«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Dec 2019

စနစ်တကျသားစပ်ပညာ- Canine breeding management

,
ခွေးမတစ်ကောင်ရဲ့မြိုင်သံသရာအဆင့်ကိုသိရှိနိုင်ဖို့အတွက် vaginal cytology လို့ခေါ်တဲ့ ခွေးမရဲ့မျိုးပွား လမ်းကြောင်းတစ်လျှောက်မှာပြောင်းလဲနေတဲ့ဆဲလ်တွေကို စောင့်ကြည့်စစ်ဆေးခြင်းဟာ ကုန်ကျစရိတ် အလွန်များတဲ့အပြင် မြိုင်သံသရာရဲ့အဆင့်ကိုလည်း အတိအကျမသိနိုင်ပါဘူး၊ အဲဒါကြောင့် ကုန်ကျစရိတ် လည်းသက်သာပြီး ထိရောက်မှန်ကန်စွာသိရှိနိုင်တဲ့ vaginoscopy လို့ခေါ်တဲ့ အမမျိုးပွား လမ်းကြောင်း အတွင်းကို  Vaginoscope ကိရိယာထည့်သွင်းပြီးစောင့်ကြည့်တဲ့နည်းနဲ့ သွေးထဲမှာပြောင်းလဲနေတဲ့ ဟိုမုန်းတွေရဲ့ပမာဏကို စစ်ဆေးစောင့်ကြည့်တဲ့နည်းတွေကို ပူးတွဲအသုံးပြုပြီး ခွေးမရဲ့မြိုင်အဆင့်ကို စောင့်ကြည့်လေ့ရှိကြပါတယ်။
အမမျိုးပွားလမ်းကြောင်းအတွင်းသို့ကြည့်နိုင်သည့် Vaginoscope ကိရိယာ
 
Vaginoscopy ဆိုတာက လူတွေမှာ ကလေးအထူးကုဆရာဝန်တွေအသုံးပြုတဲ့ စအိုထဲကိုထည့်သွင်းပြီး အခြေအနေတွေကို မျက်မြင်စစ်ဆေးကြည့်ရှုတဲ့ကိရိယာလိုပဲ ခွေးမတွေရဲ့မျိုးပွား  လမ်းကြောင်းထဲကို ထည့်သွင်းပြီး အတွင်းထဲကအခြေအနေတွေကိုမျက်မြင်စစ်ဆေးကြည့်ရှုနိုင်တဲ့ ကိရိယာဖြစ်ပါတယ်၊ ခွေးမတွေရဲ့မျိုးပွားလမ်းကြောင်းအတွင်းကနံရံတွေရဲ့ အရောင်အဆင်းနဲ့ထိတွေ့ရမှု အနေအထားတွေဟာ မြိုင်ကာလတစ်လျှောက်လုံးမှာ ပုံသေစနစ်နဲ့ပြောင်းလဲနေတာဖြစ်တဲ့အတွက်  Vaginoscope ကိရိယာနဲ့ ကြည့်ပြီး ခွေးရဲ့မြိုင်အဆင့်ကိုသိရှိနိုင်တာဖြစ်ပါတယ်၊ ခွေးမတွေရဲ့မျိုးပွားလမ်းကြောင်းထဲက အတွင်းနံရံတွေ ဟာ မြိုင်သံသရာရဲ့အစပိုင်းကာလတွေမှာတော့ အမဟိုမုန်းထွက်ပေါ်လာမှုကြောင့် အပြောင်းအလဲတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး မြိုင်သံသရာရဲ့နောက်ပိုင်းကာလရဲ့အပြောင်းအလဲတွေကတော့အဖိုဟိုမုန်းထွက်ပေါ် လာမှုကြောင့်ပြောင်းလဲခြင်းတွေဖြစ်ပါတယ်။
ခွေးမတစ်ကောင်ရဲ့မြိုင်သံသရာတစ်လျှောက်မှာ  သွေးထဲမှာရှိနေတဲ့ အဖိုဟိုမုန်းProgesteroneရဲ့ပမာဏဟာ မြိုင်သံသရာရဲ့အဆင့်အလိုက်တိတိကျပြောင်းလဲနေတဲ့အတွက်သွေးထဲမှာရှိတဲ့အဖိုဟိုမုန်း Progesterone ကို စောင့်ကြည့်စစ်ဆေးနေခြင်းအားဖြင့် ခွေးမရဲ့မြိုင်ကာလတစ်လျှောက်လုံးမျိုးဥအိမ်ရဲ့အခြေအနေကိုသိရှိနိုင်ပါ တယ်။
