ပို့(စ)တွေ မတင်ဖြစ်တာလည်း
အတော်ကြာခဲ့ပါပြီ…ထုံးစံအတိုင်း မအားလို့ပါပဲပေါ့…အထက်နဲ့အောက်
ကြား မျှတအောင်စီမံဆောင်ရွက်ရတဲ့အလုပ်တစ်ခုဟာ
တကယ်တော့ မလွယ်ကူလှပါ…အထုထောင်းခံ
ရတာတွေကလည်းများလှပြီမို့
လူလည်းထူသလိုလိုတောင် တဖြည်းဖြည်းဖြစ်လာတယ်ထင်ပါရဲ့
အောက်က ပေါက်ကွဲသံတွေကလည်း
မကြာခဏကြားနေရပြန်တယ်….အောင်မြင်စွာဆုတ်ခွာဖို့တောင်
ကြံဖြစ်ခဲ့ပါသေးတယ်
မလွယ်ပါဘူး ၊ သိက္ခာရှိစွာဆုတ်ခွာခွင့်ကလည်း မရနိုင်ဘူးဆိုတော့လည်း
ထုထောင်းသံ ပေါက်ကွဲသံတွေရဲ့ကြားထဲမှာပဲ ဒီတိုက်ပွဲကို
ဆက်လက်ဆင်နွဲရုံမှတစ်ပါး အခြားမရှိနိုင်တော့ပြီ….ပြောရင်းပြောရင်း ဘယ်ရောက်သွား
ပြီမသိ၊တခါတခါကျတော့လည်း
စာလေးဘာလေးရေးချင်စိတ်ပေါက်လာမိပါတယ်….
အခု ရေးပါတော့မယ် ၊ အချိန်နည်းနည်း
ရနေလို့ပါ………နည်းနည်းတော့ဈာန်ဝင်လာသလိုလိုပဲ
ဒီတစ်ခါတော့
ကိုယ့်ပညာရပ်နဲ့သိပ်မဆိုင်ပေမယ့် နည်းပညာခေတ်ကြီးထဲမှာ နောက်ကျမကျန်နေရအောင်
လေ့လာမိခဲ့တဲ့
နည်းပညာလေးတစ်ခုကိုပြန်လည်မျှဝေဖို့ ရည်ရွယ်မိတာပါ
ဘလော့ရေးသားခြင်းနဲ့ဆိုင်တဲ့
နည်းပညာလေးတစ်ခုပါပဲ ၊ ဒီလိုရေးဖြစ်တာကလည်း
ဘလော့ဂါညီငယ်လေးတစ်ယောက်က
တောင်းဆိုလာတဲ့အတွက်၊ ဒီပို့(စ)လေးကိုတင်ပြလိုက်ပါတယ်
ဘလော့ဂါနဲ့ပတ်သက်လို့
ဆရာကြီးတစ်ဆူတော့မဟုတ်ပေမယ့် ၊ ၀ါသနာရှင်ညီငယ်လေးရဲ့
အခက်အခဲကို
ကူညီဖြေရှင်းပေးရင်းနဲ့ အခြားလေ့လာလိုသူတွေ လေ့လာသိရှိနိုင်အောင် ကိုယ်သိထား
တာလေးကို
ပြန်လည်မျှဝေတဲ့သဘောလောက်ပါပဲ….. လေရှည်သလိုဖြစ်သွားရင်လည်းခွင့်လွှတ်ကြပါ
ကဲ စလိုက်ပါတော့မယ်
ကိုယ့်ဘလော့မှာရှိနေတဲ့
sidebar နေရာတို့ ၊ main-wrapper နေရာတို့ရဲ့အကျယ်ဝန်းအသီးသီးကို ၊ ကိုယ်ဖြစ်စေချင်တဲ့အကျယ်ဝန်းအတိုင်းဖြစ်လာအောင်
ဘယ်လိုပြင်ဆင်ရမလဲ ဆိုတဲ့မေးခွန်းကို ရှင်းလင်းတင်ပြပေးမှာဖြစ်ပါတယ်……………..
