နိုင်ငံတကာခွေးဝါသနာရှင်များ
GSDခွေးရွေးချယ်ကြပုံကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်
ယေဘုယျအားဖြင့် အရပ်မြင့်နဲ့ချိန်ဆရင် ဂျာမန်ရှက်ပဟပ်ခွေးမျိုး ( GSD ) တွေဟာအချိုးအားဖြင့်
နိုင်ငံတကာခွေးပြိုင်ပွဲတွေမှာ GSD ခွေးအမှတ်ပေးရွေးချယ်ပုံကိုသီးခြားဖော်ပြပေးပါမည်။
ယေဘုယျအားဖြင့် အရပ်မြင့်နဲ့ချိန်ဆရင် ဂျာမန်ရှက်ပဟပ်ခွေးမျိုး ( GSD ) တွေဟာအချိုးအားဖြင့်
အခြားခွေးမျိုးတွေထက်ရှေ့နောက်အနည်းငယ်ပိုပြီးရှည်လျှားပါတယ် ၊လက်နဲ့ပေါင်တံကကြွက်သားတွေဟာ
သန်မာပြီးအမြှောင်းလိုက်ထနေသင့်ပါတယ် ၊ တစ်ကိုယ်လုံးမှာ အမွှေးအမျှင်တွေဟာညီညာပြီးသင့်တင့်စွာ ထူထဲမှုရှိသင့်ပါတယ် ၊အမြင်အားဖြင့် အေးဆေးတည်ငြိမ်ပြီးယဉ်ကျေးလိမ်မာမှုအထူးရှိရပါမယ်
GSD တွေရဲ့ထူခြားတဲ့အရည်အချင်း
GSD တွေရဲ့ထူခြားတဲ့အရည်အချင်း
ရပ်တန့်ဖို့အမိန့်ပေးထားရင် လူကကိုင်မထားပဲနဲ့ခြေလေးချောင်းစလုံးပေါ်မှာ
အေးဆေးတည်ငြိမ်စွာရပ်နေ
တတ်ရပါမယ် ၊ ရပ်နေချိန်မှာနောက်ခြေထောက်ခွာရဲ့ အပေါ်ကအပိုင်းဟာတည့်တည့်ထောင်နေရမယ့်
အပြင်မောပန်းမှုမပြပဲ သခင်ရဲ့အမိန့်ပေးမှုကိုစောင့်နေတဲ့ပုံစံမျိုးနဲ့
သတိအမြဲရှိနေတဲ့အမူအယာမျိုး
ရှိနေရပါမယ်
စိတ်နေစိတ်ထား
စိတ်နေစိတ်ထား
စိတ်နေစိတ်ထားတည်တည်ငြိမ်ငြိမ်ရှိပြီး
ရန်ပြုလိုစိတ်၊ကြောက်လန့်စိတ်မရှိရပါဘူး ၊ မိမိကိုယ်ကိုယုံကြည်မှု
အပြည့်နဲ့
သခင့်အပေါ်မှာသစ္စာရှိရပါမယ်
ဦးခေါင်းပိုင်း
ဦးခေါင်းပိုင်း
ဦးခေါင်းပိုင်းအနေအထားက
ခန္တာကိုယ်အရွယ်အစားနဲ့လိုက်လျှောညီထွေမှုရှိရပါမယ် ၊ ဦးခေါင်းဟာ
ခန္တာကိုယ်အရွယ်အစားနဲ့စာရင် သေးငယ်တာမျိုး
ကြီးမားနေတာမျိုးမဖြစ်သင့်ပါဘူး ၊ နှုတ်သီးဟာ ပုပုတိုတိုဖြစ်နေခြင်း သွယ်လျှပြီးရှည်နေတာမျိုးလည်းမဟုတ်ပဲ
