ခွေးတွေနဲ့အသီးအရွက်စားသတ္တ၀ါတွေမှာအဓိကဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်...ဒီရောဂါပိုးဟာ   နွားတွေမှာ...... ...ကြားခံအနေနဲ့ခိုအောင်းနေနိုင်ပါတယ် ...
((( ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း
)))
ဒီရောဂါက  Neosporum caninum
လို့ခေါ်တဲ့ ပရိုတိုဇွားရောဂါပိုးကြောင့် ဖြစ်ပွားရခြင်း    ဖြစ်ပါတယ်  …
(((
ကူးစက်ပုံ
)))
          ရောဂါပိုးရှိနေတဲ့ အမဲသားအစိမ်းကို
ကျွေးမိရင်…ရောဂါကူးစက်နိုင်ပါတယ် .. ရောဂါရထားတဲ့ ကိုယ်ဝန်ဆောင်ခွေးမကြီးကနေ…သူ့ရဲ့သားငယ်လေးတွေဆီကို..
အချင်းကနေတဆင့်လည်း ရောဂါ ကူးစက်စေနိုင်ပါတယ် …
(((
ရောဂါလက္ခဏာများ
)))
          ဒီရောဂါရရှိထားတဲ့ ခွေးအတော်တော်များများဟာ
ကြွက်သားနဲ့ အာရုံကြောဆိုင်ရာရောဂါ လက္ခဏာတွေပြသတတ်ပါတယ် … တစ်ချို့ခွေးတွေဆိုရင်
လေဖြတ်သွား တတ်ပါတယ်… 
အဆုပ် ယောင်ပြီးမောပန်းခြင်းအပြင်…နှလုံးကိုထိခိုက်တဲ့လက္ခဏာတို့…
အရေပြားဆိုင်ရာပြသနာတို့ ဖြစ် တတ်ပါတယ် .. 
(((
ရောဂါရှာဖွေခြင်း
)))
ဒီရောဂါဖြစ်ကြောင်း
သံသယရှိတဲ့ခွေးရဲ့ သွေး(သို့)အသားစကိုရယူပြီးတော့ ဓါတ်ခွဲခန်းမှာ စစ်ဆေး
ကြည့်ရမှာဖြစ်ပါတယ် …
((( ကုသခြင်း )))
Clindamycin,
pyrimethamine,  နဲ့
 sulfadiazine  ဆေးတွေကို
အသုံးပြုကုသပေးနိုင်ပါတယ်
ဘယ်လိုမှ ကုသလိုမရတော့တဲ့အဆင့်ရောက်သွားရင်တော့ ခွေးကလေးလမ်လျှောက်သွာနိုင်အောင်
ပုံမှာပြထားတဲ့အတိုင်း လှည်းဘီးလေးတပ်ပေးထားနိုင်ပါတယ်... 
((( ကြိုတင်ကာကွယ်ခြင်း )))
အမဲသားစိမ်းတွေ ကျွေးတာမျိုးမလုပ်သင့်ပါဘူး.. ဒီရောဂါပိုးက
ခွေးနဲ့နွားအပြန်အလှန် ကူးစက် နေတတ်တဲ့အတွက် ခွေးနဲ့ နွားအတူမမွေးသင့်ပါဘူး… 
((( လူထုကျန်းမာရေး )))
ခွေး
နီယိုစပိုရိုးစစ်ရောဂါပိုးဟာ…လူတွေကိုကူးစက်တတ်တဲ့အထောက်အထားမတွေ့ရပါဘူး…
            ………………………………………………………………………………………………


 
    
   
 
 
 
 
 
 
 
 
 
 
 
 
 
 

 
      
 
 





