«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Jul 2017

ရောဂါရှာဖွေရေးတွင်အသုံးပြုရသောပစ္စည်းများ

,
EDTA tubeEDTA-tube ဆိုတာကတော့ သွေးမခဲစေတဲ့ဓါတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ethylenediamine-tetra-acetate ထည့်ထားတဲ့ပြွန်လေးကိုခေါ်တာပါ ?သွေးကိုဖောက်ယူပြီး အဲဒီပြွန်လေးထဲမှာထည့်ထားရင် ခဲမသွားနိုင်
ပါဘူး ၊ အဲဒီပြွန်ထဲကသွေးကို EDTA-blood လို့ခေါ်ပါတယ် ၊ သွေးဖြူဥ ၊ သွေးနီဥစသဖြင့် သွေးအတွင်းမှာ ပါဝင်နေတဲ့အရာအားလုံးကို စစ်ဆေးကြည့်ရှုရာမှာ EDTA-blood ကိုအသုံးပြုရပါတယ် ။
Serum tube
Serum tube ဆိုတာကတော့ သွေးရည်ကြည်ထည့်ရတဲ့ပြွန်လေးကိုခေါ်တာပါ ၊ သွေးအတွင်းမှာရှိနေတဲ့ ဟော်မုန်းအမျိုးမျိုး ၊ ဒြပ်ပေါင်းအမျိုးမျိုးကိုစစ်ဆေးသိရှိနိုင်ဖို့အတွက် ၊ ရောဂါရှင်ရဲ့သွေးကနေ သွေးရည်ကြည်ဖြစ်အောင်ရယူပြီး ဓါတ်ခွဲခန်းသို့ပို့ပြီးစစ်ဆေးလိုတဲ့အခါ ဒီပြွန်လေးထဲမှာထည့်ပြီးပို့ဆောင်ရပါတယ် ။

Coagulation tube
Coagulation tube ကတော့ ရောဂါရှင်ရဲ့သွေးကိုဖောက်ယူပြီး သွေးရည်ကြည်ရရှိအောင် ပြုလုပ်တဲ့အခါ
အသုံးပြုရတဲ့ပြွန်လေးဖြစ်ပါတဲ့ ၊ ဒီပြွန်လေးထဲမှာသွေးကိုထည့်ပြီး ဗဟိုခွာစက်နဲ့လှည့်တဲ့အခါ သွေးတွေဟာ အနည်ထိုင်သွားပြီး သွေးရည်ကြည်ကိုရရှိနိုင်ပါတယ် ။
Main tube
Main tube ကတော့ ရောဂါရှာဖွေလိုတဲ့ အရည်တို့ ဆီးတို့ နွားနို့တို့ကိုထည့်ပြီးဓါတ်ခွဲခန်းကိုပို့ဆောင်တဲ့
အခါမှာ Main tube တွေကိုအသုံးပြုရတာဖြစ်ပါတယ် ။

Faecal tubes
ဘက်တီရီးယားပိုးပါမပါနဲ့၊ဘယ်လိုသန်ကောင်ရောဂါမျိုးစွဲကပ်နေတယ်ဆိုတာစမ်းသပ်သိရှိနိုင်ဖို့အတွက် ၀မ်းနမူနာကို ဓါတ်ခွဲခန်းပို့တဲ့အခါမှာ ဒီ Faecal tube နဲ့ထည့်ပြီးပို့ရတာဖြစ်ပါတယ် ။

Protective outer for tubes
ဓါတ်ခွဲခန်းကိုနမူနာပစ္စည်းတွေထည့်ထားတဲ့ tubes အမျိုးမျိုးကိုပေးပို့တဲ့အခါမှာလုံခြုံမှုရှိစေဖို့အတွက် တွေအားလုံးကို ဒီ Protective outer ထဲမှာထည့်ပြီးပို့ရတာဖြစ်ပါတယ် ။