ဦးခေါင်းအရွယ်အစားနဲ့လိုက်ဖက်အောင် အချိုးအစားကျကျဖြစ်နေရပါမယ် ၊ ပါးပြင်နှစ်ဖက်ဟာပျော့ပြောင်းမှုရှိပြီးကွေးကောက်မှုအနေအထားက
ဘယ်ညာနှစ်ဖက်တူညီနေရပါမယ် ၊ နားရွက်နှစ်ဖက်ကြားနေရာကနေ
နှာယောင်နေရာအထိ
ပြေပြေပြစ်ပြစ်နိမ့်ဆင်းသွားရပါမယ် ၊
ဦးခေါင်းပိုင်းတစ်ခုလုံးကိုခြုံကြည့်ရင် နှုတ်သီးပိုင်းနဲ့ခေါင်းပိုင်း
အရွယ်အစားချင်းတူနေရပါမယ် ၊ GSD အထီးတွေမှာခေါင်းပိုင်းရဲ့အကျယ်ဟာအရှည်ထက်နည်းနည်းပို
သင့်ပြီး
GSD အမတွေမှာ ခေါင်းပိုင်းရဲ့အကျယ်ဟာအရှည်ထက်လျှော့နည်းရပါမယ် ၊
နှုတ်သီးအရောင်ဟာ
တောက်ပနေပြီး နှုတ်ခမ်းတွေဟာသန့်ရှင်းပြီးတင်းတင်းရင်းရင်းရှိနေရပါမယ်
၊ အပေါ်နှုတ်ခမ်းဟာ
ဖြောင့်စင်းပြီး နဖူးနဲ့အပြိုင်နီပါးရှိနေရင်ပိုကောင်းပါတယ် ၊ နှုတ်သီးတစ်ခုလုံးကိုခြုံကြည့်ရင်
တိုနေတာမျိုး ၊ ချွန်ထွက်နေတာမျိုး ၊ ရှည်လွန်းတာမျိုးဖြစ်နေရင်လူကြိုက်နည်းပါတယ်
မျက်လုံးများ
မျက်လုံးများ
မျက်လုံးတွေဟာမက်မွန်သီးပုံစံဖြစ်ပြီး
မကြီးလွန်းမငယ်လွန်းအသင့်အတင့်ရှိရပါမယ် ၊ မျက်လုံးအဆံ
ပြူးထွက်နေတာမျိုးမဖြစ်ရပါဘူး ၊ မျက်ခွံအရောင်ဟာ
အညိုရင့်အရောင်ရှိရင်အကောင်းဆုံးပါပဲ
ဦးခေါင်းအရောင်နဲ့မျက်ခွံအရောင်
ထင်ထင်ရှားရှားကြီးမကွဲလွဲပဲ လိုက်ဖက်မှုရှိရင်ပိုကောင်းတယ်လို့
သတ်မှတ်ကြပါတယ် ၊
မျက်လုံးရဲ့အကြည့်တွေဟာလည်းအရေးပါလှပါတယ် တက်ကြွပြီးအသိဥာဏ်ရှိတဲ့
အကြည့်မျိုးနဲ့
ယုံကြည်စိတ်ချမှုရှိတဲ့အကြည့်ပိုင်ရှင် GSD တွေဟာလူကြိုက်များကြပါတယ်
နားရွက်များ၏အနေအထား
နားရွက်များ၏အနေအထား
နားရွက်နှစ်ဖက်ဟာမကြီးလွန်းမငယ်လွန်းအနေအထားရှိပြီး
နူးညံ့ချောမွေ့နေသင့်ပါတယ် ၊
အရင်းပိုင်းမှာကျယ်ပြန့်မှုရှိပြီးအဖျားဖက်ကိုသွယ်ဆင်းနေရပါမယ် ၊
