«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Oct 2013

နာကျင်မှုကိုကုသခြင်း

,
အိမ်မွေးတိရစ္ဆာန်ငယ်တစ်ကောင်ကိုဆေးဝါးကုသပေးရတာနဲ့…လူတွေကိုကုသမှုေ ပးရတာနဲ့ကွာခြားမှုအချို့ရှိနေပါတယ်….သူတို့ဟာလူတွေလိုစကားပြောတတ်တာမဟုတ် တဲ့အတွက်သူတို့ဘယ်လိုခံစားနေရပါတယ်ဆိုတာကိုထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိကြ တာအားလုံးသိကြတဲ့အတိုင်းပါပဲဒါပေမယ့်…သူတို့ဘယ်လိုခံစားနေရတယ်ဆိုတာကို အမူအယာနဲ့ပြသတတ်ကြပါတယ်….သူတို့ရဲ့နာကျင်မှုအလိုက်တိကျတဲ့အမူအယာတွေ   ပြသကြပါတယ်…တိရစ္ဆာန်ရောဂါကုဆရာဝန်တွေကတော့..သူကုသပေးရမယ့်ပေးရှင့် (Patient)ရဲ့အနေအထားကိုကောင်းစွာသိရှိနိုင်ကြသူတွေဖြစ်ပါ တယ်…ဒါပေမယ့် သာမန်လူတွေ…သိထားသလိုမျိုးတော့ မဟုတ်ပါဘူး


သာမန်လူတွေ သိထားကြတာက
        ခွေးတွေဟာနာကျင်မှုခံစားရတဲ့အခါ  Vocalization  လို့ခေါ်တဲ့ အော်ငြီးတာမျိုး
ပြုတတ်ကြတယ်ပေါ့….တကယ်တော့ Vocalization  လုပ်တာကိုကြည့်ပြီး နာကျင်မှု ခံစားနေရတာဖြစ်ပါတယ်လို့ တစ်ထစ်ချမပြောနိုင်သေးပါဘူး …အခြားအကြောင်းများကြောင့်
လည်းVocalizationလုပ်တတ်ကြလို့ဖြစ်ပါတယ်…သေချာတာတစ်ခု ကတော့ …နာကျင်မှု ခံစားနေရတဲ့ခွေးဟာ သူ့သခင်က ကိုင်တွယ်ပွတ်
သပ်ပေးတာကိုတောင် လက်မခံတော့ပဲ ဒေါသကြီးနေတတ်ပါတယ်…

နောက်ပြီးတော့ခွေးတွေဟာနာကျင်မှုကိုခံစားရတဲ့အခါ သူတို့ရဲ့လှုပ်ရှားမှုတွေပုံမမှန်ဖြစ်လာ
ကြပါတယ်..သာမန်ထက်ပိုတဲ့လှုပ်ရှားမှုပြုလာရင်
(သိုမဟုတ်)လျှော့သွားရင်….နားရွက်တွေကိုနောက်ဖက်ကုတ်ထားတာမျိုး အောက်ဖက် တွဲလှောင်းချထားတာမျိုးတွေ့နေရပြီဆိုရင်နာကျင်မှုခံစားနေရပြီလို့ လူတွေကတစ်ထစ်ချ
ပြောလေ့ရှိကြပါတယ်
         
ပိုပြီးသေချာတာတစ်ခုက ပြင်ပကနေ ထိတ်လန့်စရာ အသံပြုလိုက်တာမျိုး …ရုတ်တရက်ရိုက်ပုတ်လိုက်တာမျိုးပြုလုပ်လိုက့်တဲ့အခါသူတို့ဟာပြန်လည်တုန့် ပြန်မှုမပြု ကြတော့ပါဘူးလဲလှောင်းချိန်နဲ့ထိုင်နေချိန်အချိုးဟာပြောင်းလဲလာတတ်ပါတယ်… ထိုင်နေချိန်ကပိုပြီးများလာတာတွေ့ရမှာဖြစ်ပါတယ်….ထိုင်နေရင်းကနေနာကျင်မှုခံစား   နေရတဲ့နေရာကိုလျှာနဲ့လျှက်ခြင်းကိုက်ခြင်းအပြင်နာကျင်မှုခံစားနေရတဲ့နေရာ ဟာ…တဆတ်ဆတ်လှုပ်ခါနေတာမျိုးတွေဖြစ်တတ်ပါတယ်         

