«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Dec 2019

ဂျာမန်ရှက်(ပ)ဟတ်ခွေးများအားသားဖောက်ခြင်း

,
ဂျာမန်ရှက်(ပ)ဟတ်လို့ခေါ်တဲ့‌(GSD)ခွေးတွေဟာ သခင်ကိုသစ္စာအလွန်ရှိတဲ့အပြင် အခြေအနေပေါ်မူတည်ပြီး
မယုံနိုင်စရာကောင်းအောင် သခင်ကိုစောင့်ရှောက်ပေးတတ်ကြတဲ့ အတွက် ကမ္ဘာမှာလူကြိုက်အများ ဆုံးခွေးတွေဖြစ်ပါတယ်၊(GSD)ခွေးတစ်ကောင်ရဲ့တန်ဖိုးဟာမနည်းလှပါဘူး
(GSD)ခွေးတွေကိုသားတင်တာဟာအခြားခွေးမျိုးတွေလောက်မလွယ်လှပဲ၊အတွေ့အကြုံများစွာလိုအပ်ပြီး
အခက်အခဲတွေလည်းအများကြီးကြုံတွေ့ရနိုင်ပါတယ်
(GSD)ခွေးအမတွေဟာအသက်()နှစ်သားခန့်မှာသားတင်ပေးနိုင်တဲ့အရွယ်ကိုရောက်တတ်ကြပါတယ် ဒါပေမယ့် ပထမဦးဆုံးမြိုင်ပေါ်ချိန်နဲ့ ဒုတိယမြောက်မြိုင်ပေါ်ချိန်တွေမှာ သားတင်ပေးတာကိုမလုပ်သင့်ပါဘူး ဘာဖြစ်လို့လဲဆိုတော့အဲဒီအချိန်တွေမှာ ခွေးမဟာ အရွယ်ရောက်နေပြီလို့ဆိုပေမယ့် သူ့ရဲ့မျိုးပွားအင်္ဂါတွေ ဟာကိုယ်ဝန်ဆောင်နိုင်ဖို့အထိကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက်သားတင်ပေးလိုက်ရင်ခွေးမကိုယ်တိုင်ရဲ့
ကျန်းမာရေးအတွက်လည်းထိခိုက်လာနိုင်သလို သားငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုကိုလည်း အကောင်းဆုံးဖြစ် အောင်ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးလို့ဖြစ်ပါတယ်
(GSD)ခွေးအမနှင့်ပတ်သက်၍သိထားသင့်တဲ့အချက်များ
(GSD)ခွေးအမတွေရဲ့မျိုးပွားမှုဆိုင်ရာဖြစ်စဉ်တွေဟာ(GSD)ခွေးအထီးတွေလိုမဟုတ်ပဲ အလွန်သိမ်မွေ့ပြီး ရှုပ်ရှုပ်ထွေးထွေးရှိတတ်တာကိုသိထားသင့်ပါတယ် (GSD)ခွေးအမတွေရဲ့မြိုင်သံသရာHeat Cycle ဟာအသက်()လအရွယ်လောက်ကတည်းကစတင်နေပေမယ့်သားတင်ပေးလို့မရသေးပါဘူး(GSD)ခွေးမကို သားဖောက်တဲ့အခါမှာအကောင်းဆုံးကတော့ခွေးမရဲ့အသက်()နှစ်အရွယ် ရောက်မှသာသားတင်ပေးသင့်ပြီး အသက်()နှစ်ကျော်သွားရင် သားတင်ပေးတာမျိုးမလုပ်သင့်တော့ ပါဘူး
(GSD)ခွေးမတစ်ကောင်သားပေါက်ပြီးလို့ မြိုင်ပြန်ပေါ်လာတိုင်း တစ်သားပြီးတစ်သား အဆက်မပြတ်သားတင်ပေးခြင်းဟာခွေးမကိုယ်တိုင်ရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်သလိုအကောင်းဆုံး သားပေါက်တွေကို ရရှိနိုင်မှာမဟုတ်ပါဘူး၊ခွေးမဟာအသက်အရွယ်ရလာတာနဲ့အမျှအရည်အသွေးပြည့်ဝတဲ့   မျိုးဥတွေကို မထုတ်လုပ်နိုင်တော့တဲ့အပြင်ဇီးဆောင်နိုင်မှုစွမ်းရည်လည်းကျဆင်းသွားလေ့ရှိပါတယ်၊ ခွေးမအသက်ကြီးလာလေလေ ကလေးအသေမွေးနှုန်းနဲ့သားပျက်ကျနှုန်း များလာလေလေဖြစ်ပါတယ်
(GSD)ခွေးအထီးနှင့်ပတ်သက်၍သိထားသင့်တဲ့အချက်များ  
(GSD)ခွေးအထီးတွေကတော့ မျိုးပွားမှုကိစ္စမှာခွေးမတွေလောက်တော့ ရှုပ်ရှုပ်ထွေးထွေးမရှိလှပါဘူး
