ဘန်ဂေါကြောင်ကလေးများမှာ ထင်ရှားပြတ်သားပြီး
အရောင်အသွေးစုံလှတဲ့ အကွက်အပြောက် အစင်းကြောင်းများပါရှိတယ် … အလယ်အလတ်အရွယ်ပမာဏရှိတဲ့အမျိုးအစားနဲ့
အကြီးစားဆိုပြီးနှစ်မျိုးရှိပါတယ် … ဒီကြောင်မျိုးတွေဟာ(၆)ပေါင်ကနေ(၇)ပေါင်လောက်အထိအလေးချိန်ရှိနိုင်ကြပါတယ်…ကြောင်ထီး
တွေဟာကြောင်မတွေထက် ပိုပြီးကြီးထွားကြပါတယ် …ကြွက်သားစိုင်တွေဖွံ့ထွားပြီး
ဖြတ်လတ်ကြပါတယ် … သူတို့ရဲ့ပါးလွှာပျော့ပြောင်းပြီး အရောင်အသွေးစုံ
လှပတဲ့အကွက်အပြောက်များရှိတဲ့အသွင်သဏ္ဍာန်ဟာ သဘောကျစရာကောင်းလှပါတယ် ……များသောအားဖြင့်တော
ဘန်ဂေါတွေဟာ အညိုရင်ရောင် အစင်းအပြောက်တွေရှိကြပါတယ် ရွေဝါရောင် ကြေးနီရောင် နဲ့
မဟော်ဂနီရောင်တွေလည်းရှိပါတယ်…. တရုတ်ဘန်ဂေါမျိုးနဲ့ ဗမာဘန်ဂေါမျိုးစပ်ရင် တစ်ကိုယ်လုံးဖြူဖွေးနေတဲ့
ဗိုလ်ဖြူလေးတွေထွက်လာနိုင်ပါတယ် … ကြောင်မျိုးစပ်ကျွမ်းကျင်သူတွေက အဲဒီ
ဗိုလ်ဖြူကြောင်ကလေးတွေကို “စနိုး”လို့ခေါ်ကြပါတယ်…..
ချစ်စရာကောင်းတဲ့အနေအထိုင်နဲ့ သူတို့ရဲ့စပ်စုတတ်တဲ့အကျင့်စရိုက်ကိုနှစ်သက်တဲ့သူတွေက
ချစ်မြတ်နိုးစွာမွေးမြူကြပါတယ်… ဘန်ဂေါကြောင်တွေဟာ လေ့လာသင်ယူလိုစိတ်
စူးစမ်းလိုစိတ်ရှိတဲ့ကြောင်မျိုးဖြစ်ပါတယ် …
အမြဲလိုလို တက်ကြွလန်းဆန်းနေပါတယ် ….
အိမ်အပြင်ထွက်တာကို မကြိုက်တဲ့သူတွေနဲ့ … အိမ်ထဲမှာ ဆော့ကစားတာကိုမကြိုက်သူတွေအဖို့တော့
ဒီကြောင်မျိုးနဲ့သိပ်အဆင်ပြေမှာမဟုတ်ဘူး … သူတို့ရဲ့သဘာဝကိုက … ဆော့မယ် …
လိုက်တမ်းပြေးတမ်းကစားမယ် … ဟိုတက်ဒီတက် တက်မယ်… စပ်စပ်စုစုလုပ်မယ် ….
ဒီလိုနေတတ်တဲ့ကြောင်မျိုးတွေဖြစ်ပါတယ် … ပြီးတော့ ဒီကြောင်တွေက သခင်ကို
အလွန်ခင်တွယ်တတ်ကြတာမို့ သင့်အနားမှာမခွဲမခွာ တကောက်ကောက်လိုက်ပါနေတတ်ကြတယ်
အထူးသဖြင့်ရေကိုနှစ်သက်ကြပြီး… သင်မျက်နှာသစ် သွားတိုက်လုပ်တဲ့အချိန်မျိုး
ရေချိုးတဲ့အချိန်မျိုးတွေမှာ သင့်ရဲ့အနားမှာရှိနေမှာသေချာပါတယ် …….
သူတို့ရဲ့ရာဇ၀င်လေးကတော့ … ၁၉၆၃ ခုနှစ်တုန်းက Jean S. Mill ဆိုတဲ့လူတစ်ယောက်က
အာရှတိုက်က.. တောတွင်းသစ်ကြောင်တွေနဲ့ အိမ်မွေးကြောင်တွေကိုမျိုးစပ်ပေးရာကနေ စတင်ပေါက်ပွားလာကြတာဖြစ်ပါတယ်
…. အိမ်မွေးကြောင်တွေထဲမှာ တောတွင်းက ကျားသစ်တွေလိုမျိုး လှပတဲ့အကွက်အပြောက်တွေပါတာဆိုလို့
ဒီ ဘန်ဂေါကြောင်တစ်မျိုးပဲရှိပါတယ် ……တစ်ချို့ဘန်ဂေါကြောင်တွေဆိုရင်
ကျားသစ်အငယ်စားကလေးလို့တောင်ထင်မိနိုင်ပါတယ် … ၁၉၈၀ ခုနှစ်ကျတော့မှ Mrs. Mill ဆိုတဲ့အမျိုးသမီးက
ဒီနေ့ခေတ်ရဲ့ ဘန်ဂေါကြောင်မျိုးသစ်ကို မျိုးစပ်နိုင်ခဲ့တာပါ …၁၉၉၁ ခုနှစ် အမေရိကန်ကြောင်ချစ်သူများရဲ့
ကြောင်ပြိုင်ပွဲမှာ ဒီ ဘန်ဂေါကြောင်မျိုးဟာ ချန်ပီယံဆုတံဆိပ်ကိုရရှိခဲ့ပါတယ် …
သင့်အိမ်မှာ ဘန်ဂေါတစ်ကောင်ရှိမယ်ဆိုရင် အိပ်ယာခင်းတွေ
စောင်တွေ ခေါင်းအုံးတွေနဲ့ အခြား ပရိဘောဂ ပစ္စည်းတွေကို ကိုက်ဖဲ့ဖျက်စီးပစ်တတ်တဲ့ ကြွက်တွေရဲ့ရန်က
ကင်းဝေးပြီးတွေ အပျင်းပြေ အဖော်ရမှာသေချာပါတယ် …..