((( ကော်လီဘက်စီလိုးစစ် ဆိုတာ )))
ခွေးတွေမှာဝမ်းလျှောရောဂါဖြစ်ပွားတာဟာ…အီးကိုလိုင်လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွား
တာကများပါတယ်… ခွေးပေါက်စလေးတွေမှာတော့
ပြင်းထန်ပြီးအဖျားကြီးတဲ့အခြေအနေမျိုးအထိဖြစ်တတ် ပါတယ် ..
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း )))
အီးကိုလိုင်လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်
ဖြစ်ပွားခြင်းဖြစ်ပါတယ် …… ဒီရောဂါပိုးမှာ
မျိုးကွဲအမျိုးမျိုးရှိပါတယ်…တစ်ချို့မျိုးစိတ်တွေဟာ
ခွေးရဲ့အူလမ်းကြောင်းထဲမှာသဘာဝအလျှောက် ရှိနေကြတာပါ … သူတို့ရှိနေလို့ ခွေးကို
ဘာအန္တရာယ်မှ မဖြစ်စေပါဘူး … တစ်ချို့မျိုးစိတ်တွေ ကျတော့ ပြင်ပမှာရှိနေကြပြီးတော့
ခွေးတွေကို ၀မ်းလျှောဝမ်းပျက်ဖြစ်စေတတ်ပါတယ် ဒါပေမယ့် ခွေးတွေရဲ့အူလမ်းကြောင်းမှာ ဗိုင်းရပ်ဝမ်းလျှောရောဂါဖြစ်ရင်…အဲဒီရောဂါကိုကြီးမား
သွားအောင်တွန်းပို့တဲ့…အဓိကတရားခံဟာ…ခွေးရဲ့အူလမ်းကြောင်းထဲမှာသဘာဝအလျှောက်ရှိတဲ့ အမျိုးအစား
အီးကိုလိုင်ဘက်တီးရီးယားပိုး တွေပါပဲ … ရောဂါဖြစ်စေတဲ့ အီးကိုလိုင် ပဲဖြစ်ဖြစ်… ရောဂါမဖြစ်စေတဲ့
အီးကိုလိုင်ပဲ ဖြစ်ဖြစ် အန္တရာယ်ရှိတဲ့
အကောင်တွေချည်းပဲလို့ပြောရမှာဖြစ်ပါတယ် …
((( ကူးစက်ပုံ )))
ရောဂါပိုးပါရှိတဲ့ အစာ ၊ ရေ ကိုသောက်မိရင် ရောဂါကူးစက်ခံရမှာ ဖြစ်ပါတယ် ..
((( အဖြစ်များသောအသက်အရွယ် )))
အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ် ..
((( ရောဂါလက္ခဏာများ )))
အဓိကလက္ခဏာတွေကတော့ … ၀မ်းအရည်ကျဲများပန်းခြင်းနဲ့ …
အဖျားကြီးခြင်းတို့ပဲဖြစ်ပါတယ်
((( ကုသခြင်း )))
ရောဂါပြင်းထန်ပြီး အဖျားကြီးနေတဲ့ခွေးတွေကို
ဆေးရုံတင်ပြီး ကြပ်ကြပ်မမ ကုသရမှာဖြစ်ပါ တယ်…ရောဂါပိုးကနေထုတ်လွှတ်တဲ့ အဆိပ်ရည်ဟာ
ခွေးရဲ့ကျောက်ကပ်ကိုထိခိုက်စေတာမို့ … ဒီရောဂါရတဲ့ခွေးတွေမှာ ဓါတ်ဆားရည်ချို့တဲ့မှုဟာ
ပြင်းပြင်းထန်ထန်ဖြစ်တတ်ပါတယ် ..ဒါကြောင်မို့ ဓါတ်ဆားရည်ပုလင်းကြီးကိုအကြောကနေသွင်းပေးရပါမယ်..အီးကိုလိုင်ရာဂါပိုးကို Trimethoprim+Sulfa ဆေးနဲ့ Amoxicillin ဆေး (သို့) Chlorameamphenichol , Ciprofloxin စတဲ့ပဋိဇီဝဆေးတွေနဲ့ နှိမ်နင်းနိုင်ပါတယ် …
((( လူထုကျန်းမာရေး )))
ရောဂါပိုးရှိနေတဲ့မြေကြီးတို့ အခင်းတို့အပေါ်မှာတင်ထားတဲ့ဟင်းသီးဟင်းရွက်နဲ့အသားငါး တွေကို ကျက်အောင်မချက်ပဲစားမိရင် လူတွေမှာဝမ်းလျှောဝမ်းပျက်ဖြစ်စေတတ်ပါတယ်
…သီးသန့်ကူးစက်တာမျိုးတော့မရှိပါဘူး..ဒါကြောင့်…အစားအသောက်တွေကိုချက်ပြုပ်တဲ့အခါ
သေသေ ချာချာ ဆေးကြောသင့်ပါတယ် ….
စားသောက်တဲ့အခါမှာလည်းလက်ကိုသန့်ရှင်းအောင်ဆေးကြောပြီးမှ
စားသုံးသင့်ပါတယ် …