«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

21 Jan 2019

ကြောင်ကျောက်ရောဂါ (Feline panleukopenia)

,

ဒီရောဂါကိုကူးစက်တတ်သောအူယောင်ရောဂါ(felineinfectiousenteritis)

‌ကြောင်ကျောက်ရောဂါ(feline distemper) စသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်

ဒါပေမယ့် ခွေးတွေမှာဖြစ်ပွားတဲ့ခွေးကျောက်ရောဂါပိုးနဲ့ ဆက်နွယ်ပတ်သက်ခြင်းလုံးဝမရှိပဲ 

တခြားစီသီးသန့်ဖြစ်တဲ့ဗိုင်းရပ်ပိုးအမျိုးအစားဖြစ်ပါတယ်

ကြောင်ပေါက်စလေးတွေမှာဒီရောဂါဖြစ်ရင် သေနှုန်းအလွန်များတတ်ပါတယ်

ဒီရောဂါက ရောဂါဖြစ်နေတဲ့ကြောင်နဲ့ထိတွေ့ရင်ဖြစ်စေ ရောဂါဖြစ်နေတဲ့ကြောင်ကထွက်တဲ့

အညစ်အကြေးတွေနဲ့ ထိတွေ့မိရင်ဖြစ်စေ ကူးစက်ခံရပြီး အလွန်ကူးးစက်မြန်ပါတယ်

ရောဂါဖြစ်နေတဲ့ကြောင်ကိုကျွေးတဲ့အစာခွက် ရေခွက်ထဲကိုသွားစားမိသောက်မိရင်လည်း 

ကူးစက်ခံရတတ်ပါတယ် ရောဂါဖြစ်နေတဲ့ကြောင်ကိုပြုစုပြီးတဲ့လက်နဲ့ 

အခြားကြောင်ကိုကိုင်ရင်လည်း ကူးစက်တတ်

ပါတယ် ဒီရောဂါကိုဖြစ်စေတဲ့  ဗိုင်းရပ်ပိုး (panleukopenia virus)ဟာ 

ကြောင်တွေရဲ့ကာကွယ်ရေးစနစ်ဖြစ်တဲ့သွေးဖြူဥတွေကိုတိုက်ခိုက်

ဖျက်ဆီးပစ်ပြီးရောဂါဖြစ်စေတဲ့အတွက် သေနှုန်းများတဲ့ရောဂါလည်းဖြစ်ပါတယ်

ကြောင်ရဲ့ခန္တာကိုယ်ထဲကိုရောဂါပိုးဝင်ရောက်ပြီး(၁၀)ရက်ကနေ(၁၀)ရက်လောက်အတွ

င်း 

မှာ အစားအသောက်ပျက်လာပြီး105°F (40.5°C)အထိအပြင်းဖျားလာတတ်ပါတယ်

ရောဂါအရှိန်ရလာတာနဲ့အမျှ ခဏခဏအန်တတ်ပြီး ပါးစပ်မှာဝါသန်းသန်းအရောင်သည်ချေရည် 

အမြှုပ်တွေစွန်းပေနေတတ်ပါတယ်

ဒီရောဂါဟာ ဗိုက်နာတတ်တာကြောင့် နေပုံထိုင်ပုံဟာကုန်းကွကွဖြစ်နေတာကို 

သတိထားကြည့်ရင်သိနိုင်ပါတယ်
ကြောင်ဟာ ရေခွက်ရှိရာကိုမကြာခဏသွားပေမယ့် ရေကိုမသောက်ပဲ ရေခွက်အစစွန်းပေါ်

