«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Aug 2016

သားလျှောသားပျက်ရောဂါ ( Canine Brucellosis )

,
ဒီရောဂါကတော့ Brucella canis ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားတာများပါတယ်
မွေးမြူရေးတိရစ္ဆာန်တွေနဲ့ အနေနီးတဲ့ခွေးတွေမှာ တစ်ခါတရံဖြစ်တောင့်ဖြစ်ခဲအနေနဲ့ နွားနဲ့ဝက်တွေ
မှာဖြစ်ပွားတတ်တဲ့ B. abortus, B. suis, နဲ့  B. melitensis ရောဂါပိုးတွေကြောင့်လည်း 
သားလျှောသားပျက်ရောဂါဖြစ်ပွားတာမျိုးရှိတတ်ပါသေးတယ်



Brucella canis ရောဂါပိုးတွေဟာ ခွေးထီးရဲ့သုက်ရည်နဲ့ ခွေးမရဲ့တန်ဆာကထွက်တဲ့အရည်တွေထဲမှာ 
အများအပြားပါရှိနေတတ်တာမို့အဲဒါတွေနဲ့ ခန္တာကိုယ်မှာရှိတဲ့ အပျော့ကာတွေဖြစ်တဲ့ မျက်လုံးအိမ်
အတွင်းသားတို့ ၊ နှာခေါင်းအတွင်းသားတို့ ဆီးသွားပေါက်အတွင်းသားတို့နဲ့ထိတွေ့မိတဲ့အခါ
 ရောဂါပိုးတွေဟာ ခန္တာကိုယ်ထဲကိုအလွယ်တကူထိုးဖောက်ဝင်ရောက်သွားပြီး ရောဂါရစေတာဖြစ်ပါတယ်

ဒီရောဂါပိုတွေဟာ ခန္တာကိုယ်ထဲကိုဝင်ရောက်လာပြီဆိုတာနဲ့ခွေးထီးဆိုရင် ဂွေးဥအဆံထဲနဲ့ သုက်ရည်လှောင်ဂလင်းတွေထဲမှာသွားရောက်ခိုအောင်းနေတတ်ပြီး
ခွေးအမဆိုရင်တော့သားအိမ်ထဲမှာ ခိုအောင်းနေတတ်ပါတယ်တစ်ခါတရံ မျက်လုံးအိမ်ထဲမှာခိုအောင်း
နေတတ်ပြီး နာတာရှည်မျက်စေ့နာရောဂါကိုဖြစ်စေပါတယ်

အဲဒီလိုပဲ ကျောက်ကပ်ထဲခိုအောင်းတဲ့အခါမျိုးလည်းရှိတတ်ပါတယ်အဲဒီအခါမျိုးမှာတော့ ကျောက်ကပ်
ယောင်ယမ်းလာတတ်ပါတယ်


ဖြစ်တောင့်ဖြစ်ခဲအခြေအနေမျိုးထဲမှာ ရောဂါပိုးတွေဟာ အရိုးအဆစ်တွေရဲ့ထိပ်ပိုင်းကြွေပါးတွေအောက်
ရောက်ရှိခိုအောင်းတာမျိုးလည်းရှိတတ်ပါတယ် အဲဒီအခါမျိုးမှာတော့အဆစ်ယောင်ရောဂါဖြစ်လာပြီး
ခွေးဟာ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ဖြစ်တတ်ပါသေးတယ်


ဒီရောဂါရလာပြီဆိုရင်တော့ဖျားတာနာတာမျိုးသိပ်မဖြစ်တဲ့အတွက် သတိထားမိဖိုခက်ပါတယ်
အဓိကအရေးကြီးတာကတော့ သားမအောင်တာပဲဖြစ်ပါတယ်


ခွေးအထီးတွေမှာဒီရောဂါရရင်  ဂွေးဆံယောင်ယမ်းလာတတ်ပါတယ် ၊ သူ့ရဲ့သုက်ရည်ကို ဓါတ်ခွဲခန်းမှာ
စစ်ဆေးကြည့်ရင် စံမမီတာကိုတွေ့ရမှာဖြစ်ပါတယ် ၊ သုက်ရည်မှာပါဝင်တဲ့သုက်ကောင်လေးတွေရဲ့
(၈၀%)ဟာ ပုံသဏ္ဍာန်မမှန်တဲ့သုက်ကောင်လေးတွေဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်

