«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

2 Dec 2019

ခုခံအားကြောင့်ဖြစ်ပွားသောသွေးယိုရောဂါ (Immune-mediated thrombocytopenia-IMT)

,
လူအပါအဝင်သွေးနွေးသတ္တဝါတွေအားလုံးရဲ့သွေးထဲမှာ သွေးကိုခဲစေတတ်တဲ့ Platelet လေးတွေအများကြီး ရှိနေပါတယ် အဲဒီ Platelet တွေဟာခြင်ဆီရိုးထဲမှာရှိတဲ့ megakaryocyte လို့ခေါ်တဲ့ဆဲလ်တွေကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး တစ်ချို့က Thrombocytes တွေလို့လည်းခေါ်ကြပါတယ် Platelet တွေဟာ အသက် ရှင်သန်နေနိုင်ဖို့အတွက် မရှိမဖြစ်အရေးကြီးတာကြောင့် ခန္တာကိုယ်ကလည်းလိုအပ်သလောက်ကို သဘာဝ အလျှောက် အမြဲမပြတ်ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်
အဲဒီ Platelet  တွေကိုပျက်စီးစေပြီး လျှော့နည်းသွားစေတဲ့ရောဂါတွေရှိတဲ့အနက် IMT လို့အတိုကောက်ခေါ် ကြတဲ့ Immune-mediated thrombocytopenia ရောဂါကတော့ ခွေးကြောင်တွေရဲ့ကိုယ်ခံစွမ်းအားစနစ် ဖောက်ပြန်ရာကနေ ဖြစ်ပေါ်လာတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ် ကိုယ်ခံစွမ်းအားစနစ်ဖောက်ပြန်လာတဲ့အခါ သွေးထဲက Platelet  တွေကို အလွန်အကျွံရယူသုံးစွဲပစ်လိုက်တဲ့အတွက် ထုတ်လုပ်နိုင်မှုကလိုက်မမီတော့ တဲ့အခါ သွေးထဲမှာ Platelet  တွေနည်းပါးသွားပြီး သွေးယိုရောဂါ Immune-mediated thrombocytopenia ခေါ်(IMT) ဖြစ်ပွားလာပါတော့တယ်
ဒီရောဂါစတင်ဖြစ်ပွားချိန်အစပိုင်းမှာ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေပြသလေ့မရှိပါဘူး ဒါပေမယ့် သေချာသတိထားပြီးကြည့်တတ်သူ ဆိုရင်တော့ နှုတ်ခမ်းတွေရဲ့အတွင်းဖက်နားရွက်ရဲ့အတွင်းဖက်နဲ့ဝမ်းဗိုက် ရဲ့ အတွင်းဖက်နေရာတွေလို အမွှေးမပေါက်တဲ့နေရာတွေမှာ သွေးခြေဥနေတဲ့အကွက်ကလေးတွေပေါ်လာ တာကိုမြင်တွေ့ရနိုင်ပါတယ်
အဲဒါကတော့ ခွေးရဲ့သွေးထဲမှာ ရှိသင့်ရှိထိုက်တဲ့ Platelet ပမာဏမရှိတော့တဲ့အတွက်သွေးမခဲတဲ့ဖြစ်စဉ် စတင်နေတဲ့လက္ခဏာဖြစ်ပြီး အမွှေးအမျှင်မရှိတဲ့နေရာတွေဖြစ်လို့ အလွယ်တကူမြင်ရတဲ့သဘောဖြစ်ပါတယ် ရက်နည်းနည်းကြာလာတာနဲ့အမျှ မျက်လုံးတို့ နှာခေါင်းတို့ကနေသွေးယိုလာတာမျိုးနဲ့ ဆီးတွေဝမ်းတွေ သွားတဲ့အခါမှာ သွေးစတွေပါလာတာမျိုးတွေဖြစ်လာတတ်ပါတယ် ၊ ဒီလိုအခြေအနေမျိုးဖြစ်နေတာကို အချိန်မီကုသခြင်းမရှိရင်တော့ အခြေအနေဟာပိုဆိုးလာပြီး ရင်ခေါင်းနဲ့အဆုပ်ထဲမှာသွေးတွေယိုစိမ့်လာတဲ့ အတွက် သွေးလွန်ကာအသက်ဆုံးရှုံးသွားတတ်ပါတယ် အဲဒီလိုအချိန်မှာသွေးကိုဖောက်ယူပြီးဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရင် Platelet တွေရဲ့ပါဝင်မှုဟာ 40,000/ul ရဲ့အောက်အထိလျှော့နည်းနေတာကိုတွေ့ရမှာ ဖြစ်ပါတယ် ဒီရောဂါကိုကုသဖို့ အကောင်းဆုံးကုထုံးရယ်လို့ မရှိသေးပဲ ၊ ယေဘုယျအားဖြင့် ခွေးရဲ့ကိုယ်ခံ စွမ်းအားကိုလျှော့ကျစေတဲ့ဆေးတွေနဲ့သာကုသပေးရမှာဖြစ်ပါတယ် ဖြစ်ပွားနေတဲ့အခြေအနေပေါ် မူတည်ပြီး ကုသတဲ့ဆရာဝန်ကစဉ်းစားသုံးသပ်ကာ လိုအပ်သလိုကုထုံအမျိုးမျိုးနဲ့ကုသပေးကြရတာဖြစ်ပါတယ် ၊ တိရစ္ဆာန်ဆေးပညာဆိုင်ရာပါရဂူ ဒေါက်တာ Rance K. Sellon(DVM, PhD, DACVIM) ရဲ့ အယူအဆအရ Prednisolone စားဆေးကို 1 mg/kg နှုန်းနဲ့(၁၂)နာရီခြားတိုင်း တိုက်ကျွေးရမှာဖြစ်ပြီး တစ်ပြိုင်တည်းမှာ Azathioprine(IMURAN)စားဆေးကိုလည်း 1-2 mg/kg နှုန်းနဲ့(၁၂)နာရီခြားတိုင်းတိုက်ကျွေး ရမှာဖြစ်ပါ တယ် ၊ အဲဒီလိုဆေးတိုက်ကျွေးမှုကို(၁၄)ရက်တိတိ ရက်မပျက်စေပဲပြုလုပ်ဖို့ အကြံပြုထားပါတယ်
ခွေးရဲ့ကိုယ်ခံစွမ်းအားကျစေဖို့အတွက် cyclosporine A ဆေး(သို့) leflunomide ဆေးကိုလည်းအသုံးပြုနိုင် ကြောင်း ဆရာကြီးကဆက်လက် အကြံပြုထားပါသေးတယ်
ဖြစ်ပွားနေတဲ့အခြေအနေပေါ်မူတည်ပြီး ဓာတ်ဆားရည်ပုလင်းကြီးချိတ်ပေးခြင်းနဲ့ သွေးသွင်းကုသပေးခြင်း ကိုလည်း လိုအပ်ရင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် တိရစ္ဆာန်ရောဂါကုဆရာဝန် ‌ဒေါက်တာ Leah Cohn ကတော့ ကင်ဆာရောဂါကုသဆေးတစ်မျိုးဖြစ်တဲ့ vincristine ဆေးကို (0.02 mg/kg) နှုန်းနဲ့အကြောကနေ တစ်ကြိမ်သွင်းပေးပြီး Barium Sulfateဆေးကိုတိုက်ကျွေးပေးခြင်း အားဖြင့် အူအတွင်းမှာသွေးယိုစိမ့်နေမှုကို သက်သာစေနိုင်ကြောင်းသုတေသနတစ်ခုပြုလုပ်ပြီးသက်သေပြခဲ့ပါတယ်ဒီလိုကုသပေးနေစဉ်အတွင်းသွေးထဲမှာရှိတဲ့ Platelet ပမာဏ ပြန်လည်မြင့်တက်လာရင်တော့ ၊ ဒီရောဂါဟာ သက်သာပျောက်ကင်းလာနိုင်တယ်လို့ဆိုနိုင်မှာဖြစ်ပြီး၊ကုသပေးနေစဉ်အတွင်း သွေးထဲမှာရှိတဲ့ BUN ပမာဏ မြင့်တက်လာတာကို စစ်ဆေးတွေ့ရှိရရင်တော့ ရောဂါသက်သာပျောက်ကင်းလာနိုင်ဖို့မြော်လင့်ချက်နည်းပါး ကြောင်းတင်ပြ အပ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် = = »» ပါဗိုဗိုင်းရပ်သွေးဝမ်းရောဂါ

0 မှတ်ချက်များ to “ခုခံအားကြောင့်ဖြစ်ပွားသောသွေးယိုရောဂါ (Immune-mediated thrombocytopenia-IMT)”

Post a Comment