«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

29 Aug 2012

”ဘာမန်” ကြောင်မျိုး (Birman )

,


”ဘာမန်ကြောင်ကလေး”တစ်ကောင်ကို မြင်လိုက်မယ်ဆိုရင်ကြောင်ချစ်တတ်သူတစ်ယောက် အဖို့တော့ အသက်ရှုမှားသွားလောက်အောင်ကို မင်သက်မိသွားလိမ့်မယ်လို့ဆိုကြပါတယ် …. အမွှေးထူထူ ရှည်ရှည်လေးနဲ့ သူ့ရဲ့ နီလာရောင် ပြာလဲ့လဲ့မျက်ဝန်းလေးဟာ အတော်လေးစွဲမက်ဖွယ်ကောင်းလှပါတယ်
…..သူ့ရဲ့ခန္တာကိုယ်ဟာ ပိုးသားလိုနူးညံ့တဲ့ရွှေရောင်အမွှေအမျှင်တွေနဲ့ဖုံးအုပ်ထားပြီးတော့ ခြေလေးချောင်းစလုံးမှာတော့ အဖြူရောင်လက်အိပ်ကလေးတွေစွပ်ထားသလို ထင်ရပါတယ် … နောက်ခြေထောက်နှစ်ချောင်းမှာဆိုရင် အဖြူရောင်ခြေအိပ်ကို ကြိုးနဲ့စည်းနှောင်ထားသယောင် ထင်မှတ်မှားစရာအရောင်လေးလို အမွှေးအမျှင်တစ်ချို့ကအလိုက်သင့်ကလေးရှိနေပြန်ပါ သေးတယ် … အံ့သြဖွယ်တိုက်ဆိုင်မှုကလေးပေါ့ ….
အံ့သြမသွားပါနဲ့ဦး … အဲဒီကြောင်ကလေးတွေရဲ့ မူလဘူတ ဒေသကတော့မြန်မာနိုင်ငံကပါတဲ့ …ဒီကြောင်ကလေးတွေနဲ့ပတ်သက်လို့စိတ်ဝင်စားစရာဒဏ္ဍာရီဆန်ဆန်ပုံပြင်တွေအများအပြားရှိပါ တယ် …..                                                                                                                  
 ရှေးအခါကဘုန်းတော်ကြီးကျောင်းမှာမွေးမြူထားတဲ့မျက်လုံးအ၀ါရောင်နဲ့ကြောင်ဖြူလေးတစ်ကောင်ရှိပါသတဲ့ … သူ့သခင်ဘုန်းတော်ကြီး ပျံလွန်တော်မူခါနီးအချိန်မှာ သံယောစဉ်ကြီးမားရှာတဲ့ ဒီကြောင်ဖြူလေးဟာ အစာရှာဖို့တောင် မသွားနိုင်တော့ပဲ သခင်ဘုန်းတော်ကြီးရဲ့အပါးမှာ တစ်ချိန်လုံးထိုင်လျှက် စောင့်ရှောက်ရင်းဖူးမြော်နေခဲ့ပါတယ် …. တဖြည်းဖြည်းနဲ့ ကြောင်ကလေးရဲ့ဦးခေါင်းပိုင်း အမြီးနဲ့ ခြေလက်တွေဟာ အညိုရင့်ရောင်ပြောင်းလာပါတယ် … ဒါပေမယ့် ကိုယ်လုံးပေါ်ကအမွှေးအမျှင်တွေကတော့ သခင်ဘုန်းတော်ကြီးရဲ့ သင်္ကန်းအရောင်ဖြစ်တဲ့ ရွှေရောင်အဖြစ်သို့ပြောင်းလာပါတယ် … သံယောဇဉ် မေတ္တာတရားနဲ့ဖူးမြော်ခဲ့တဲ့ မျက်ဝန်းအစုံကတော့ နီလာရောင် ပြာလဲ့လဲ့မျက်ဝန်းလေးအဖြစ်ပြောင်းသွားတယ်လို့ဆိုပါတယ် …သခင်ဘုန်းတော်ကြီးရဲ့ရင်ခွင်ပေါ်တက်ရောက်ကာ နှိပ်နယ်ပြုစုခဲ့တဲ့ ခြေလက်တွေကျတော့ စင်ကြယ်မှုရဲ့သင်္ကေတဖြစ်တဲ့ အဖြူရောင်သို့ပြောင်းသွားပြန်ပါသတဲ့…
ခုတော့..ဒီကြောင်မျိုးတွေကို မြန်မာနိုင်ငံမှာ ရှားရှားပါးပါးပဲတွေ့နိုင်တော့တယ် … နိုင်ငံခြားသားတွေက ခေါ်ယူသွားပြီးမွေးမြူခဲ့ကြပုံရပါတယ်…၁၉၂၀ခုနှစ်မှာပြင်သစ်နိုင်ငံမှာစတင်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ် … ၁၉၆၆ ခုနှစ်မှာတော့ အင်္ဂလန် နိုင်ငံမှာမွေးမြူနေကြပြီဖြစ်ပါတယ် … ၁၉၆၇ ခုနှစ်ကျတော့ အမေရိကန်နိုင်ငံကိုရောက်ရှိမွေးမြူခဲ့ကြတာဖြစ်ပါတယ် … ”ဘာမန်ကြောင်ကလေး”တွေဟာ ကြောင်ပြိုင်ပွဲတွေမှာကမ္ဘာ့အကျော်ကြားဆုံးကြောင်(၁၀)မျိုးစာရင်းမှာနှစ်ပေါင်းများစွာနေရာယူထား နိုင်ခဲ့ကြပါတယ် ……….... ရွှင်လန်းချမ်မြေ့ကြပါစေ 

0 မှတ်ချက်များ to “”ဘာမန်” ကြောင်မျိုး (Birman ) ”

Post a Comment