«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

29 Aug 2012

ဆေးဝါးတွေကို မသုံးစွဲခင်သိထားသင့်သည့်အချက်များ

,

ဆရာဝန်ကညွန်ကြားလိုက်တဲ့ ဆေးဝါးတွေကို မသုံးစွဲခင်မှာ သင် ဘာတွေသိထားသင့်ပါသလဲ …………….

(၁)ဆေးပုလင်းပေါ်မှာရေးသားထားတဲ့ ဆေးနဲ့ပါတ်သက်တဲ့အချက်အလက်တွေကို သေသေချာချာဖတ်ရှုသင့်ပါတယ်……ဆေးရဲ့အမည် …. တစ်ပုလင်းမှာဘယ်လောက်ပမာဏပါဝင်သလဲ …. ဆေးရဲ့သက်တမ်းကုန်မယ့်ရက်စွဲက ဘယ်နေ့လဲ … ဘယ်လိုသုံးစွဲရမှာလဲ တိုက်ရမှာလား လိမ်းရမှာလား မျက်စဉ်းခပ်ရမှာလား  နားထဲကိုထည့်ရမှာလား စတာတွေကို သတိပြုပြီးဖတ်ရှုထားသင့်ပါတယ် …………….
(၂)တိုက်ဆေးဆိုရင် ဘယ်လောက်ပမာဏတိုက်ရမှာလဲဆိုတာသိထားရပါမယ် … ဥပမာ တစ်နေ့မှာ နှစ်ပြား တစ်ကြိမ်တည်းတိုက်ရမှာလား …. ဒါမှမဟုတ် တစ်ပြားတည်းကိုပဲ နှစ်ကြိမ်ခွဲပြီးတိုက်ရမှာလားဆိုတာ ကွဲကွဲပြားပြားသိထားရပါမယ် …………….
(၃) တိုက်ဆေးတွေ တိုက်ရတဲ့အခါမှာ အစာနဲ့ရောကျွေးရမှာလား အစာမပါပဲ တိုက်ကျွေးရမှာလားသိထားရပါမယ် … ဆေးတိုက်ပုံးမှားရင် အာနိသင်မဖြစ်နိုင်ပါဘူး …………….
(၄)နောက်ပြီးတော့ ဆေးကို ဘယ်လိုသုံးစွဲရမှာလဲဆိုတာသိထားရပါအုံးမယ် .. ဆေးအရည်ဆိုရင် ပါးစပ်ကနေ အစက်ချပြီးတိုက်ရမှာလား …လိမ်းပေးရမှာလား … ဒါမှမဟုတ် နားအတွင်းကို အစက်ချပေးရမှာလား သိထားရပါမယ် …………….
(၅) ဆေးတွေမှာကောင်းကျိုးတွေချည်းရှိတာမဟုတ်ပါဘူး  ဘေးထွက်ဆိုးကျိုးတွေလည်းရှိတတ်ပါတယ် …. သင့်ရဲ့မိသားစု တိရစ္ဆာန်ရောဂါကုဆရာဝန် မိမိတိုက်ကျွေးရမယ့်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေသေခြာခြာ မေးထားသင့်ပါတယ် …………….
(၆)ကိုယ် တိုက်ကျွေးရမယ့်ဆေးတွေကို ဘယ်လို သိမ်းဆည်းထားသင့်တယ်ဆိုတာကိုလည်း ကိုယ့်ရဲ့မိသားစု တိရစ္ဆာန်ရောဂါကုဆရာဝန်ကို မေးထားသင့်ပါတယ် … ရေခဲသေတ္တာထဲမှာထားရမှာလား ရိုးရိုးအခန်းထဲမှာပဲ ထားလို့ရလားဆိုတာတွေပေါ့ …………….
(၇)ဆရာဝန်က ဆေးတွေကို သုံးစွဲဖို့ညွန်ကြားနေတဲ့အချိန်မှာ … မိမိရဲ့ကြောင်ကလေးကို တိုက်ကျွေးနေရတဲ့ အခြားဆေးတွေနဲ့ အခြားဖြည့်စွက်အစာတွေရှိနေရင် ဆရာဝန်ကို အသိပေးဖို့လည်း လိုအပ်ပါတယ် …ဒါမှသာ ဆရာဝန်က လိုအပ်သလိုညွှန်ကြားပေးနိုင်မှာဖြစ်ပါတယ် … ဘာလို့လဲဆိုတော့ ဆေးတွေမှာ အတူတွဲပြီးတိုက်လို့မရတဲ့ဆေးတွေလဲ ရှိလို့ဖြစ်ပါတယ် …………….
ကဲ ….. ဒီအချက်တွေ သိထားပြီးပြီဆိုရင်တော့ သင်ချစ်တဲ့ကြောင်လေးကို ဆေးတွေစနစ်တကျ စိတ်ချလက်ချ သုံးစွဲ တိုက်ကျွေးလို့ရသွားပြီပေါ့နော် ………                                                         ……… ရွင်လန်းချမ်းမြေ့ကြပါစေ………..

0 မှတ်ချက်များ to “ေဆး၀ါးေတြကို မသံုးစဲြခင္သိထားသင့္သည့္အခ်က္မ်ား”

Post a Comment