ဒီအကြောင်းကို
ဘလော့ဂါသမားအတော်များများကတော့ သိပြီးသားဖြစ်မှာပါ….ဒါပေမယ့် အခုမှစပြီး ဘလော့ဂါ လောကထဲကို
ဝင်ရောက်လာကြတဲ့ဘလော့ဂါ ၀ါသနာရှင်ညီငယ်ညီမငယ်တို့အတွက်
ရည်ရွယ်ပြီးတင်ပြခြင်းပဲဖြစ်ပါတယ်……
အဲဒီတော့
ကိုယ့်ဘလော့ရဲ့ အကျယ်အ၀န်းအနေအထားကို ပြင်ချင်တယ်ဆိုရင် မိမိဘလော့ရဲ့ template ထဲမှာ နေရာပမာဏတွေသတ်မှတ်ထားပုံ အခြေခံသဘောကိုသိထားဖို့လိုပါတယ်
၊ အရင်ဆုံးအောက်က ပုံကို သေချာကြည့်ရှုမှတ်သားထားလိုက်ပါအုံး
အဲဒီပုံမှာဆိုရင်
O=0uter-wrapper
ဆိုတာက(စာမျက်နှာတစ်ခုလုံးကို ကိုယ်စားပြုပါတယ်)
M=main-wrapper
ဆိုတာက (တင်ပြချက်စာသားတွေရှိနေမယ့်နေရာကို ကိုယ်စားပြုပါတယ်)
s=sidebar-wrapper
ဆိုတာက (ဧည့်သည်လာရောက်မှုတွေကိုဖော်ပြတဲ့နေရာမျိုးကို ကိုယ်စားပြုပါတယ်)
ဒီနေရာမှာ
တစ်ခုပြောချင်တာက ဘလော့တိုင်းမှာ sidebar နှစ်ခုပါတာမဟုတ်ပါဘူး ၊ တစ်ချို့ blogger
template တွေမှာဆိုရင် sidebar က တစ်ခုထဲသာပါရှိတတ်ပါတယ် ၊ ဒါကတော့ ကိုယ်ရွေးချယ်အသုံးပြုတဲ့
template ပေါ်မှာ မူတည်ပါတယ်…(အခု ကျွန်တော်သုံးနေတဲ့ template မှာ sidebar လေးခုပါဝင်ပါတယ်)
ကဲ ဒီသဘောကိုသိပြီဆိုရင်
ဆက်ပါမယ်………
template
ကို ကိုယ်နှစ်သက်တဲ့အရွယ်အချိုးအစားဖြစ်လာအောင် စိတ်ကြိုက် ပြုပြင်တော့မယ်ဆိုရင်
(1) blogger.com ကိုဖွင့်ပါ
(2) sign
in လုပ်ပါ ၊ ပြီးရင်
(3) Dashboard
ကိုသွားပါ
(4) Template
ကိုဝင်ပါ
(5) edit
HTML ကို ဆက်ဝင်ပါ
ပေါ်လာတဲ့ ကုဒ်တွေထဲမှာရှိနေတဲ့ သက်ဆိုင်ရာကိန်းဂဏန်းတွေကိုရှာပြီး
လိုချင်သလိုပြင်ရမှာဖြစ်ပါတယ် ၊ အောက်က စာသားတွေကို Ctrl+F နှိပ်ပြီးလိုက်ရှာပါ…..
0uter-wrapper
main-wrapper
sidebar-wrapper
တွေ့ပြီဆိုရင်
သူတို့နဲ့သက်ဆိုင်တဲ့ အကျယ်အ၀န်း(width)တန်ဖိုး ကိန်းဂဏန်းတွေကို ကိုယ်လိုချင်တဲ့ အနေအထားရောက်လာအောင်
လိုအပ်သလိုပြင်ပေးရတာဖြစ်ပါတယ် ၊ သတိပြုရမှာကတော့  ပြင်တဲ့အခါ အရမ်းကာရောပြင်ချင်တိုင်းပြင်လို့ရတာမဟုတ်ပါဘူး….
