«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Dec 2019

အသည်းအတွင်း၌ရှိသော"GGT"အင်ဇိုင်းအကြောင်း

,
GGTလို့အတိုကောက်ခေါ်တဲ့ Gamma-glutamyltransferase အင်ဇိုင်းမှာ အခြားနာမည်တွေလည်း ရှိပါ 
 
သေးတယ် ၊ ခန္တာကိုယ်အတွင်းမှာ အဲဒီအင်ဇိုင်းက ဘာအလုပ်ကိုလုပ်တယ်ဆိုတာကို တိတိကျကျ မသိကြ 
 
သေးဘူးလို့ဆိုပါတယ် ၊ဒါပေမယ့် အဲဒီအင်ဇိုင်းကို အသည်းဆဲလ်တွေထဲမှာ အများအပြားတွေ့ရပြီး ခန္တာကိုယ် 
 
အတွက်လိုအပ်တဲ့အမိုင်နိုအက်စစ်တွေထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ GGT အင်ဇိုင်းက ပါဝင်ကူညီဆောင်ရွက် 
 
ပေးနေတယ်လို့ခန့်မှန်းကြပါတယ်။
 
အသည်းထိခိုက်ပျက်စီးတဲ့အခါ  သွေးထဲမှာ AP  နဲ့ AST  တို့ကဲ့သို့သောအသည်းထဲကအင်ဇိုင်းတွေများလာလေ့
 
ရှိတာကိုသိပြီးဖြစ်ကြပါတယ် ၊အသည်းထဲကအင်ဇိုင်းတစ်မျိုးဖြစ်တဲ့ GGT မြင့်တက်လာခြင်း ကတော့ 
 
သည်းခြေပြွန်နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ သည်းခြေအိတ်ကျောက်တည်ခြင်း၊သည်းခြေပြွန်ပိတ်ဆို့နေခြင်း
 
ဖြစ်နေကြောင်းပြသတဲ့သင်္ကတတစ်ခုအဖြစ်မှတ်ယူကြရပါတယ် ။
 
ကြောင်တွေမှာ အသည်းအကြိတ်တည်တဲ့အခါနဲ့ သရက်ရွက်ယောင်တဲ့အခါ သွေးထဲမှာ GGT အများကြီးမြင့်
 
တက်လာတာကိုတွေ့နိုင်ပါတယ် ၊ အသည်းအဆီဖုံးနေတဲ့အခါမှာတော့ GGT မြင့်တက်လေ့မရှိပါဘူး။
 
Corticosteroid ဆေးများကြောင့်လည်း GGTမြင့်တက်တတ်ပြီးသည်းခြေပြွန်ယောင်တဲ့အခါနဲ့သည်းခြေပြွန်
 
ထူနေတဲ့အခါများမှာလည်း GGT မြင့်တက်လာတတ်ပါတယ်။
 
GGT မြင့်တက်မှုပမာဏကြည့်ပြီး အသည်းရောဂါဖြစ်ပွားနေကြောင်းကိုပြောနိုင်ပေမယ့်  GGT မြင့်တက်မှု
 
ပမာဏနဲ့ အသည်းရောဂါရဲ့ပြင်းထန်မှုအတိုင်းအဆဟာဆက်စပ်မှုမရှိဘူးလို့ဆိုပါတယ်။
 
လူတွေရဲ့သွေးထဲမှာ GGT ပမာဏလျှော့နည်းနေခြင်းဟာ  Hypothyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟိုမုန်း 
 
ချို့တဲ့ခြင်းနဲ့ သွေးအတွင်းမဂ္ဂနီဆီယမ်သတ္တုပါဝင်မှုနည်းခြင်းတို့ရဲ့သင်္ကေတဖြစ်ပေမယ့် အိမ်မွေးတိရစ္ဆာန် 
 
တွေမှာတော့ GGT ပမာဏလျှော့နည်းနေခြင်းဟာဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျမသိရှိကြသေး 
 
ပါဘူး။

0 မှတ်ချက်များ to “အသည်းအတွင်း၌ရှိသော"GGT"အင်ဇိုင်းအကြောင်း”

Post a Comment