«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

2 Feb 2019

ကြောင်အရေပြားရောဂါ(Leishmaniasis in cat)

,
Black fever လို့လည်းခေါ်တဲ့ဒီရောဂါဟာ Leishmania အုပ်စုဝင်ပရိုတိုဇွားပိုးတွေကြောင့်ဖြစ်ပွားတာဖြစ်ပြီး လူကိုကူးစက်စေနိုင်တဲ့အတွက်အရေးကြီးတဲ့ရောဂါတစ်ခုဖြစ်ပါတယ် ဒီရောဂါဟာ ကြောင်တွေမှာထက်ခွေးတွေမှာပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်
ကြောင်တွေမှာဒီရောဂါကိုဖြစ်စေတဲ့ပိုးတွေကတော့
Leishmania mexicana
Leishmania venezuelensis
Leishmania braziliensis
Leishmania amazonensis နဲ့
Leishmania infantum တို့ဖြစ်ပါတယ်
နေရာထိုင်ခင်းမသန့်ရှင်းခြင်း အစာအဟာရချို့တဲ့ခြင်းတွေဟာ ဒီရောဂါဖြစ်လာစေတတ်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ် Sand fly လို့ခေါ်တဲ့ယင်ကောင်သေးသေးလေးတွေကိုက်လို့ ဒီရောဂါကူးစက်ပြန့်ပွားတာဖြစ်ပါတယ် ကြောင်တွေဒီရောဂါကူးစက်ခံရရင် ရောဂါလက္ခဏာပြသလာတာအလွန်နည်းပါတယ် ဒါပေမယ့်ရောဂါပိုးကို သိုလှောင်ထားတဲ့အတွက်လူနဲ့ခွေးတွေဆီ ကူးစက်ပြန့်ပွားစေနိုင်ပါတယ်
ဒီရောဂါဖြစ်နေတဲ့ကြောင်ဟာ အစားအသောက်ပျက်ခြင်း ပိန်ချုံးလာခြင်း နေရာကွက်ပြီးအမွှေးတွေကျွတ်ခြင်း အရေပြားဟာ အရောင်ဖျော့ပြီးထူခေါက်ခေါက်ဖြစ်လာခြင်း နှာခေါင်းသွေးလျှံခြင်း ဝမ်းပျက်ခြင်း အန်ခြင်းနဲ့ ရေကိုခဏခဏသောက်ပြီး ဆီးခဏခဏသွားခြင်းစတဲ့လက္ခဏာတွေကိုတွေ့ရတတ်ပါတယ်
အဲဒီလက္ခဏာတွေအပြင် မျက်စေ့နာခြင်း အရေပြားပေါ်မှာ ဖက်ခွက်နာတွေပေါက်လာခြင်း(သို့) ကြွက်နို့လိုအဖုသေးသေးလေးတွေပေါက်လာခြင်းမျိုးတွေကိုလည်း မကြာခဏတွေ့နိုင်ပါသေးတယ်
ဒီရောဂါဖြစ်နေတဲ့ကြောင်ရဲ့သွေးထဲမှာ သွေးနီဥပမာဏဟာရှိသင့်တာထက်လျှော့နည်းနေပြီး သွေးရည်ကြည်ထဲမှာတော့ ပရိုတင်းပမာဏဟာရှိသင့်တာထက်ပိုများနေတတ်ပါတယ်
ဒီရောဂါဟုတ်မဟုတ်စစ်ဆေးဖို့ကတော့ ဒါဏ်ရာကအရည်ကိုမှန်ပြားပေါ်တင်ပြီး amastigotes လို့ခေါ်တဲ့ ပိုးကောင်လောင်းလေးတွေရှိမရှိစစ်ဆေးကြည့်ရမှာဖြစ်ပါတယ်
အသည်းနဲ့ အရေပြားကအသားစတွေကိုရယူပြီးစစ်ဆေးလို့လည်းရပါတယ်
အကောင်းဆုံးနဲ့ ခေတ်အမီဆုံးနည်းကတော့ သွေးရည်ကြည်ထဲမှာ Leishmania ပိုးကို ခန္တာကိုယ်ကပြန်လည်တိုက်ခိုက်နေတဲ့ခုခံပစ္စည်း(specific antibodies)တွေရှိမရှိစစ်ဆေးတဲ့နည်းဖြစ်တဲ့ ELISA (ခေါ်) enzyme-linked immunosorbent assay လုပ်ကြည့်တဲ့နည်းဖြစ်ပါတယ်

ဒီရောဂါကို Allopurinol ဆေးနဲ့ကုသပေးနိုင်ပါတယ် အမှန်ကတော့ဒီဆေးဟာရောဂါပိုးကိုသတ်နိုင်တာတော့မဟုတ်ပါဘူးဒီဆေးဟာရောဂါပိုးရဲ့ခန္တာကိုယ်ထဲက ပရိုတင်းဓါတ်တည်ဆောက်မှုစနစ်ကိုအနှောက်အယှက်ပေးပြီး ရောဂါပိုးတွေထပ်ပွားမလာနိုင်တော့ပဲ ကောင်ရေနည်းပါးသွားအောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ် Allopurinol ဆေးအပြင် Sodium stibogluconate, Meglumine antimoniate, Fluconazole နဲ့ Itraconazole ဆေးတွေနဲ့လည်းကုသပေးနိုင်ပါတယ်

တချိန်တည်းမှာ အရေပြားပေါ်ကအဖုတွေနဲ့ ရောဂါလက္ခဏာပြနေတဲ့နားရွက်ကိုဖြတ်ထုတ်ပစ်ရမှာဖြစ်ပါတယ်
သိပ်အခြေအနေဆိုးတဲ့ကြောင်တွေကိုတော့ကုသဖို့သိပ်လွယ်ပါဘူး
ဒီရောဂါကိုကာကွယ်ဖို့ကတော့ ယင်ကောင် (sand flies)တွေကိုနှိမ်နင်းပေးရမှာဖြစ်ပါတယ်
   ခွေးတွင်ဖြစ်ပွားမှုအားဖတ်ရှုရန်လင့်ကိုနှိပ်ပါ  LINK

0 မှတ်ချက်များ to “ကြောင်အရေပြားရောဂါ(Leishmaniasis in cat)”

Post a Comment