အဲဒီ template ကို စတင်တည်ဆောက်ကတည်းက ၊ တည်ဆောက်သူက အရွယ်အစားအကျဉ်းအကျယ်တွေကို ပုံသေနည်းနဲ့
အချိုးညီ တိတိကျကျ ရေးဆွဲတည်ဆောက်ထားခဲ့တာဖြစ်လို့ ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ၊ ပြန်ပြင်ချင်တဲ့အခါ
မှာလည်း မူလဖန်တီးတည်ဆောက်ခဲ့သူက သတ်မှတ်ရေးဆွဲထားတဲ့
ပုံသေနည်းကို လိုက်နာပြီးပြင်မှသာ ပြင်လို့ရမှာဖြစ်ပါတယ်……………..ပုံသေနည်းကိုအောက်မှာဖော်ပြထားပါတယ်
ဆိုက်ဘားတစ်ခုတည်းသာခုပါဝင်တဲ့ template
အတွက်ပုံသေနည်းက
O=M+S+X ဖြစ်ပါတယ်
ဆိုက်ဘားနှစ်ခုပါဝင်တဲ့ template
အတွက်ပုံသေနည်းက
O=S1+M+S2+X ဖြစ်ပါတယ်
ဆိုက်ဘားသုံးခုပါဝင်တဲ့ template
အတွက်ပုံသေနည်းက
O=S1+M+S2+S3+X ဖြစ်ပါတယ်
အဲဒီတော့
(X) က ဘာကိုဆိုလိုသလဲဆိုတာ နည်းနည်းရှင်းပြဖို့လိုပါအုံးမယ်
သူကတော့ sidebar-wrapper တွေရယ် main-wrapper ရယ် 0uter-wrapper ရယ်အချင်းချင်းကြားမှာ
ခြားထားတဲ့အကွာအဝေးပဲလို့ အကြမ်းဖျင်းမှတ်သားထားလိုက်ရင် လုံလောက်ပါတယ်… ( ပုံကို သေခြာပြန်ကြည့်လိုက်ပါအုံး
)
ကဲ စပြီးပြင်ပါတော့မယ်
Template
ကိုဝင်ပြီး edit HTML က ကုဒ်တွေထဲမှာလိုက်ရှာကြည့်လိုက်ပါမယ်
O,M,S တန်ဖိုး အသီးသီးကို တွေ့ပြီဆိုပါစို့… ဘောပင်နဲ့
ချရေးထားလိုက်ပါ
O=920 px
M=660 px
S=270 px ဆိုတာတွေ့ရပြီဆိုပါတော့
sidebar တစ်ခုတည်းပါတဲ့ template
ကိုပြင်မှာဖြစ်တဲ့အတွက်
O=M+S+X ပုံသေနည်းမှာ အစားသွင်းလိုက်ပါမယ်
ဒါဆိုရင်
X ရဲ့တန်ဖိုးကို တွက်ထုတ်လိုက်လို့ရပြီပေါ့
သက်ဆိုင်တဲ့တန်ဖိုး
အသီးသီးကို အစားသွင်းပြီး တွက်ထုတ်ကြည့်လိုက်ရင်
X=660+270-920
X=930-920
X=10 ဆိုတာ ရပါတယ်
ဒီကိန်းဂဏန်းတွေအားလုံးဟာ
Pixel ဆိုတဲ့ယူနစ်နဲ့တိုင်းတာတွက်ချက်ထားတာဖြစ်တဲ့အတွက် px ဆိုတဲ့ သင်္ကေတ အမြဲ တွဲပြီးပါရှိနေမှာဖြစ်တယ်ဆိုတာ
သိထားရပါမယ်…….
အဲဒီတော့ X ရဲ့တန်ဖိုးဟာ 10px ရှိတယ်ဆိုတာ အဖြေထွက်လာပြီ……အဲဒီ(10)ကို အသေမှတ်သားထား
ရမှာဖြစ်ပါတယ် … (X) ရဲ့တန်ဖိုးကို ပြင်လို့ရပေမယ့်
နေရာအတော်များများမှာ လိုက်ပြီးပြင်ရမှာဖြစ်တဲ့အပြင် ပြင်လို့လည်းဘာမှသိပ်ထူးခြားလာမှာ မဟုတ်တဲ့အတွက်ကြောင့်
မပြင်သင့်ပါဘူး ပုံသေပဲ မှတ်ထားလိုက်တာ က ပိုကောင်းပါတယ်……….
X ရဲ့တန်ဖိုးကို
သိပြီဆိုတာနဲ့ အပေါ်ကပုံသေနည်းကို အသုံးပြုပြီး ကိုယ့်ဘလော့ရဲ့ template ကို ကိုယ်နှစ်သက်တဲ့အရွယ်အစားဖြစ်လာအောင်
စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်
အခုတင်ပြခဲ့တဲ့အတိုင်း ပုံသေနည်းတွေရဲ့ ဘောင်ထဲကနေ ကိုက်ညီအောင် ပြင်ပြီးပြီဆိုရင်
၊ တန်းပြီးတော့ Save မလုပ်ပါနဲ့အုံး preview ကိုအရင်ကြည့်ပါ ၊ မှန်ပြီ သေချာပြီ ၊ ကြိုက်ပြီဆိုမှ
Save ကိုနှိပ်ပါ။
အဆင်ပြေပါစေ
ကျော်ကျော်သုန်(မွေး/ကု)