နာကျင်မှုခံစားရတဲ့အမျိုးအစားအလိုက်ခန္တာကိုယ်ရဲ့တည်နေပုံအနေအထားလည်းပြောင်းနေ
တတ်ပါတယ်….ဥပမာအားဖြင့်…..ဗိုက်နာနေတဲ့ခွေးဟာခြေလက်တွေဆန့်တန်းထားပြီး 
ခါးပိုင်းနေရာကိုကုန်းထားတတ်ပါတယ်

ရင်ခေါင်းပိုင်းမှာအောင့်နေရင်ဘေးတိုက်လှဲအိပ်ခိုင်းလိုက်တာနဲ့ Vocalizationပြုလုပ်
အော်ငြီးတတ်ပါတယ်….ဒါတွေကတော့အပြင်ပန်းတွေ့မြင်ရတဲ့အနေအထားတွေပါ…

ဒီလောက်နဲ့လည်းတိကျတိအဖြေတစ်ခုကို ထုတ်နိုင်သေးတာတော့မဟုတ်ပါဘူး
တခါတလေမှာနာကျင်မှုရှိနေပေမယ့်…လုံးဝမလှုပ်ရှားတွေပဲ..သတိလစ် သလိုဖြစ်နေ
တတ်ပါသေးတယ်…Pain Shock ရတယ်လိုခေါ်ပါတယ် … 

ဒါကြောင့်မို့တိရစ္ဆာန်ရောဂါကုဆရာဝန်တွေအနေနဲ့…ပိုပြီးစနစ်ကျန သေချာတဲ့စမ်းသပ် မှုတွေကိုလုပ်ရပါတယ်..နားကြပ်နဲ့စမ်းသပ်ကြည့်တဲ့အခါနှလုံးခုန်သံမြန်နေတာ… .နှလုံးခုန်ချက်တွေပြင်းထန်နေတာ….သွေးပေါင်ချိန်တက်နေတာ…….. မျက်စေ့သူငယ်အိမ်ကျယ်ပြီးသတိလစ်သလိုဖြစ်နေတာ…လျှာရည်တွေပိုထွက်နေတာတွေ ကိုကြည့်ရင်…….နာကျင်မှုရဲ့အတိုင်းအဆကိုခန့်မှန်းသိရှိနိုင်ပါတယ……….

ဘယ်လိုအကြောင်းကြောင့်နာကျင်မှုဖြစ်တာပဲဖြစ်ဖြစ်…အဲဒီနာကျင်မှုကို သက်သာစေမယ့်
ဆေးတစ်မျိုးမျိုးကိုတော့…တိရစ္ဆာန်ရောဂါကုဆရာဝန်က..ထိုးနှံပေး မှာဖြစ်ပါတယ်…

အဲဒီလိုပေးသည့်တိုင်အောင်နာကျင်မှုကမသက်သာတာမျိုးလည်းရှိတတ် ပါသေးတယ်…
နာကျင်မှုကြောင့်ဖြစ်ပေါ်တတ်တဲ့…..လက္ခဏာတွေပျောက်မသွားရင် စိတ်ငြိမ်ဆေးဖြစ်တဲ့
acepromazineလိုဆေးတစ်မျိုးကိုထပ်ပြီးပေးရပါတယ်…..အဲဒီအခါ ကျမှသာခွေးလေးရဲ့
မင်မကောင်းအောင်ခံစားနေရတဲ့ ဝေဒနာတွေဟာချက်ချင်းသက်သာပျောက်ကင်းသွားမှာ
ဖြစ်ပါတယ်

နောက်ပိုင်းမှာ ဆက်လက်ပြီးတော့နာကျင်မှု ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို စူးစမ်းရှာဖွေဖော်ထုတ်ပြီးတော့ ပျောက်ကင်းအောင်ဆက်လက်ကုသပေး
မှာဖြစ်ပါတယ်…

0 မှတ်ချက်များ to “နာက်င္မႈကိုကုသျခင္း”

Post a Comment