«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

16 Jul 2017

Interferon အကြောင်း သိကောင်းစရာများ

,
(၁)Interferon ဆိုတာ ဘာလဲ /  အင်တာဖရွန်ဆိုတာ သဘာဝ အလျောက် တွေ့ရတဲ့ Proteins ဖြစ်ပြီး ခန္တာကိုယ်ရဲ့ Host Cells တွေကနေ ပြုလုပ်ပေးကာ ထုတ်လုပ်ပေးပါတယ် ။ ဘာအတွက်လဲဆိုတော့ ကိုယ်ခန္တာကို တိုက်ခိုက်လာမဲ့ ရောဂါ ဖြစ်စေမဲ့အရာတွေ(Virus , Bacteria , Parasites & Tumor Cells ) ကို တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ် ။


(၂) Interferon နဲ့ သူ့ရဲ့ တာဝန်က ဘာတွေများလဲ
     အင်တာဖရွန်ကို ကိုယ်ခန္တာရဲ့ ခုခံအားစနစ်တွေ ဖြစ်တဲ့ ( WBC , N-Killer Cells , Fibroblasts & Epithelials cells) စတာတွေက ထုတ်လုပ်ပေးပါတယ် ။
     Interferon ကို အကြမ်းအားဖြင့် (၃)မျိုးတွေ့နိုင်ပါတယ်  
Alpha
beta &
gamma တို့ကို Recombinant DNA technology နည်းနဲ့ ထုတ်လုပ်ပေးပါတယ် ။
Interferon တွေ့ရဲ့ အာနိသင်အကျိုးသက်ရောက်မှုဟာ ရှုပ်ထွေးပြီး နားလည်ဖို့ ခက်ခဲပါတယ် ။ သူတို့ ဟာ ခန္တာကိုယ်ကို ဝင်ရောက်လာတဲ့ Virus , Bacteria , Cancer Cellsတွေ တိုက်ရိုက် မဖျက်စီးနိုင်ပဲ ကိုယ်ခန္တာရဲ့ ခုခံအားစနစ်ကိုသာ ပိုမို အားကောင်းစေရန် အားပေးပါတယ် ။

(၃) ရရှိနိုင်တဲ့ Interferonsတွေကတော့
● Interferon alfa -2a
Interferon alfa -2b
●Interferon alfa -n3
●Interferon beta -1a
●Interferon beta -1b
●Interferon gamma-1b
●pegInterferon alfa-2a
●peginterferon alfa -2b
●Peginterferon beta -1a
●Interferon alfacon -1
Interferon alphaကို Cancers နဲ့  Virus ရောဂါတွေ ကုသရာမှာ အသုံးပြီး beta ကို Multiple Sclerosis(affect on brain &spinal cord )အသုံးပြုကာ gamma ကိုတော့ Chronic Granulomatous diseases နွေအတွက် အသုံးပြုကြပါသည်။
(၄) Veterinary point အတွက် လေ့လာကြည့်ရမှာတော့

ခွေးနဲ့ကြောင်အတွက် Cancer & Virus အချို့ တွက် အသုံးပြုနိုင်ပါတယ် ။ကြောင်မှာဆို Herpes virus နဲ့ feline leukemia အတွက် အသုံးပြုနိုင်ကာ မြင်းတွေအတွက westnile viruအတွက် အသုံးပြု နိုင်သည်။ခွေးအတွက် Cancerအတွက် တစ်ပါတ်မှာ 2-3 ကြိမ် ကုသပေးနိုင်ပါတယ်။
တိရစ္ဆာန် ရောဂါတွေအတွက်ကတော့ အောက်ပါ Virusများအတွက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်
□Rhabdovirus (Rabies , vesicular stomatitis virus)
□Picornavirus (FMD)
□Pestivirus (CSF (ဝက်ဝမ်းကျ)  , Dancing diseases in piglets ,BVD /MD )
□Coronavirus ( တိ _တွေရဲ့ အစာအိမ်/အသက်ရှူလမ်းကြောင်း နဲ့ အသည်း/ဦးနှောက်မှာဖြစ်တဲ့ ရောဂါတော်တော်များများ)တွေအတွက် အသုံးပြု ကုသနိုင်တယ်။
ဘေးထွက် ဆိုးကျိုးအနေနဲ့ကတော့ အစားအသောက်ပျက်/သွေးအားနည်း/ ဖျားနာ/ကြွက်သားနာကျင်ခြင်း/ရိုးတွင်းခြင်ဆီအားနည/မူး/ဝမ်းလျော/ အသည်းအင်ဇိုင်းတွေများ/သွေးဖြူ/နီဥ အရေအတွက်ကျဆင်း/နှလုံးခုန်နှုန်းတက်/ယောင်ရမ်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

                                     Pyae sone kyaw Facebook. မှကူးယူဖော်ပြပါသည်။

0 မှတ်ချက်များ to “Interferon အကြောင်း သိကောင်းစရာများ”

Post a Comment