အဲဒီခွေးထီးနဲ့မိတ်လိုက်တဲ့ခွေးမတွေမှာ မျိုးမအောင်နိုင်တော့ပါဘူး ၊ ခွေးအမတွေမှာဒီရောဂါရရင်   
ကလေးပျက်ကျတာမျိုးနဲ့ ကိုယ်ဝန်ဆောင်ကာလ ရက်ပေါင်း(၄၀-၆၀)လောက်မှာကလေးအသေလေးတွေ
မွေးတာမျိုးဖြစ်တတ်ပါတယ် ၊ ဖျားတာနာတာမျိုးသိပ်မဖြစ်ပေမယ့် ကလေးမွေးပြီးတစ်လလောက်အထိ
အမတန်ဆာကနေမကောင်းတဲ့ အရိအချွဲတွေဆင်းနေတတ်ပါတယ်အဲဒီခွေးမကို နောက်ထပ်သားတင်ရင်
လည်း သားမအောင်တာတွေ့ရပါလိမ့်မယ်


ဒီရောဂါဖြစ်နေတဲ့ခွေးတွေကို ဆေးကုသတဲ့အခါ ပဋိဇီဝဆေးတစ်မျိုးတည်းနဲ့ကုသရင်သိပ်မထိရောက်
ပါဘူး

ဘာဖြစ်လို့လဲဆိုတော့ ရောဂါဖြစ်စေတဲ့ပိုးဖြစ်တဲ့ Brucella ပိုးတွေဟာ ပဋိဇီဝဆေးတွေကို 
သိပ်မကြာခင်မှာပဲ ခံနိုင်ရည်ရှိလာတတ်လို့ဖြစ်ပါတယ်

ပဋိဇီဝဆေးအများစုဟာလည်း ဒီရောဂါပိုးတွေခိုအောင်းနေတတ်တဲ့ဂွေးဆံအလုံးထဲတို့ ၊ 
မျက်လုံးအိမ်နဲ့ ပင်မအာရုံကြောစနစ်စတဲ့နေရာတွေကို အလွယ်တကူမ၀င်ရောက်နိုင်တာကလည်း 
ဒီရောဂါကိုဖြစ်ပွားစေတဲ့ Brucella ရောဂါပိုးတွေရဲ့ အားသာချက်တစ်ခုဖြစ်နေတာပါ

သာမန်အားဖြင့်တော့  Doxycycline စားဆေးတိုက်ပြီးGentamicin ထိုးဆေး ထိုးပေးတဲ့ကုထုံးကို 
(၇)ရက်ဆက်တိုက်ပြုလုပ်ပေးနိုင်ပါတယ်

ရောဂါဖြစ်ပွားမှုအခြေအနေဟာ ဆေးမတိုးတဲ့အခြေအနေဖြစ်နေရင်တော့fluoroquinolone  (သို့မဟုတ်)
 rifampin  စတဲ့ဆေးတစ်မျိုးမျိုးထပ်ပေါင်းပြီးဆေး(၃)မျိုးပူးတွဲကုထုံးနဲ့ကုသပေးရပါတယ်

ဒါတောင်မှ ရောဂါပိုးက ပြန်ပြန်ထကြွလာတာမျိုးလည်းရှိတတ်ပါတယ်အဲဒီလိုအခါမျိုးမှာ ဆေး(၃)မျိုး
ပူးတွဲကုထုံးကို(၇ရက်ပြန်လုပ်ရပါတယ်


များသောအားဖြင့် ဆေး(၃)မျိုး(၇)ရက်ကုထုံးကို (၄-၅)ကြိမ်လောက်လုပ်ပြီးမှသာ ရောဂါပျောက်ကင်းေ
လေ့ရှိပါတယ်

(  
CANINE BRUCELLOSIS ) ခွေးသားလျှောသားပျက်ရောဂါဟာလူကိုလည်းကူးစက်နိုင်တဲ့အတွက်
ရောဂါဖြစ်နေတဲ့ခွေးကထွက်တဲ့အရည်တွေကိုကိုင်တွယ်တဲ့အခါ လက်အိတ်နဲ့ကိုင်တွယ်သင့်ပါတယ်

0 မှတ်ချက်များ to “သားလျှောသားပျက်ရောဂါ ( Canine Brucellosis )”

Post a Comment