မြိုင်ငုတ်ကာလ-Anestrus
မြိုင်ငုတ်နေတဲ့ကာလအတွင်းမှာ  ခွေးမရဲ့မျိုးပွားအင်္ဂါထဲကို Vaginoscope ကိရိယာနဲ့ကြည့်တဲ့အခါ အတွင်းနံရံတွေဟာချောမွေ့ပြီးပန်းရောင်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်၊အပေါ်ဖက်နံရံရဲ့အလည် တည့်တည့် နေရာမှာတော့မွေးကတည်းကသဘာဝအတိုင်းပါလာတဲ့လိုင်းတွန့်တစ်ခုကိုခွေးမတိုင်းမှာမြင်တွေ့ နိုင်ပါတယ်၊မြိုင်ငုတ်နေတဲ့ကာလအတွင်းမှာအဲဒီနံရံတွေအားလုံးဟာအလွန်ပါးလွှာနေတတ်တဲ့အတွက်ကြောင့်  Vaginoscope  ကိရိယာထည့်သွင်းတဲ့အခါမှာ  ညင်ညင်သာသာထည့်သွင်းဖို့လိုအပ် ပါတယ်
မြိုင်ငုတ်နေတဲ့ကာလတစ်လျှောက်လုံးမှာသွေးထဲကအဖိုဟိုမုန်းprogesteroneပမာဏဟာ1.0ng/mLနှုန်းရဲ့ အောက်မှာသာရှိနေတာဖြစ်ပြီး အမမျိုးဥအိမ်ဟာ အပြောင်းအလဲမရှိပဲငြိမ်နေတာဖြစ်ပါတယ်။
မြိုင်အစပြုကာလ-Proestrus  
မြိုင်ကာလပြီးဆုံးခါနီးအချိန်(anestrus)ကာလမှာ  အမဟိုမုန်း  Estrogen  တွေပြန်များလာပါတယ် မြိုင်အစပြုကာလ proestrus  ကိုနောက်တစ်ခါပြန်ရောက်လာသည်အထိ အဲဒီ Estrogen  တွေများနေ မှာဖြစ်ပါတယ်၊ အဲဒီလို Estrogen  တွေများနေခြင်းကြောင့် သားအိမ်တစ်ခုလုံးမှာရှိတဲ့သွေးကြောတွေ ကြုံ့သွားတဲ့ဖြစ်စဉ်ဖြစ်ပေါ်လာပြီး အမတန်ဆာကလည်းတဖြည်းဖြည်းယောင်ယမ်းလာပါတယ်။
ဒီလိုအချိန်မှာ အမအင်္ဂါအတွင်းထဲကို Vaginoscope ကိရိယာနဲ့ကြည့်တဲ့အခါ  ခန္တာကိုယ်နဲ့အပြိုင် တွန့်ခေါက်နေတဲ့ လိုင်းကြောင်းတွေ "primary folds"ကိုတွေ့မြင်ရမှာဖြစ်ပါတယ်၊ အတွင်းသားတွေဟာ ပန်းရောင်ဖြစ်နေပြီးတဖြည်းဖြည်းနဲ့အရောင်ဖျော့လာမှာဖြစ်ပါတယ်၊မြိုင်အစပြုကာလရဲ့နောက်ပိုင်းတွေ မှာလည်း အမတန်ဆာကယောင်ယမ်းနေဆဲရှိနေသေးပေမယ့် အမတန်ဆာအတွင်းထဲက ခန္တာကိုယ်နဲ့ အပြိုင်အတွန့်အခေါက်တွေရဲ့ ရှေ့ပိုင်းနေရာတွေမှာတော့ ခန္တာကိုယ်နဲ့ကန့်လန့်ဖြတ်လိုင်းများ ဖြစ်ပေါ် လာတာကိုတွေ့ရမှာဖြစ်ပါတယ်၊ အဲဒီကန့်လန့်ဖြတ်အတွန့်အခေါက်တွေကိုတော့ "secondary folds" တွေလို့ခေါ်ပါတယ် ဒီအဆင့်ရောက်ချိန်မှာတော့ အတွင်းသားတွေရဲ့အရောင်ဟာ ပန်းရောင်အဆင့်ထက်  ပိုပြီးဖျော့သွားတာကိုတွေ့နိုင်ပါတယ်။