တစ်နေရာမှာရပ်ခိုင်းထားရင် ဘယ်ညာနှစ်ဖက်ညီညီညာညာထောင်မတ်နေသင့်ပါတယ် ၊ နားရွက်တွေဟာတွဲလျှောင်းကျနေတာမျိုး
ဖြစ်မနေပဲ ထောင်မတ်ပြီး ရှေ့တည့်တည့်ကိုလှည့်နေသင့်ပါတယ် လမ်းလျှောက်နေစဉ်အချိန်မှာတော့
နားရွက်တွေဟာနောက်ဖက်ကိုလှည့်တာကိုတော့အပြစ်လို့မသတ်မှတ်ကြပါဘူး
ပါးစပ်
ပါးစပ်
ပါးစပ်ပိုင်းအနေနဲ့ မေးရိုးနှစ်ဖက်ဟာကောင်းစွာဖွံ့ဖြိုးပြီးသန်မာထွားကြိုင်းမှုရှိရပါမယ်
၊ သွားစေ့ထားချိန်မှာ အပေါ်သွားတွေနဲ့အောက်သွားတွေတည့်တည့်ရှိသင့်ပါတယ် ရှေ့ဖက်(သို့)နောက်ဖက်ကိုရောက်နေတာမျိုး
လွဲချော်နေရင်
မကောင်းပါ ၊ မေးရိုးနှစ်ဖက်နဲ့ သွားအတန်းဟာထောင့်မှန်ကျနေရင် အကောင်းဆုံးဖြစ်
ပါတယ်
၊ သွားတွေဟာကျန်းမာကြံ့ခိုင်မှုရှိပြီး သွား(၄၂)ချောင်းစလုံးပြည့်ပြည့်စုံစုံရှိနေသင့်ပါတယ်
လည်ပင်းဟာတောင့်တင်းသန်မာတဲ့ကြွက်သားများနဲ့ပြည့်ဖြိုးပြီးအတန်အသင့်ရှည်လျှားသင့်ပါတယ်
၊ လည်ပင်းအောက်ဖက်ကအရေပြားဟာ ချပ်ချပ်ယပ်ယပ်ရှိနေပြီး တွဲလျောင်းကျနေသလိုလျှော့ယဲယဲဖြစ်မနေ
သင့်ပါဘူး ၊ စိတ်လှုပ်ရှားချိန်မှာလည်ပင်းရဲ့အနေအထားဟာ ရေညီမျဉ်းကနေ ၄၅ံ ခန့်ထောင်မတ်နေသင့်ပြီး ပြေးလွှားမှုစတင်ချိန်မှာတော့ ခေါင်းငုံ့ပြီးပြေးတတ်ရပါမယ်
အမြီး
သင့်ပါဘူး ၊ စိတ်လှုပ်ရှားချိန်မှာလည်ပင်းရဲ့အနေအထားဟာ ရေညီမျဉ်းကနေ ၄၅ံ ခန့်ထောင်မတ်နေသင့်ပြီး ပြေးလွှားမှုစတင်ချိန်မှာတော့ ခေါင်းငုံ့ပြီးပြေးတတ်ရပါမယ်
အမြီး
အမြီးမှာအမွှေးဖွားဖွားပါရှိရမှာဖြစ်ပါတယ်
၊ အမွှေးဖွားမှုဟာ ခွေးရဲ့ဒူးဆစ်ရိုးနေရာအထိအနည်းဆုံးရှိ
နေမှသာ စံချိန်မီတဲ့ GSD အဖြစ်ယူဆကြပါတယ်
၊အမြီးရဲ့အရှည်ဟာအနည်းဆုံးခြေဖျံရိုးရဲ့
အလည်လောက် အထိရှည်တဲ့ခွေးဟာတန်ဖိုးမြင့်ပါတယ်
၊ ခွေးဟာနားနားနေနေ မတ်တပ်ရပ်နေချိန်မှာ
