«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

15 Feb 2019

သွေးထဲက(BUN)နိုက်တြိုဂျင်ဓာတ်အကြောင်း

,
ခွေးကြောင်တွေရဲ့ရောဂါတွေကို ရှာဖွေကုသတဲ့အခါ သွေးကိုဖောက်ယူပြီး ပါဝင်နေတဲ့ဓါတ်အမျိုးကို ဓါတ်ခွဲခန်းမှာ စစ်ဆေးရပါတယ်
အဲဒီလိုစစ်ဆေးကြည့်ခြင်းအားဖြင့် ဖြစ်ပွားနေတဲ့ရောဂါကိုခန့်မှန်းနိုင်သလို ကိုယ်တွင်းအင်္ဂါတွေရဲ့ကျန်းမာရေး အခြေအနေကိုလည်းသိရှိနိုင်ပါတယ်
ဓါတ်ခွဲခန်းမှာ သွေးစစ်ဆေးမှုတွေအနက် BUN လို့ခေါ်တဲ့ သွေးထဲမှာပျော်ဝင်နေတဲ့ ယူရီးယားနိုက်တြိုဂျင်ဟာ ကျောက်ကပ်ရဲ့စွမ်းရည်ကောင်းသလားမကောင်းဘူးလာ ဆိုတာကိုထောက်လှမ်းသိရှိနိုင်တဲ့ဓါတ်ဖြစ်ပါတယ်
ကျောက်ကပ်ရဲ့စွမ်းရည်ကျဆင်းလာတာနဲ့အမျှ BUN ကပိုများလာလေ့ရှိပါတယ်
BUN ကိုကြည့်ပြီးနှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်းခန့်မှန်းနိုင်ပါသေးတယ် နှလုံးမှာတစ်ခုခုချို့ယွင်းမှုရှိလာရင် BUN လည်းပိုများလာတတ်ပါတယ်
BUN များနေတာဟာ Dehydration လို့ခေါ်တဲ့ ခန္တာကိုယ်အရည်ဓါတ်ခန်းခြောက်မှုရဲ့ခေါင်းလောင်းထိုးသံဖြစ်သလို BUN နည်းးနေတာကျပြန်တော့ ခန္တာကိုယ်အရည်ဓါတ်ခန်းစုပုံနေမှုဖြစ်ပြီး အဲဒီလိုစုပုံလာတတ်တဲ့ ဆီးလမ်းကြောင်းပိတ်ဆို့နေ မှုတွေရဲ့ခေါင်းလောင်းထိုးသံဖြစ်နေပြန်ကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “သွေးထဲက(BUN)နိုက်တြိုဂျင်ဓာတ်အကြောင်း”

Post a Comment