ဒီအဆင့်ဟာသွေးထဲမှာအဖိုဟိုမုန်း progesterone  စတင်မြင့်တက်လာတဲ့အချိန်ဖြစ်ပြီး မြိုင်အစပြု ကာလ Proestrus အရှိန်ရလာတာနဲ့အမျှ ပိုများလာမှာဖြစ်ပါတယ် တစ်ချိန်တည်းမှာပဲ အမမျိုးဥအိမ်မှာ ရှိနေတဲ့ Thecal cells တွေဟာ မျိုးဥတွေကိုဝန်းရံပေးထားတဲ့အရည်အိတ်အဖြစ်သို့ စတင်ပြောင်းလဲနေ ပြီဖြစ်ပါတယ်(thecalcells)တွေဟာအမမျိုးဥအိမ်ထဲမှာရှိတဲ့ဆဲလ်တစ်မျိုးဖြစ်ပြီးဟိုမုန်းတွေကိုထုတ်လုပ် ပေး နိုင်တဲ့အပြင် လိုအပ်ချက်အရပုံစံအမျိုးမျိုးပြောင်းလဲဆောင်ရွက်ပေးနိုင်တဲ့ဆဲလ်တွေဖြစ်ပါတယ်။
အဖိုဟိုမုန်းတွေဟာသွေးထဲမှာဆက်လက်များပြားလာပြီး 1.0 ng/mL နှုန်းကျော်ကျော်အထိရောက်လာ တဲ့အခါ ဆက်တိုးမလာတော့ပဲ ရက်အတန်ကြာအောင် အဲဒီပမာဏအတိုင်းရှိနေတတ်ပါတယ်
အချိန်တစ်ခုရောက်တဲ့အခါမှာတော့  အဖိုဟိုမုန်း  progesterone  ပမာဏဟာ  2.0 ng/mL အထိ ရုတ်တရက်ဆောင့်တက်သွားမှာဖြစ်ပါတယ် ၊ အဲဒါဟာ ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီဂလင်းထဲကနေ မျိုးဥခြွေဟိုမုန်းတွေထွက်လာခြင်းကြောင့်ဖြစ်တဲ့အတွက် အဲဒီလိုအဖိုဟိုမုန်းဆောင့်တက်သွားတဲ့ရက်ကို မြိုင်ကာလရဲ့ “Day 0” အဖြစ်မှတ်သားထားရမှာဖြစ်ပါတယ်
အခုရှင်းပြခဲ့တဲ့အချက်တွေကတော့ မြိုင်ကာလမရောက်မီမြိုင်အစပြုကာလအတွင်းမှာခန္တာကိုယ်အတွင်းက သွေးထဲမှာ ဟိုမုန်းဓာတ်တွေထွက်ရှိနေပုံနဲ့မြိုင်ကာလရဲ့ဆက်နွယ်နေပုံတွေဖြစ်ပါတယ်။
မြိုင်ကာလ- Estrus
သွေးထဲမှာအဖိုဟိုမုန်းတွေများပြားလာပြီး အမဟိုမုန်းတွေကျဆင်းသွားတဲ့အခါ အမဟိုမုန်းတွေနဲ့အတူ သွေးကြောကိုကြုံစေတဲ့အာနိသင်ကလည်းလျှော့နည်းလာပါတယ်ဒါကြောင့်မို့အမအင်္ဂါယောင်ယမ်းနေ တာတွေဟာလည်းပြန်လည်လျော့သွားပါတော့တယ် အဲဒီအခါမှာအမအင်္ဂါဟာရှုံ့တွတွဖြစ်သွားပါတယ် အဲဒီရှုံ့တွနေတဲ့အရစ်လေးတွေကို "Crenulations" တွေလို့ခေါ်ပါတယ် ၊ ဒီအဆင့်ရောက်နေတဲ့အချိန်မှာ အမအင်္ဂါရဲ့အတွင်းသားတွေဟာ  အလွန်ထိခိုက်လွယ်တဲ့အနေအထားမှာဖြစ်နေတဲ့အတွက်  ဒီအချိန်မှာ Vaginoscope ကိရိယာနဲ့ကြည့်တဲ့အခါ ထိခိုက်မိပြီးတော့သွေးခြေဥတတ်ပါတယ်၊အဲဒီသွေးခြေဥတွေဟာ ကြီးမားပြီးနီရဲနေတတ်တဲ့အတွက်နှင်းဆီပန်းနဲ့တူနေတာကြောင့် အဲဒီသွေးခြေဥတွေကို အင်္ဂလိပ်လို  "Rosette sign" လို့ခေါ်ကြပါတယ်။
အဖိုဟိုမုန်းတွေဟာသွေးထဲမှာဆက်လက်များပြားလာပြီး မြိုင်သံသရာရဲ့ဒုတိယမြောက်နေ့(Day 2)မှာ တော့ 4.0 to 6.0 ng/mL နှုန်းအထိရောက်လာပါတယ် အဲဒီရက်ဟာမျိုးဥတွေကိုခြွေချတော့မယ့်ရက်ပဲ ဖြစ်ပါတယ်
