«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Dec 2019

အပူဒါဏ်သင့်ခြင်း(Heat Stroke)

,
ခွေးတွေဟာပူပြင်းတဲ့ရာသီဥတုမျိုးမှာ”Heat Stroke” လို့ခေါ်တဲ့အပူဒါဏ်သင့်ခြင်းကို ခံစားရတတ်ပါတယ် ၊ အပူဒါဏ်သင့်ခြင်းဖြစ်တဲ့အခါအသက်အန္တရာယ်အထိဖြစ်လာတတ်တဲ့အတွက်မပေါ့ဆ
သင့်ပါဘူး ခွေးတွေမှာထူးခြားတဲ့အချက်ကတော့ လူအပါအဝင်အခြားတိရစ္ဆာန်တွေမှာလို ချွေးကိုထွက်စေတဲ့ချွေးဂလင်း တွေမပါရှိခြင်းပဲဖြစ်ပါတယ်၊အဲဒါကြောင့်ပတ်ဝန်းကျင်
ရာသီဥတုပူပြင်းလာတဲ့အခါခွေးတွေဟာခန္တာကိုယ် အတွင်းမှာစုမိလာတဲ့အပူဓာတ်ကို
ချွေးထွက်စေခြင်းအားဖြင့်စွန့်ထုတ်ပြီးအပူချိန်ကိုထိမ်းညှိနိုင်ခြင်းမရှိပါဘူး၊ အဲဒီအားနည်းချက်ကြောင့် ခွေးတွေအပူဒါဏ်သင့်တဲ့အခါအသက်အန္တရာယ်အထိရှိလာ
တတ်ပါတယ်။
(၁) ခန္တာကိုယ်အပူချိန်ဟာ (104-110)ံF အထိရုတ်တရက်တက်လာခြင်း
(၂) အလွန်အမင်းမောဟိုက်လာခြင်း
(၃) လျှာရဲ့အရောင်ဟာပန်းရောင်ကနေ နီရဲရဲ(သို့)ညိုပုပ်ပုပ်ဖြစ်လာခြင်း
(၄) လျှာရည်မထွက်တော့ခြင်း(သို့)ပျစ်တွဲတွဲဖြစ်လာခြင်း
(၅) နှာခေါင်းချွေးမထွက်တော့ခြင်း
(၆) လမ်းလျှောက်တဲ့အခါ ခယိုခယိုင်ဖြစ်လာခြင်းနဲ့
(၆) ဝမ်းလျှောဝမ်းပျက်ဖြစ်လာခြင်းစတဲ့လက္ခဏာတွေဟာ အပူဒါဏ်သင့်နေတဲ့လက္ခဏာတွေဖြစ်ပါတယ်
မိမိရဲ့ခွေးမှာအထက်ပါလက္ခဏာများတွေ့ရှိလာပါကအောက်ပါအချက်များကိုချက်ချင်း ဆောင်ရွက်သင့်ပါတယ်
(၁) ခွေးရဲ့ခြေဖဝါးနေရာတွေကို ချက်ချင်းအရက်ပျံဆွတ်ပေးဖို့လိုပါတယ်
(၂) ရေအေးအေးကို အဝတိုက်ပေးရပါမယ်
(၃) ခွေးရဲ့ခန္တာကိုယ်ပေါ်ကို ရေအေးအေးလောင်းပေးခြင်း(သို့) ခွေးကိုရေကူးခိုင်းခြင်းတို့ပြုလုပ်ပေးနိုင်ပါ တယ်
(၄) မိမိရဲ့ခွေးကို လှုပ်လှုပ်ရှားရှားသိပ်မလုပ်စေဖို့အတွက်တိတ်ဆိပ်ငြိမ်သက်တဲ့ အခန်းထဲကိုပြောင်းရွှေ့ထား သင့်ပါတယ်
(၅) အဲယားကွန်းအခန်းရှိလျှင် အဲယားကွန်းအခန်းထဲကိုပြောင်းရွှေ့ထားသင့်ပါတယ်
(၆) အဲယားကွန်းအခန်းမရှိလျှင်တော့ အရိပ်ရပြီးလေတိုက်နေတဲ့နေရာပြောင်းရွှေ့ထား 
သင့်ပါတယ်
(၇) နောက်ဆက်တွဲပြသနာတွေကိုကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကု ဆရာဝန်ရဲ့အကူအညီကိုရယူဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “အပူဒါဏ်သင့်ခြင်း(Heat Stroke)”

Post a Comment