ကိုမေးတင်ပြီးနေတတ်ပါတယ်

ရေကိုသောက်ပြန်ရင်လည်း ချက်ချင်းလိုပြန်အန်တာကိုတွေ့ရပါမယ်သူ့ရဲ့ဝမ်းဗိုက်ပိုင်းကို 

ကိုင်ရင် နာကျင်စွာအော်တာကို တွေ့ရတတ်ပါတယ် ရောဂါဖြစ်စမှာ ဝမ်းပျော့တတ်ပေမယ့် 

နောက်ပိုင်းမှာတော့ ဝမ်းသွားနည်းလာတတ်ပါတယ် သွားပြန်ရင်လည်း 

သွေးစပါတဲ့ဝမ်းအရည်မျိုးသွားတာကို တွေ့နိုင်ပါတယ်

အသက်ငယ်တဲ့ကြောင်တွေမှာ ဒီရောဂါဟာရုတ်တရက်ဖြစ်လာတတ်ပြီး ပိုင်ရှင်ကမရိပ်မိခင်မှာပဲ 

အခြေအနေချက်ချင်းဆိုးလာကာသေဆုံးတတ်ပါတယ်

ဒီရောဂါဟာ ဗိုက်ထဲကကလေးတွေနဲ့ရက်သားကလေးတွေကိုလည်း ကူးစက်နိုင်ပါတယ် 

သိပ်ငယ်လွန်းတဲ့အရွယ်တွေဖြစ်တာမို့ ရောဂါဒဏ်ကိုမခံနိုင်တဲ့အတွက် ကူးစက်ခံရ

တဲ့ကြောင်လေးတွေရဲ့(၉၀%)ဟာသေဆုံးတတ်ပါတယ်သေဆုံးရခြင်းဟာ ဒီရောဂါကိုဖြစ်စေတဲ့ 

ဗိုင်းရပ်ပိုးကြောင့်ထက် ပြင်ပကနေထပ်မံဝင်ရောက်ဒုက္ခပေးတဲ့ဘက်တီးယားပိုးတွေကြောင့် 

သေဆုံးရတာက ပိုများတတ်ပါတယ် 

ဒီရောဂါဖြစ်တာဟုတ်မဟုတ်ခွဲခြားသိနိုင်ဖို့ဆိုရင်သွေးကိုဖောက်ယူပြီးသွေးဖြူဥပမာဏကို စစ်ဆေး

ကြည့်ရပါတယ်
 

ဒီရောဂါဖြစ်ပြီးပြန်ကောင်းလာတဲ့ကြောင်တွေဟာ တစ်နှစ်အတွင်းမှာတော့ ဒီရောဂါပြန်မဖြစ်နိုင်

ပါဘူး ဒါပေမယ့်သူကနေတဆင့်တော့တစ်ခြားကြောင်တွေကို‌ရောဂါပိုး

ကူးစက်စေနိုင်ပါသေးတယ်ဒီရောဂါကိုကုသပေးနိုင်ဖို့အတွက်ကတော့ ရောဂါဖြစ်လျှင်ဖြစ်ချင်း စောစောကုသနိုင်မှသာ

အခြေအနေကောင်းမှာဖြစ်ပါတယ်

ကုသတဲ့အခါ ပဋိဇီဝဆေးတွေထိုးနှံတိုက်ကျွေးဖို့အပြင် အစာအဟာရကောင်းအောင်ကျွေးဖို့နဲ့

ဓါတ်ဆားရည်ကိုမှန်မှန်တိုက်ပေးဖို့လည်းအလွန်အရေးကြီးပါတယ်

တစ်ခါတရံလိုအပ်တဲ့အခါ သွေးသွင်းကုသပေးရတာမျိုးလည်းရှိပါတယ်

ဒီရောဂါကိုဖြစ်စေတဲ့ရောဂါပိုး(panleukopenia virus)ဟာ အတော်လေးအသက်ပြင်းပါတယ် 

သာမန်အိမ်သုံးပိုးသတ်တဲ့ဖျန်းဆေးတွေလောက်နဲ့မသေနိုင်ပဲ ကောဇောနဲ့ ကြမ်းကြိုကြမ်းကြား 

မှာ အချိန်အတော်ကြာခိုအောင်းကာအသက်ရှင်နေနိုင်ပါတယ်

ဒီရောဂါပိုးကိုသုတ်သင်နိုင်တဲ့နည်းကတော့ အရောင်ချွတ်ဆေးမှုန့်ကို ရေနဲ့သင့်တော်ရုံဖျော်စပ်

ပြီး ကြောင်နေတတ်တဲ့နေရာတွေကြမ်းကြိုကြမ်းကြားနေရာတွေကို ပက်ဖျန်းပေးသင့်ပါတယ်

မိမိရဲ့ကြောင်တွေ panleukopenia virus ရောဂါကြောင့်အသက်ဆုံးရှုံးမှုမဖြစ်စေဖို့ 

ကာကွယ်ဆေးထိုးထားခြင်းသာလျှင်အကောင်းဆုံးဖြစ်ပါကြောင်းတင်ပြလိုက်ပါ တယ်

<

0 မှတ်ချက်များ to “ကြောင်ကျောက်ရောဂါ (Feline panleukopenia)”

Post a Comment