားကို 

ကျွေးမိခဲ့ရင်တော့ ဒီသန်ကောင်စွဲကပ်နေကြောင်းသံသယအဖြစ်ယူဆနိုင်ပါတယ်၊ ဒါပေမယ့်

ဒီသန်ကောင် စွဲကပ်နေတဲ့ခွေးကြောင်တွေမှာတော့ ထူးထူးခြားခြားရောဂါလက္ခဏာတွေပြသလေ့ 

မရှိတဲ့အတွက်ကုသလေ့လည်းမရှိကြပါဘူး။

 

လူတွေကို ဒီသန်ကောင်တွေအများကြီးကူးစက်ခံရရင်တော့အဖျားအလွန်ကြီးတတ်ပြီးတခါတရံမှာ 

သေဆုံးတဲ့အထိဖြစ်တတ်ပါတယ်၊

 

ဒီသန်ကောင်စွဲကပ်ခြင်းမှကင်းဝေးစေဖို့အတွက်ဆိုရင် ဝက်တွေကိုကျွေးမယ့်သီးနှံတွေကို အပူချိန်

212°F (100°C) မှာ နာရီဝက်ခန့်ချက်ပြုပ်ပြီးမှကျွေးမွေးသင့်တဲ့အပြင် ၊ ဝက်သားကို 160°F (71°C) 

အထိအပူပေးချက်ပြုပ်ပြီးမှသာစားသောက်ခြင်း ၊ ခွေးကြောင်တွေကိုကျွေးမွေးခြင်းပြုသင့်ပါတယ်။

0 မှတ်ချက်များ to “ကြွက်သားများတွင်သန်ကောင်စွဲကပ်ခြင်း(TRICHINOSIS )”

Post a Comment