Citrate tubes
သွေးထဲမှာပါဝင်တဲ့ပစ္စည်းအမျိုးမျိုးကိုဓါတ်ခွဲခန်းမှာစစ်ဆေးနိုင်ဖို့အတွက် မခဲတဲ့သွေးလိုအပ်ပါတယ် ၊
Citrate tube ဆိုတာကတော့ သွေမခဲစေတဲ့ဓါတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Na-citrate ဓါတ်ပေါင်းပါဝင်တဲ့
tube ပါပဲ ၊ ဓါတ်ခွဲခန်းကိုပို့တဲ့အခါမှာ ရေခဲတုံးလေးတွေနဲ့အုံပြီးပေးပို့ရပါတယ် ။

NaF tubes
သွေးထဲမှာပါဝင်တဲ့ ဂူလူးကို့စ် နဲ့ လက်တိတ်စတဲ့အချိုဓါတ်တွေကိုစစ်ဆေးနိုင်ဖို့အတွက် သွေးကိုဓါတ်ခွဲခန်းပို့တဲ့အခါမှာ နဲ့ထည့်ပြီးပို့ရပါတယ် ၊ သွေးပမာဏကို tube မှာပြထားတဲ့ အမှတ်နှစ်ခုကြားရောက်တဲ့အထိဖြည့်ပြီးပေးပို့ရပါတယ် ။


Histology pot
Histology pot ဆိုတာကတော့ အသားစတွေပေးပို့တဲ့အခါမှာသုံးရတဲ့ဘူးလေးဖြစ်ပါတယ် ၊ နှစ်ခုပါရှိပြီး အတွင်းကဘူးထဲမှာ အသားတုံးကို မပုတ်သိုးမပျက်စီးစေနိုင်တဲ့ ဖော်မလင်အရည်ပါဝင်ပါတယ် ။

Faecal pot
Faecal pot ကတော့ ၀မ်းနမူနာတွေပေးပို့တဲ့အခါမှာသုံးရတဲ့ဘူးလေးဖြစ်ပါတယ် ၊ နှစ်ခုပါရှိပြီး အတွင်းကဘူးထဲမှာ ၀မ်းနမူနာကိုပြည့်အောင်ထည့်ပြီးပေးပို့ရပါတယ် ။
  
Universal Swab (without transport medium)
ပိုးသန့်စင်ထားတဲ့ဂွမ်းတို့ဖတ်တံကလေးထည့်ထားတဲ့ tube အသေးစားလေးဖြစ်ပါတယ် ၊ နှာရည် မျက်ရည် အာခေါင်ကအရည် ၊  နားအတွင်းကထွက်နေတဲ့အရည်စသဖြင့် တို့ဖတ်နမူနာတွေပေးပို့ပြီး ရောဂါပိုးအမျိုးအစားခွဲခြားနိုင်ဖို့စစ်ဆေးလိုတဲ့အခါမှာသုံးရတဲ့ဘူးလေးဖြစ်ပါတယ် ၊ဓါတ်ခွဲခန်းကိုပို့တဲ့အခါမှာ ရေခဲတုံးလေးတွေနဲ့အုံပြီးပေးပို့ရပါတယ် ။

Universal Swab (with transport medium)
ပိုးသန့်စင်ထားတဲ့ဂွမ်းတို့ဖတ်တံကလေးထည့်ထားတဲ့ tube အသေးစားလေးဖြစ်ပါတယ် ၊ နှာရည် မျက်ရည် အာခေါင်ကအရည် ၊  နားအတွင်းကထွက်နေတဲ့အရည်စသဖြင့် တို့ဖတ်နမူနာတွေပေးပို့ပြီး ရောဂါပိုးကို
အမျိုးအစားခွဲခြားနိုင်ဖို့စစ်ဆေးလိုတဲ့အခါမှာသုံးရတဲ့ဘူးလေးဖြစ်ပါတယ် ၊ပိုးတွေသေမသွားအောင် မွေးမြူပေးထားနိုင်တဲ့ transport medium အရည်ပါတဲ့အတွက် ဓါတ်ခွဲခန်းကိုပို့တဲ့အခါမှာ ရေခဲတုံးအုံပြီး
ပေးပို့စရာမလိုပါဘူး ။

0 မှတ်ချက်များ to “ရောဂါရှာဖွေရေးတွင်အသုံးပြုရသောပစ္စည်းများ”

Post a Comment