«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

4 Dec 2019

ပုလိပ်ရောဂါ(Yersiniosis)

,

ဒီရောဂါကတော့ လုံးဝိုင်းတဲ့ပုံစံရှိတဲ့ ဘက်တီးရီးယားရောဂါပိုးတွေကြောင့်ဖြစ်ပွား တာပါ ၊ ခွေးကြောင်တေွမှာ ပုလိပ်ရောဂါကိုဖြစ်စေတဲ့ Yersinia  ရောဂါပိုးမျိုးကွဲ(၃)မျိုး ရှိပါတယ် Yersinia pestis , Yersinia enterocolitica  နဲ့ Yersinia pseudotuberculosis တို့ဖြစ်ပါတယ်

Yersinia pestis ကတော့ကြွက်တွေနဲ့လူတွေမှာလည်းပုလိပ်ရောဂါကိုဖြစ်ပွားစေ ပါတယ် ၊ ဒီရောဂါဖြစ် နေတဲ့ကြွက်ကိုစားမိတဲ့ကြောင်တွေကိုလည်း ကူးစက်တတ်ပါ တယ် ၊ ကြောင်တွေမှာဒီရောဂါ ကူးစက်ဖြစ်ပွားလာတဲ့အခါ ကြောင်ရဲ့လည်ပင်းပိုင်းက အကြိတ်တွေ ယောင်လာပြီးပြည်တည်နာတွေ ဖြစ်လာတာကိုတွေ့နိုင်ပါတယ် ရောဂါပိုး တွေဟာ သွေးထဲကနေတဆင့် အဆုပ်ထဲကိုရောက်သွားရင်တော့ ကြောင်ဟာ အပြင်း ဖျားလာတတ်ပါတယ်၊ အဲဒီနောက်ပါးစပ်ထဲမှာအနာတွေပေါက်လာပြီးပါးစပ်ကို စစ်ဆေးကြည့်ရင်သူ့ရဲ့လျှာဟာနီရဲပြီးယောင်ယမ်းနေတာကိုတွေ့နိုင်ပါတယ်၊ပြင်ပ လက္ခဏာအနေနဲ့ကတော့ ဝမ်းဗိုက်ပိုင်းဟာဖောင်းနေတတ်ပြီးအန်ခြင်းနဲ့ဝမ်းလျှောခြင်းကိုလည်းတွေ့ရ နိုင်ပါတယ်၊ ရောဂါအခြေအနေ ဆိုးလာရင်တော့ရှော့ဖြစ်လာပြီးမေ့မြောကာ သေဆုံးသွားတတ်ပါတယ်
ခွေးတွေမှာဒီရောဂါဖြစ်လာရင်လည်းအပြင်းဖျားခြင်းကစတင်တတ်ပြီးကြောင်ရဲ့လည်ပင်းပိုင်းကအကြိတ်တွေ ယောင်လာပြီးနောက်ပြည်တည်နာတွေဖြစ်လာတာကိုတွေ့နိုင်ပါတယ်ခွေးဟာခေါင်းမထောင်နိုင်လောက်အောင် မှိုင်တွေနေတတ်ပြီးခဏခဏ အန်နေတာကိုတွေံနိုင်ပါတယ်
Y. enterocolitica ဘက်တီးရီးယားကတော့ ပုံမှန်ကျန်းမာနေတဲ့ ခွေးကြောင်တွေရဲ့ မစင်ထဲမှာဘာဝအတိုင်းရှိနေတတ်တဲ့အမျိုးအစားဖြစ်ပါတယ်သာမန်အားဖြင့် ဒုက္ခပေး လေ့မရှိပဲ ကိုယ်ခံအား ကျသွားတဲ့အခါမျိုးမှာတော့ ဝမ်းပျက်ပြီး အယိအချွဲနဲ့သွေးစတွေပါလာစေတတ်ပါတယ် ဒီပိုးဟာ ခွေးရဲ့အူထဲမှာရှိနေရင်တော့ ခွေးကိုအန္တရာယ်မဖြစ်စေပေမယ့် သွေးစီးကြောင်းအတိုင်းပါသွားပြီး နှလုံးထဲကို ရောက်သွားရင်တော့ နှလုံးကိုယောင်ယမ်းစေတတ်တဲ့အတွက် ရုတ်တရက်သေဆုံး တာမျိုးဖြစ်တတ်ပါတယ်
Y. pseudotuberculosis အမျိုးအစားကတော့ ခွေးတွေကိုရောဂါမဖြစ်တေပဲ ခွေးရဲ့ ခန္တာကိုယ်ထဲမှာ ခိုအောင်းနေလေ့ရှိတဲ့အမျိုးအစားဖြစ်ပါတယ် ၊ အမဲသားစိမ်းစားတဲ့ကြောင်တွေမှာတော့ဝမ်းဗိုက်ကိုမအီမသာဖြစ်စေတတ်ပြီးတဖြည်းဖြည်းနဲ့ပိန်ချုံးလာစေ တတ် တဲ့အပြင်ကြောင်ရဲ့ခန္တာကိုယ်အရည်ဓာတ်ကိုလည်းအလျှင်အမြန်ခန်းခြောက်စေတတ်ပါတယ်
Yersinia ရောဂါပိုအမျိုးအစားတွေကို tetracycline, gentamicin, cephalosporins နဲ့ Trimethoprim-sulfonamides  စတဲ့ပဋိဇီဝဆေးတွေနဲ့သုပ်သင်နိုင်ပါတယ်

0 မှတ်ချက်များ to “ပုလိပ်ရောဂါ(Yersiniosis)”

Post a Comment