«««« အထူးသတိပြုပါ »»»»
မိမိချစ်သောခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန် အမြဲသတိပြုပါ. . .

31 Aug 2017

အကြိတ်များကိုစမ်းသပ်ခြင်း(Lymph Nodes Palpation)

,
ခွးကြောင်တွေရဲ့ခန္တာကိုယ်မှာ လက်နဲ့ကိုင်တွယ်စမ်းသပ်လို့ရတဲ့အကြိတ်တွေရှိပါတယ် အဲဒီအကြိတ်တွေကိုစမ်းသပ်ခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကိုခန့်မှန်းသိရှိနိုင်ပါတယ် ၊ 
ခန္တာကိုယ်မှာ ရှိတဲ့အကြိတ်တွေအားလုံးယောင်ယမ်းနေခြင်းဟာ တစ်ကိုယ်လုံးမှာရောဂါပိုးတစ်ခုခု ၀င်ရောက်ပျံ့နှံ့ နေပြီဆိုတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ် ၊ အဲဒီရောဂါဟာ ရောဂါဖြစ်စေတဲ့ မှို(သို့)ဘက်တီးရီးယားပိုး တွေကဲ့သို့ 
ခန္တာကိုယ်ရဲ့ခုခံစွမ်းအားစနစ်က တုန့်ပြန်တိုက်ခိုက်နိုင်တဲ့ရောဂါပိုး ဖြစ်ကြောင်းသိရှိနိုင်ပါတယ် 
ခန္တာကိုယ်မှာ ရှိတဲ့အကြိတ်တွေအားလုံး ယောင်ယမ်းနေတာမျိုးမဟုတ်ပဲ တစ်နေရာတည်းကအကြိတ် တွေသာယာင်ယမ်းနေတာဆိုရင်တော့ အဲဒီနားက 
ခန္တာကိုယ်အစိပ်အပိုင်းမှာ (tumor)လို့ခေါ်တဲ့ ကင်ဆာအပျော့စားအဖုအကြိတ်တစ်မျိုး ဖြစ်နေခြင်း(သို့) အဲဒီနေရာတစ်ဝိုက်မှာတင် ကွက်ပြီး ရောဂါပိုးဝင်ရောက်နေပြီဆိုတာကိုသိရှိနိုင်ပါတယ် ၊ နောက်ပြီးတော့ ကုသမှုမစတင်မီနဲ့  ကုသနေစဉ် အတွင်းခန္တာကိုယ်မှာ ရှိတဲ့အကြိတ်တွေရဲ့အနေအထား ပြောင်းလဲခြင်းရှိမရှိ စောင့်ကြည့်ခြင်း အားဖြင့် ကုသချက်ထိရောက်မှုရှိမရှိကိုလည်း ခန့်မှန်းသုံးသပ်နိုင် ပါသေးတယ် ၊ 
ဖော်ပြထားတဲ့ပုံကတော့ခွေးရဲ့န္တာကိုယ်မှာကိုယ်တွယ်စမ်းသပ်နိုင်တဲ့အကြိတ်တွေပဲ ဖြစ်ပါတယ် ၊
(mandibular)အကြိတ်ဟာမေးရိုးရဲ့ထောင့်နားမှာတည်ရှိပြီး တံတွေးဂလင်းတွေရဲ့အောက်ဖက် ၊ 
ရှေ့ယွန်းယွန်းလောက်မှာတည်ရှိနေတာကိုတွေ့နိုင်ပါတယ် ၊ အဲဒီ(mandibular)အကြိတ်တွေဟာ 
တံတွေးဂလင်းတွေနဲ့စာရင်ပိုမိုနူးညံ့ပျော့ပျောင်းပြီး ကြက်ဥအသေးစားပုံသဏ္ဍာန်ရှိပါတယ် ၊ လက်တွေ့ 
စမ်းကြည့်တဲ့အတွေ့အကြုံများလာရင် တံတွေးဂလင်းနဲ့(mandibular)အကြိတ်ကို လွယ်ကူစွာခွဲခြားသိရှိနိုင်ပါတယ် ၊

(prescapular)အကြိတ်ကတော့ လက်ပြင်ရိုးရှေ့ပိုင်းနားမှာရှိပြီး ၊ 
လက်ပြင်ရိုးရဲ့အောက်ထဲကိုလက်နဲ့ နှိုက်က်စမ်းကြည့်ရင်တွေ့နိုင်ပါတယ် ၊အ၀လွန်ပြီးကြွက်သားထူ 
တဲ့ခွေးတွေမှာတော့ စမ်းသပ်တွေ့ရှိနိုင်ဖို့ ခက်ပါတယ် ၊  

ခွေးရဲ့ချိုင်းကြားနေရာမှာရှိတဲ့(axillary)အကြိတ်ကတော့ ချပ်ပြားဝိုင်းပုံရှိတဲ့အပြင် သူ့ရဲ့အနီးတစ်ဝိုက်မှာ 
ထူထဲတဲ့ကြွက်သားမြှောင်းတွေရှိနေတာကြောင့်ကိုင်တွယ်စမ်းသပ်တွေ့ရှိနိုင်ဖို့အလွန်ခက်ပါတယ်၊
(inguinal)အကြိတ်ကတော့ဝမ်းဗိုက်နဲ့ ပေါင်တံရဲ့အလည်ပိုင်းထိစပ်နေတဲ့နေရာနားမှာတည်ရှိနတာကို 
ကိုင်တွယ်သိရှိနိုင်ပါတယ် ၊ အ၀လွန်တဲ့ခွေးတွေမှာတော့ အလွယ်တကူမတွေ့နိုင်ပါဘူး ၊  

(popliteal)အကြိတ်ကတော့ ဒူးဆစ်ရဲ့နောက်နားမှာထင်ထင်ရှားရှားတည်ရှိနေပြီး အလွယ်တကူ စမ်းသပ်တွေ့ရှိနိုင်ပါတယ် ၊ ခွေးတွေထက်ကြောင်တွေမှာပိုမိုထင်ရှားစွာတွ့ရှိနိုင်ပါတယ် ။

0 မှတ်ချက်များ to “အကြိတ်များကိုစမ်းသပ်ခြင်း(Lymph Nodes Palpation)”

Post a Comment