သူ့ရဲ့အမြီးဟာ စစ်သုံးဓါးရှည်ကဲ့သို့အနည်းငယ်ကွေးကွေးလေးရှိနေရင်လူကြိုက်များကြပါတယ်
၊ လမ်းလျှောက်ချိန်မှာ သူ့ရဲ့အမြီးကိုခပ်ကွေးကွေးအနေအထားနဲ့ အမြီးကိုမြှောက်ပြီးလမ်းလျှောက်တတ်ရ
ပါမယ်
၊ သို့သော် အမြီးကိုကျောရိုးရဲ့ရေပြင်ညီလိုင်းထက်ကျော်လွန်ပြီးမြှောက်ထားရင်တော့ GSD မပီသတော့ပါဘူး
၊ အမြီးတိုလွန်းခြင်း ၊ အမြီးကခွေလိမ်နေခြင်း ၊ လမ်းလျှောက်တဲ့အခါ အမြီးရဲ့
အနေအထားဟာ
အထက်မှာရှင်းပြခဲ့တဲ့အနေအထားမျိုးကလွဲချော်ပြီး ဘေးဖက်ကိုစောင်းနေတာမျိုးနဲ့
ဆန့်ဆန့်ကြီးတွဲလျှောင်းကျနေတတ်တဲ့ GSD တွေဟာလူကြိုက်နည်းလေ့ရှိပါတယ်။
လမ်းလျှောက်ပုံကိုယ်နေဟန်ထား
လမ်းလျှောက်ပုံကိုယ်နေဟန်ထား
ခြေလေးချောင်းရဲ့ လမ်းလျှောက်ပုံအနေအထားဟာ
ထောင့်ဖြတ်မျဉ်ကဲ့သို့ဖြစ်နေရမယ်လို့ဆိုပါတယ် ၊ ဆိုလိုတာက ဘယ်လက်နဲ့ညာခြေထောက်ဟာ
ခြေကျခြင်းတူနေရမယ် ညာလက်နဲ့ဘယ်ခြေထောက်ဟာ ခြေကျခြင်းတူနေရမယ်လို့ဆိုတာဖြစ်ပါတယ် ၊
နောက်ခြေထောက်တစ်ချောင်းဟာ ရှေ့ကိုလှမ်းလိုက်ရင် သူ့ကိုယ်ခန္တာရဲ့အလည်တည့်တည့်နေရာကိုကျနေရမယ့်အပြင်
ရှေ့ခြေထောက်အကျနဲ့ နောက်ခြေထောက်
အကျအမှတ်တွေဟာ မျဉ်းတစ်ဖြောင့်တည်းဖြစ်နေမှ
ပုံစံကျတဲ့ GSD တစ်ကောင်အဖြစ်သတ်မှတ်လေ့
ရှိကြပါတယ်။
ပြင်ပလက္ခဏာ
ပြင်ပလက္ခဏာ
GSD မှန်ရင်တိကျပြတ်သားတဲ့ အနက်ရောင်အပိုင်းနဲ့ ရွှေရောင်အပိုင်းရယ်လို့အရောင်အသွေး(၂)မျိုး
သာရှိနေရပါမယ် ၊ အနက်ရောင်အပိုင်းထဲမှာ ရွှေရောင်ဖြစ်စေရွှေရောင်အပိုင်းထဲမှာ အနက်ရောင်ဖြစ်စေ
မှည့်ပေါက်သကဲ့သို့ အကွက်လာပေါ်နေရင် GSD ရဲ့အရည်အသွေး ကျသွားတယ်လို့သတ်မှတ်လေ့
ရှိကြပါတယ် ၊ ခန္တာကိုယ်ပေါ်ကအမွှေးအမျှင်တွေဟာဖြောင့်စင်းပြီး မာမာတောင့်တောင့်ရှိနေရပါမယ်
အမွှေးအမျှင်တွေဟာကျဲမနေပဲ ထူထူထဲထဲရှိနေသင့်ပါတယ် ၊ နားရွက် ဦးခေါင်း
