«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Apr 2016

ခွေးချစ်သူများသို့-(၁)

,
ခွေးတွေကို အသက်အန္တရာယ်ပေးနိုင်တဲ့
အရေးကြီးရောဂါ(၄)မျိုးရှိပါတယ်
အဲဒါတွေကတော့
(၁)-Rabies(ခွေးရူးရောဂါ)
(၂)-Canine Parvovirus(ခွေးသွေးဝမ်းရောဂါ)
(၃)-Canine Distemper(ခွေးကျောက်ရောဂါ)နဲ့
(၄)-Canine Infectious Hepatitis
(ခွေးအသည်းယောင်ရောဂါ)တို့ဖြစ်ပါတယ်
ခွေးရူးရောဂါကာကွယ်ဆေးဟာ အနည်းဆုံး
(၂)ကြိမ်ထိုးထားမှကာကွယ်မှုအဆင့်ကိုရတဲ့
ကာကွယ်ဆေးဖြစ်ပါတယ်
ခွေးအသက်တစ်လခွဲအရွယ်မှာ စတင်
ထိုးနှံပေးရမှာဖြစ်ပါတယ်
ပထမအကြိမ်ထိုးနှံပြီး(၂၁)ရက်မြောက်မှာ
ဒုတိယအကြိမ် မပျက်မကွက်ထပ်မံထိုးနှံပေးရ
မှာဖြစ်ပါတယ်
ဒုတိယအကြိမ် ထိုးနှံတဲ့ရက်ကို သေသေချာချာ
မှတ်သားထားဖို့လိုပါတယ်
ဘာလို့လဲဆိုတော့ အဲဒီရက်ရောက်တိုင်း
နှစ်စဉ်မပျက်မကွက်ထိုးနှံပေးသွားရမှာဖြစ်လို့
ပါပဲ
ဒီလိုစနစ်တကျထိုးနှံထားမှသာလျှင်
ခွေးရူးရောဂါဖြစ်ပွားပြီး အသက်ဆုံးနိုင်တဲ့
အန္တရာယ်ကနေ စိတ်ချလက်ချကာကွယ်ထား
နိုင်မှာဖြစ်ပါတယ်

0 မှတ်ချက်များ to “ေခြးခ်စ္သူမ်ားသို႔-(၁)”

Post a Comment