အမွေးကျွတ်ခြင်း အဝလွန်ခြင်း
ဒီလိုဖြစ်တာကတော့ခန္တာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်ပြီးသိုင်းရွိုက်ဟိုမုန်းအထွက်နည်းသွားလို့ဖြစ်လာတဲ့ hypothyroidism လို့ခေါ်တဲ့ရောဂါကြောင့်ဖြစ်ပါတယ်
ခန္တာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်လာတဲ့အခါကိုယ်ခံစွမ်းအားစနစ်ဟာ သိုင်းရွိုက်ဟိုမုန်းကိုထုတ်လုပ်ပေးနေတဲ့ သိုင်းရွိုက်ဂလင်းကိုပြန်လည်တိုက်ခိုက်ပါတယ်
အဲဒီအခါ သိုင်းရွိုက်ဟိုမုန်းထွက်ရှိမှုလျော့ကျလာတဲ့အတွက် မလူပ်ရှားချင်တာမျိုးလက္ခဏာကိုစတင်တွေ့ရှိလာမှာဖြစ်ပါတယ်
အစားအသောက်သိပ်မစားပေမယ့်လည်းအဝလွန်လာတတ်ပါတယ်
ဒါပေမယ့် ဦးခေါင်းပိုင်းနဲ့မျက်နှာပိုင်းကကြွက်သားတွေကတော့သိမ်လာတာကိုတွေ့ရတတ်ပါတယ်
ရောဂါအရှိန်ရလာရင်တော့ ခန္တာကိုယ်အနှံ့ကအမွှေးတွေကျွတ်လာတတ်ပါတယ်
ဒီရောဂါဖြစ်တာဟုတ်မဟုတ်ကို hypothyroidismဖြစ်မဖြစ်သွေးစစ်ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်
ဒီရောဂါဖြစ်တာသေချာရင်တော့ thyroid ဟိုမုန်းကိုထိုးနှံခြင်းဖြင့်ကုသပေးနိုင်ပါတယ်