ခန္တာကိုယ်မှာအရေးပေါ်အခြေအနေတွေဖြစ်တဲ့ ထိတ်လန့်ခြင်း နာကျင်လွန်းခြင်း မောဟိုက်လွန်းခြင်း ရှော့ဖြစ်ခြင်းစတဲ့အခြေအနေတွေဖြစ်လာတဲ့အခါ ဦးနှောက်ထဲမှာရှိတဲ့ Adrenal Medulla(ခေါ်)Adrenal Cortex အကြိတ်ကနေ Epinephrine ဟိုမုန်းတွေထွက်လာပြီး ခန္တာကိုယ်ကချက်ချင်းဆောင်ရွက်ရမယ့် အရေးကြီးတဲ့အလုပ်တွေကို စီစဉ်ထိမ်းချုပ်ပေးပါတယ်
Epinephrine ဟိုမုန်းရဲ့ဆောင်ရွက်မှုတွေကတော့
(၁) ခန္တာကိုယ်ကနေဇီဝလုပ်ငန်းတွေကို အလျှင်အမြန်ဆောင်ရွက်လာအောင်စီစဉ်ပေးပါတယ်
(၂) ဒီဟိုမုန်းတွေကို စားဆေးအဖြစ်ပေးတဲ့အခါ အစာအိမ်ထဲမှာတင်ပျက်စီးသွားလေ့ရှိတဲ့အတွက် ခန္တာကိုယ်ကမရနိုင်တော့ပါဘူး
ဒါကြောင့်စားဆေးအဖြစ်အသုံးပြုလို့မရတဲ့အတွက် Adrenalin ထိုးဆေးအဖြစ်သာထုတ်လုပ်အသုံးပြုကြရပါတယ်
(၃) Epinephrine ဟိုမုန်းထွက်လာရင် သွေးပေါင်ကိုတက်စေပါတယ်
(၄) Epinephrine ဟိုမုန်းဟာ အသည်းထဲမှာယာယီသိမ်းဆည်းထားတဲ့ ဂလိုင်ကိုဂျင်အဆီတွေကိုဖြိုခွဲပြီး ဂလူးကို့စ်သကြားဓါတ်အဖြစ်ပြောင်းပေးနိုင်ပါတယ်
(၅) အသားဆိုင်တွေထဲမှာယာယီသိမ်းဆည်းထားတဲ့ ဂလိုင်ကိုဂျင်အဆီတွေကို Epinephrine ဟိုမုန်းက ဖြိုခွဲပြီး လက်တစ်အက်စစ်အဖြစ်ပြောင်းပေးနိုင်တဲ့အတွက် သွေးထဲမှာ lactate ဓါတ်ကိုတိုးပွာလာစေပါတယ်
(၆) Epinephrine ဟိုမုန်းဟာ အဆီတစ်သျှူးတွေကို နှိုးဆွပေးပြီး fatty acids တွေကိုသွေးထဲမှာများလာစေပါတယ်
(၇) Epinephrine ဟိုမုန်းဟာ ခန္တာကိုယ်တစ်ခုလုံးရဲ့ ဇီဝလုပ်ငန်းဆောင်ရွက်မှုတွေကိုမြင့်တက်လာစေနိုင်ပါတယ်
(၈) Epinephrine ဟိုမုန်းဟာ နှလုံးကိုနှိုးဆွပေးတဲ့အတွက် နှလုံးကြွက်သားတွေကို အားကောင်းကောင်းနဲ့ပိုမိုလျှင်မြန်စွာအလုပ်လုပ်လာစေပါတယ် အဲဒီအခါမှာ သွေးလည်ပတ်မှုများလာစေတဲ့အပြင် အစွန်အဖျားကသွေးလွှတ်ကြောအသေးလေးတွေကို ပွလာစေတဲ့အတွက် Epinephrine ဟိုမုန်းဟာ အရေပြားတစ်လျှောက်သွေးစီးအားကိုပိုကောင်းလာစေပါတယ်
(၉) Epinephrine ဟိုမုန်းဟာ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်ကကြွက်သားတွေ အသက်ရှုပြွန်ကကြွက်သားတွေနဲ့ ဆီးအိမ်ကကြွက်သားတွေကို ပျော့ပြောင်းသွားစေတဲ့အတွက် အသက်ရှူရခက်နေတဲ့အခါ အသက်ရှုချောင်သွားပြီး နေသာထိုင်သာရှိလာစေနိုင်ပါတယ်