ခြေလက်တွေရဲ့
ရှေ့ပိုင်းနေရာတွေမှာရှိတဲ့အမွှေးတွေဟာတိုနေသင့်ပါတယ် ၊ လည်ပင်းနေရာမှာရှိတဲ့အမွှေးတွေကတော့
အခြားနေရာတွေထက်ပိုမိုရှည်လျှားပြီး ပိုမိုထူထူထဲထဲဖြစ်နေရမှာဖြစ်ပါတယ် ၊ ခြေလက်တွေရဲ့နောက်ဖက်
နေရာတွေမှာရှိတဲ့အမွှေးတွေဟာ
ရှေ့ပိုင်းထက်ပိုမိုရှည်လျှားနေသင့်ပါတယ် ။
ရှေ့ပိုင်းဖွဲ့စည်းတည်ဆောက်ပုံ
GSD ၀ယ်ရင် လက်ပြင်ရိုးကိုသေသေချာချာစစ်ဆေးကြည့်ရှုဖို့လိုအပ်ပါတယ်
၊ လက်ပြင်ရိုးမှာကြွက်သားများပြည့်ဖြိုးနေပြီး ခန္တာကိုယ်နဲ့တင်းတင်းရင်းရင်းတွယ်ကပ်နေသင့်ပါတယ်
လက်ပြင်ရိုးရဲ့အရှည်နဲ့ လက်မောင်းရိုးအရှည်ဟာတူညီနေရင်
အကောင်းဆုံးဖြစ်ပါတယ် ၊ ခွေးလမ်းလျှောက်တဲ့အခါမှာ လက်ပြင်ရိုးဟာ
အတွင်းဖက်ကိုယိုင်ခြင်း(သို့)အပြင်ဖက်ကိုယိုင်ခြင်းမရှိပဲ ခန္တာကိုယ်နဲ့အလိုက်သင့်
ရှေ့နောက်လှုပ်ရှားနိုင်ဖို့လည်းလိုအပ်ပါတယ် ၊ GSD ကောင်းတွေရဲ့လက်ပြင်ရိုးဟာခန္တာကိုယ်နဲ့ (၄၅ံ)စောင်းပြီးတွယ်ဆက်နေရမှာဖြစ်ပြီး
လက်မောင်းရိုးနဲ့ကျတော့(၉၀ံ)ခန့်အတိုင်းအတာနဲ့တွယ်ဆက်နေသင့်ပါတယ် ၊
ခွေးကိုဘေးတိုက်ကြည့်ရင် ရှေ့လက်တွေဟာ မြေပြင်နဲ့(၉၀ံ)ကျအောင်တည့်တည့်မတ်မတ်ရှိနေပြီး
ရှေ့တည့်တည့်က ကြည့်တဲ့အခါမှာတော့ လက်နှစ်ဖက်ဟာမျဉ်းပြိုင်လိုတည့်တည့်မတ်မတ်ထောင်နေရပါမယ်
၊ လက်ဖျံရိုးလုံးဝိုင်းနေတာထက် ကြက်ဥပုံဖြစ်တဲ့ခွေးကိုရွေးချယ်သင့်ပါတယ် လက်ဖျံရိုးရဲ့အောက်ဖက်ကအရိုး
ရှည်လွန်းနေတဲ့ GSD နဲ့ အဲဒီအရိုးကြုံလှီနေတဲ့
GSD တွေဟာ အချိန်ကြာကြာလမ်းမလျှောက်နိုင်တာ အပြေးအလွှားသိပ်မလုပ်နိုင်တာတို့ဖြစ်တတ်တဲ့အတွက်
မ၀ယ်သင့်ပါဘူး
နောက်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံ
နောက်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံ
