«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

18 Jul 2017

ရောဂါပိုးစစ်ဆေးရန်အတွက်နမူနာပစ္စည်းရယူခြင်း

,
ရောဂါပိုးစစ်ဆေးဖို့အတွက် ဆီး ၊ ၀မ်း ၊ သွေး ၊ အသားစ ၊ စိမ့်ထွက်ရည်တို့ဖတ်စသဖြင့် နမူနာပစ္စည်း အမျိုးမျိုးကိုရယူပြီး ဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးရမှာဖြစ်ပါတယ် 


အဲလိုနမူနာပစ္စည်းတွေကိုရယူတဲ့အခါမှာအောက်ပါအချက်များကိုသတိပြုသင့်ပါတယ်


(၁) ပဋိဇီဝဆေးများတိုက်ကျွေးပြီးချိန်နဲ့ ထိုးနှံပြီးချိန်တွေမှာ သွေးဖောက်ယူခြင်းမပြုရပါဘူး


(၂) နမူနာပစ္စည်းရယူနေချိန်မှာ နှာခေါင်းစည်းစွပ်ထားရမယ့်အပြင်လက်နှစ်ဖက်စလုံးလက်အိတ်စွပ်ထားရပါ
     မယ် 


(၃) အသေကောင်ကနေ နမူနာပစ္စည်းရယူတဲ့အခါ သေပြီးချိန်မှာ ဖြစ်နိုင်သမျှချက်ချင်းရယူရပါမယ်


(၄) အနာကနေ နမူနာပစ္စည်းရယူတဲ့အခါ ရောဂါပိုးများအများဆုံးရှိနေတတ်တဲ့ အသားကောင်းနဲ
့ယောင်ရမ်းနေတဲ့နေရာတို့ရဲ့စပ်ကြားနေရာကနေ ရယူသင့်ပါတယ်


(၅) နမူနာပစ္စည်းရယူနေချိန်နဲ့ ရယူပြီးတဲ့နမူနာပစ္စည်းတွေကို အခြားမည်သည့်အရာနှင့်မျှထိတွေ့မိခြင်း
     မရှိစေရန်ဂရုပြုသင့်ပါတယ်


ဓါတ်ခွဲခန်းမှာစစ်ဆေးမယ့်နမူနာပစ္စည်းကို စနစ်တကျရယူပြီးပေးပို့စစ်ဆေးမှသာ မှန်ကန်တဲ့အဖြေကို
ရရှိနိုင်မှာဖြစ်ပါတယ် ။



0 မှတ်ချက်များ to “ရောဂါပိုးစစ်ဆေးရန်အတွက်နမူနာပစ္စည်းရယူခြင်း”

Post a Comment