 (GSD)ခွေးအထီးတွေဟာလည်း ခွေးမတွေလိုပဲ အသက်()နှစ်သားခန့်မှာစတင်သားလိုက်နိုင်ကြပါတယ် ခွေးအထီးတွေဟာပုံမှန်အားဖြင့်အသက်()နှစ်သားအရွယ်ကနေ(၁၀)နှစ်သားအရွယ်အထိ ကောင်းမွန်စွာ သားလိုက်ပေးနိုင် ကြပါတယ်၊ အသက်(၁၀)နှစ်ကကျော်လာရင်တော့ သူတို့ရဲ့သုက်ပိုးအရည်အချင်း တွေကျဆင်းလာလေ့ရှိတဲ့အတွက် သားလိုက်ဖို့အတွက်အသုံးမပြုသင့်တော့ပါဘူး၊ အသက်()နှစ်သား အရွယ် ကနေ(၁၀)နှစ်သားအရွယ်အထိသားလိုက်ဖို့အသုံးပြုနိုင်တယ်ဆိုပေမယ့် အဲဒီကာလအတွင်းမှာ လည်း  အကြောင်းမျိုးစုံကြောင့်သုက်ပိုးအရည်အချင်းကျဆင်းသွားတာမျိုးတွေဖြစ်တတ်တဲ့အတွက်သားလိုက်ခွေးထီး ရဲ့သုက်ရည်ကိုပုံမှန်စစ်ဆေးမှုတွေ မပြတ်လုပ်နေသင့်ပါတယ်
ခွေးထီးနဲ့ခွေးမရဲ့အသက်အရွယ်ကြောင့်သားပေါက်ငယ်လေးတွေအပေါ်သက်ရောက်မှုတွေအများကြီးရှိတဲ့ အတွက်ကြောင့် ခွေးကိုသားတင်ပေးတဲ့အခါမှာ အရည်အသွေးကောင်းမွန်ပြီးကျန်းမာတဲ့သားပေါက်ငယ်လေး တွေရရှိလာနိုင်ဖို့အတွက် ခွေးထီးနဲ့ခွေးမကိုရွေးချယ်ရာမှာ အသက်အရွယ်ကိုဂရုစိုက်ဖို့အရေးကြီးပါတယ် ခွေးထီးဖြစ်စေခွေးမကဖြစ်စေသားဖောက်ဖို့အကောင်းဆုံးအရွယ်အဖြစ်သတ်မှတ်ထားတဲ့အရွယ်ထက်အသက် ငယ်နေရင်ဖြစ်စေကြီးနေရင်ဖြစ်စေ အရည်အသွေးကောင်းမွန်ပြီးကျန်းမာတဲ့သားပေါက်ငယ်လေးတွေရရှိလာ နိုင်မှာမဟုတ်ဘူးဆိုတာကိုအထူးသတိပြုသင့်ပါတယ်၊
သတ်မှတ်ချက်ထက် အသက်ကြီးတဲ့ခွေးမနဲ့ သတ်မှတ်ချက်ထက် အသက်ငယ်တဲ့ခွေးမကို သားတင်ပေး မှုရဲ့ရလာဒ်တွေကိုသုတေသနပြုကြည့်တဲ့အခါမှာတော့အသက်ငယ်တဲ့ခွေးမကိုသားတင်ပေးမိခြင်းဟာကလေး အသေမွေးခြင်း သားပျက်ကျခြင်းတွေပိုဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်
()နှစ်သားအရွယ်ခွေးမကိုသားတင်ပေးမိရင်မွေးဖွားချိန်မှာအရိုးကွင်းမပွင့်နိုင်တဲ့အတွက်ကလေးတွေသေဆုံး နိုင်တဲ့အပြင်ခွေးမကိုယ်တိုင်လည်း အသက်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါတယ်
အသက်လွန်နေတဲ့ခွေးမကိုသားတင်ပေးမိခြင်း
အသက်လွန်နေတဲ့ခွေးမကိုသားတင်ပေးမိရင်ကလေးအသေမွေးခြင်းနဲ့သားပျက်ကျခြင်းတွေဖြစ်လာနိုင်ပါတယ်
ခွေးရဲ့အသက်ကြီးလာတာနဲ့အမျှမျိုးဥတွေရဲ့အရည်အသွေးကျဆင်းလာတာကြောင့်ကလေးတွေဟာချူခြာပြီး  မွေးဖွားချိန်မှာ အခက်အခဲတွေ့ရမှာဖြစ်ပါတယ် အသက်ကြီးနေတဲ့ခွေးမဟာ နို့ထွက်မကောင်း တဲ့အတွက် ကလေးတွေနို့မဝတာမျိုးဖြစ်ပြီးရောဂါထူလာတတ်တဲ့အပြင်အချိန်စောပြီးနို့ခမ်းသွားတတ်တဲ့အတွက် သား ပေါက်ငယ်လေးတွေသေနှုန်းမြင့်လေ့ရှိပါတယ်
(GSD)ခွေးတွေကိုသားတင်ပေးတော့မယ်ဆိုရင်ကျန်းမာရေးကောင်းနေတဲ့ခွေးအထီးနဲ့ခွေးမတွေကိုသာအသုံးပြု သင့်တဲ့အပြင် အကောင်းဆုံးမျိုးဆက်တွေရရှိလာစေဖို့အတွက် မျိုးရိုးကောင်းပြီး အဆင့်မီ အရည်အချင်း ပြည့်ဝတဲ့ခွေးအထီးနဲ့ခွေးမတွေကိုသာရွေးချယ်သားဖောက်သင့်ပါတယ်အခက်အခဲများစွာကြုံရ နိုင်တာကြောင့်အတွေ့အကြုံရှိသူတွေရဲ့အကြံဉာဏ်တွေကိုရယူသင့်တဲ့အပြင် မျိုးရိုးဗီဇကောင်းတဲ့သားပေါက် တွေရရှိဖို့အတွက်ဘယ်ခွေးထီးကိုရွေးချယ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးတိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့ အကြံဉာဏ် ကိုလည်းရယူသင့်ကြောင်းတင်ပြအပ်ပါတယ်

0 မှတ်ချက်များ to “ဂျာမန်ရှက်(ပ)ဟတ်ခွေးများအားသားဖောက်ခြင်း”

Post a Comment