GSD ခွေးတွေရဲ့ နောက်ပိုင်းဖွဲ့စည်းတည်ဆောက်ပုံအနေနဲ့ ယေဘုယျအားဖြင့်ကြွက်သားစိုင်များဟာ
ကြီးထွားသန်မာပြီး
စွင့်စွင့်ကားကားရှိနေသင့်ပါတယ် ၊ အရိုးအဆစ်နေရာတွေဟာထင်ထင်ရှားရှားရှိ
နေပြီးကြံခိုင်သန်မာနေရပါမယ်
၊ ခွေးရဲ့ပုံမှန်အတိုင်းရပ်နေတဲ့အခြေအနေမှာ နောက်ခြေထောက်တွေရဲ့
အနေအထားဟာ ရှေ့ဖက်ကိုတွန်းနေသယောင်ဖြစ်နေမှ
GSD ခွေးအင်္ဂါနဲ့ကိုက်ညီတဲ့ခွေးတစ်ကောင်လို့
ဆိုနိုင်ပါတယ် ၊
ခွေးရဲ့ပေါင်တံအပေါ်ပိုင်းနဲ့အောက်ပိုင်း အရှည်အားဖြင့်တူညီနေရင်ကောင်းတယ်လို့ဆို
ပါတယ်
၊ဒူခေါင်းအဆစ်ဟာလည်း တောင့်တင်းခိုင်မာနေသင့်ပါတယ် ၊ပေါင်ရိုးနဲ့ ခြေသလုံးရိုးဟာ (၁၂၀ံ) စောင်းနေမှအနေအထားမှန်တဲ့ GSD ဖြစ်တယ်လို့သတ်မှတ်ကြပါတယ် ၊ ခွေးကိုနောက်တည့်တည့်က
ကြည့်ရင်
ခြေထောက်တွေဟာ မြေပြင်နဲ့(၉၀ံ)ကျကျ ဖြောင့်တန်းနေပြီး ခြေထောက်နှစ်ဖက်ဟာမျဉ်းပြိုင်လို
အပေါ်အောက်အပြိုင်ဖြစ်နေသင့်ပါတယ် ၊ ဘေးတိုက်ကြည့်တဲ့အခါ
ခြေဖျံရိုးတွေဟာမြေပြင်နဲ့ ထောင့်မှန်ကျ
အနေအထားဖြစ်နေမှ GSD ခွေးအင်္ဂါနဲ့ကိုက်ညီမှာဖြစ်ပါတယ်
အရွယ်အစား
အရွယ်ရောက်ပြီးဂျာမန်ရှက်(ပ)ဟတ်(GSD)ခွေးအထီးတွေဟာ အရပ်အမြင့် ၂၄ လက္မကနေ ၂၆ လက္မအထိ ရှိကြပြီး အမတွေကတော့ ၂၂ လက္မကနေ ၂၄ လက္မအထိရှိတတ်ကြပါတယ် ၊ ကိုယ်အလေးချိန်အနေနဲ့ကတော့ ၇၅ ပေါင်ကနေ ၉၅ ပေါင်အထိရှိတတ်ကြပါတယ်
(ဆက်လက်ဖော်ပြပါမည်)
အရွယ်အစား
အရွယ်ရောက်ပြီးဂျာမန်ရှက်(ပ)ဟတ်(GSD)ခွေးအထီးတွေဟာ အရပ်အမြင့် ၂၄ လက္မကနေ ၂၆ လက္မအထိ ရှိကြပြီး အမတွေကတော့ ၂၂ လက္မကနေ ၂၄ လက္မအထိရှိတတ်ကြပါတယ် ၊ ကိုယ်အလေးချိန်အနေနဲ့ကတော့ ၇၅ ပေါင်ကနေ ၉၅ ပေါင်အထိရှိတတ်ကြပါတယ်
(ဆက်လက်ဖော်ပြပါမည်)
နိုင်ငံတကာခွေးပြိုင်ပွဲတွေမှာ GSD ခွေးအမှတ်ပေးရွေးချယ်ပုံကိုသီးခြားဖော်ပြပေးပါမည်။