ပထမဦးခြွေချလိုက်တဲ့မျိုးဥတွေဟာ  မရင့်ကျက်သေးတဲ့မျိုးဥ(Primary oocyte)တွေသာဖြစ်တဲ့အတွက် သားအောင်နိုင်ခြင်းမရှိသေးပါဘူး အဲဒီ (Primary oocyte)တွေဟာ သားအိမ်ချိုရဲ့ထိပ်ပိုင်းမှာကပ်နေပြီး နောက်(၂)ရက်အကြာမှာတကယ်တန်းသားအောင်နိုင်တဲ့မျိုးဥ(secondary oocyte)အဆင့်ကိုရောက်လာ ကြပါတယ် ၊ အဲဒီ(Secondary oocyte)တွေနဲ့ အထီးရဲ့သုက်ပိုးနဲ့တွေ့မိရင် သားအောင်ပြီးသားလောင်းဥ လေးတွေအဖြစ်ပြောင်းသွားကြမှာဖြစ်ပါတယ်
အဲဒီလို (Primary oocyte)ကနေ (Secondary oocyte)အဆင့်ကိုပြောင်းနေတဲ့အချိန်(၂)ရက်အတွင်းမှာ လည်း  အဖိုဟိုမုန်းပမာဏဟာ သွေးထဲမှာဆက်လက်များပြားနေဆဲဖြစ်ပြီး  သားအောင်နိုင်တဲ့ကာလ အပိုင်းအခြားရဲ့ပထမဆုံးရက်ဖြစ်တဲ့ (Day 4) အရောက်မှာဆိုရင်တော့ သွေးထဲမှာ  10.0ng/mLခန့်အထိ ရောက်ရှိလာတတ်ပါတယ်
သားအောင်နိုင်တဲ့ကာလအပိုင်းအခြားဟာ နောက်ထပ်(၂)ရက်(Day 6)အထိရှိနေဆဲဖြစ်ပြီး (Day 6)ကို ရောက်တဲ့အခါမှာတော့ သွေးထဲမှာဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့ အဖိုဟိုမုန်းတွေဟာ 22 ng/mL နှုန်းအထိရောက်ရှိလာတာကြောင့် ခွေးမရဲ့သားအိမ်ခေါင်းဝဟာပြန်ပိတ်သွားပါတော့တယ်၊ဒါကြောင့် မိမိရဲ့ ခွေးမဟာမြိုင်ပေါ်နေတိုင်းသားတင်လို့ သားမအောင်နိုင်ပဲ အဖိုတွေဟိုမုန်းဆောင့်တက်သွားတဲ့ရက် ဖြစ်တဲ့ မြိုင်ကာလရဲ့ Day 0 ကိုသိရှိအောင် သွေးကိုစနစ်တကျစစ်ဆေးပြီး  သားအောင်နိုင်တဲ့ရက်တွေ ဖြစ်တဲ့ “Day 4” နဲ့ “Day 6” အကြားရက်တွေမှာသာ သားတင်ပေးခြင်းကိုဆောင်ရွက်ရမှာဖြစ်ပါတယ်
သာမန်အားဖြင့်မြိုင်သံသရာမှန်နေတဲ့ခွေးမတစ်ကောင်ကို သားတင်ပေးတဲ့အခါ အထက်မှာရှင်းပြခဲ့သလို ရက်အလိုက်အဖိုဟိုမုန်းရဲ့ပြောင်းလဲမှုပမာဏကို စောင့်ကြည့်နေသင့်ပါတယ်။
ဖော်ပြခဲ့တဲ့ အဖိုဟိုမုန်း progesterone ရဲ့ပြောင်းလဲနေမှုနှုန်းတွေဟာ ခွေးမတစ်ကောင်ချင်းပေါ်အလိုက် အနည်းငယ်အပြောင်းအလဲရှိနိုင်ပေမယ့်မြိုင်သံသရာမှန်နေတဲ့ခွေးမတိုင်းအတွက်စံသတ်မှတ်ချက်အဖြစ်မှတ်ယူ  နိုင်ပါကြောင်းတင်ပြအပ်ပါတယ်။
                 ဒေါင်းလုပ်ယူရန် = = = »

0 မှတ်ချက်များ to “စနစ်တကျသားစပ်ပညာ- Canine breeding management”

Post a Comment