«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Sept 2017

နားကြပ်ဖြင့်စမ်းသပ်ခြင်း (Auscultation)

,
လူသတ၀ါတွေရဲ့ခန္တာကိုယ်တွင်းမှာ အသံဖြစ်ပေါ်နေတဲ့ကိုယ်တွင်းအင်္ဂါတွေရှိနေပါတယ် ၊ဒါတွေကတော့ အဓိကအားဖြင့် နှလုံးရယ် ၊ အဆုပ်ရယ် အူတွေရယ်ဖြစ်ပါတယ် ၊ ဆရာဝန်တွေဟာအဲဒီအသံတွေကို ခွဲခြမ်းစိပ်ဖြာပြီး ရောဂါဖြစ်ပွားမှုအပေါ်ဆုံးဖြတ်ချက်ချရလေ့ရှိပါတယ် ၊ ကိုယ်တွင်းကလီစာတွေကြောင့် ထွက်ပေါ်လာတဲ့အသံတွေကိုနားထောင်ပြီး အတွင်းမှာ ဘာဖြစ်နေသလဲဆိုတာကိုဆုံးဖြတ်နိုင်ဖို့ဆိုတာ ကတော့ ပညာနဲ့အတွေ့အကြုံအများကြီးလိုအပ်ပါတယ် ၊တိရစ္ဆာန်ရောဂါကုသရေးကို နေ့တဓူဝ
ဆောင်ရွက်နေတဲ့ဆရာဝန်တွေအဖို့ နားကြပ်မှကြားရတဲ့အသံတွေ အပေါ်မှာသုံးသပ်ပြီး အတွင်းကလီစာတွေမှာပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးစပ်ဆုံးခန့်မှန်းသိရှိနိုင်ကြပါတယ် အကောင်းဆုံးခန့်မှန်းနိုင်ဖို့ဆိုရင်နားကြပ်နဲ့စမ်းသပ်တာကိုတိတ်ဆိပ်ငြိမ်သက်တဲ့အခန်းထဲမှာသာပြုလုပ် သင့်ပါတယ် ၊နားကြပ်နဲ့စမ်းသပ်တဲ့အခါ တိရစ္ဆာန်ရဲ့အနေအထားကို လိုအပ်သလိုပြင်ပေးရ တာမျိုးလည်းရှိတတ်ပါတယ် 
နှလုံးခုန်လို့ထွက်ပေါ်လာတဲ့အသံတွေကိုနားထောင်တဲ့အခါ လဲလျှောင်းတဲ့အနေအထားမှာ စမ်းသပ်လေ့မရှိပါဘူး၊နှလုံးဟာအဆုတ်နဲ့ထိနေရင်နှလုံးခုန်သံနဲ့အဆုပ်ရဲ့အသက်ရှုသံရောထွေးသွား နိုင်လို့ဖြစ်ပါတယ် ၊  ဒါကြောင့်မို့ တိရစ္ဆာန်ရဲ့နှလုံးခုန်သံကိုစမ်းသပ်မယ်ဆိုရင် မတ်တပ်အနေအထားမှာ စမ်းသပ်ကြတာဖစ်ပါတယ် ၊ အ၀လွန်ခြင်း ၊ နှလုံးအမှေးပါးအတွင်းအရည်များစုနေခြင်း ၊ ရင်ခေါင်းအတွင်း အသားလုံးဖစ်ပေါ်နေခြင်းနဲ့ ရင်ခေါင်းအတွင်းကိုအစာအိမ်(သို့)အူတွေ ကျွံဝင်နေတဲ့အခါမျိုးမှာကြားရတဲ့ နှလုံးခုန်သံဟာထုံအအဖြစ်နေ တတ်ပါတယ် ၊ အဆုပ်ထဲရေ၀င်ခြင်း ၊ ရင်ခေါင်းအတွင်း အရည်များ စုမိနေခြင်း ၊ ရင်ခေါင်းထဲမှာအကြိတ်ဖြစ်နေခြင်းစတဲ့အခြေအနေမျိုး aတွဖြစ်နေရင် အသံတွေဟာ ပုံမှန်မဟုတ်တော့ပဲ တိတ်ဆိပ်နေခြင်း(သို့)အုံထိုင်းထိုင်းဖြစ်နေတဲ့အသံမျိုး aတွကိုကြားရမှာဖြစ်ပါတယ် ၊ ဗိုက်ခေါင်းအတွင်းမှာရှိတဲ့ အူတွေဟာ အစာဟောင်းတွေကိုစွန့်ထုတ်နိုင်ဖို့ အတွက် အမြဲမပြတ်လှုပ်ရှားနေရတာဖြစ်ပါတယ် ၊ အူတွေပုံမှန်လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်နေတဲ့အသံနဲ့ ၊ အူယောင်ရောဂါကြောင့်ဖြစ်ပေါ်လာတဲ့အသံဟာ သိသိသာသာကွာခြားပါတယ် ၊ ထိုနည်းတူ ၀မ်းလျှောဝမ်းပျက်ခြင်းနဲ့ လေထိုးလေအောင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လှုပ်ရှားသံတွေကို တိရစ္ဆာန်ရောဂါကုဆရာဝန်တွေအနေနဲ့ ကောင်းစွာခွဲခြားသိရှိနိုင်ကြပါတယ် ၊ ဗိုက်ခေါင်းထဲမှာအရည်တွေ စုနေတာမျိုးကျတော့ အသံဖြစ်ပေါ်မှုမရှိပေမယ့် အခြားဘေးတစ်ဖက်ကနေ လက်နဲ့ပုတ်ပေးပြီး
ဖြစ်ပေါ်လာတဲ့အသံကို နားကြပ်ကနေတဆင့်နားထောင်ခြင်းအားဖြင့် အရည်စုနေမှုကိုခန့်မှန်း သိရှိနိုင်ကြပါတယ် ၊

0 မှတ်ချက်များ to “နားကြပ်ဖြင့်စမ်းသပ်ခြင်း (Auscultation)”

Post a Comment