ခွေးတွေမှာဖြစ်ပွားတဲ့အရေပြားမှိုစွဲရောဂါဟာသူတို့ရဲ့အရေပြားပေါ်မှာရှိတဲ့
Malassezia pachydermatis.လို့ ခေါ်တဲ့ yeast ပိုးတွေကြောင့် ဖြစ်လာရခြင်းဖြစ်ပါတယ်
ခွေးတိုင်းရဲ့ခန္တာကိုယ်ပေါ်မှာ
ဒီyeast ပိုးအကောင်လေးတွေဟာသဘာဝအတိုင်းအနည်းအကျဉ်း ရှိနေတတ် ပါတယ် ဒါပေမယ့်ခွေးကို ဘာမှအန္တရာယ်မဖြစ်စေပါဘူး
အဲဒီ
yeast ပိုးကောင်လေးတွေဟာသာမန်သဘာဝပတ်ဝန်းကျင်ရဲ့အခြေအနေမပေးမှု
ကြောင့်အများကြီး ပေါက်ပွားလာနိုင်ဖို့မလွယ်ပါဘူး ဒါကြောင့်လည်းရောဂါအဆင့်အထိ ဖြစ်မလာနိုင်တာဖြစ်ပါတယ်
ဒါပေမယ့်သူတို့ပွားများလာနိုင်တဲ့အခြေအနေတစ်ခုကိုရလိုက်ရင်လည်းအလွန်လျှင်မြန်စွာပွားများလာတတ် တဲ့အတွက်
ရက်ပိုင်းအတွင်းမှာ ကောင်ရေအများကြီးဖြစ်လာပြီး
အရေပြားမှိုစွဲရောဂါကိုဖြစ်ပွားစေပါတယ်
ခွေးတွေရဲ့သဘာဝမှာ
လူတွေလိုချွေးထွက်တာမျိုးမရှိပဲ သူတို့ရဲ့အရေပြားကနေ အနံ့အသက်ဆိုးတဲ့ အဆီတစ်မျိုးဟာ
နည်းနည်းချင်း ထွက်နေလေ့ရှိပါတယ် အဲဒီလိုခွေးဆီထွက်နေတာဟာပုံမှန်အတိုင်း ထွက်နေ ရာက
ရုတ်တရက်အများကြီးထွက်လာခြင်းကို Seborrhea လို့ခေါ်ပါတယ် ခွေးတွေမှာ Seborrhea
ဖြစ်လာ တဲ့အခါမျိုးမှာ အရေပြားမှိုစွဲရောဂါဖြစ်ပွားလာတတ်ပါတယ်
၊ခွေးကိုပုံမှန်ရေချိုးသန့်ရှင်းရေး လုပ်မပေး ခြင်း ၊
အာဟာရချို့တဲ့လို့ခုခံစွမ်းအားကျဆင်းသွားခြင်းနဲ့လေထဲကအမှုန်အမွှားတွေအရေပြားပေါ်လာရောက်
ကပ်ငြိ တာများလာရင် လည်း အရေပြားမှိုစွဲရောဂါဖြစ်ပွားလာတတ်ပါတယ်
၊
ကုသမှုမစတင်မီအချိန်တွင် တွေ့မြင်ရသောအခြေအနေ
အရေပြားမှိုစွဲခြင်းကိုကုသတဲ့အခါ
ဖြစ်ပွားရခြင်းအကြောင်းရင်းကိုသိထားဖို့က အလွန်အရေးကြီးပါတယ် ၊အကြောင်းရင်းမသိပဲကုသရင်ပျောက်ကင်းသက်သာဖို့မလွယ်တဲ့အတွက်အရေပြားမှိုစွဲလာရင်ရောဂါရှာဖွေရေး
အတွက်ဓာတ်ခွဲခန်းမှာစစ်ဆေးမှုတွေကို
သေသေခြာခြာစနစ်တကျပြုလုပ်ရပါတယ်
Malassezia pachydermatis လို့ခေါ်တဲ့ yeast ပိုးကြောင့်ဖြစ်ပွားတဲ့ အရေပြားမှိုစွဲရောဂါ ဟုတ်မဟုတ်သိရှိနိုင်ဖို့အတွက်
ရောဂါဖြစ်နေတဲ့နေရာကအရေပြားကိုခြစ်ပြီး ဆေးရည်တစ်မျိုးစွတ်ထားတဲ့ ဂွမ်းစနဲ့သုပ်ယူရပါတယ်
၊ အဲဒီအခါမှာပါလာတဲ့ အရာတွေကို အဏုကြည့်မှန်ပြောင်း microscope
အောက်မှာကြည့်ရင် ဒီရောဂါပိုးဟုတ်မဟုတ်သိရှိနိုင်ပါတယ် ၊
တစ်ချို့အရေပြားရောဂါတွေမှာတော့အရေပြား ကိုလှီးဖြတ်ယူပြီးမှရောဂါပိုးကိုစစ်ဆေးနိုင်တဲ့ရောဂါမျိုးတွေလည်းရှိပါတယ်Malassezip achydermatis လို့ခေါ်တဲ့ yeast ပိုးကြောင့်ဖြစ်ပွားတဲ့အရေပြားမှိုစွဲရောဂါဆိုရင်တော့စားဆေးတွေနဲ့လည်းကုသပေးလို့ ရပါတယ်
ဒီရောဂါပိုးကိုသုပ်သင်ပေးနိုင်တဲ့လိမ်းဆေးတွေလည်းရှိပါတယ်မိမိခွေးမှာဖြစ်ပွားနေတဲ့အခြေအနေ က
ခန္တာကိုယ်အနှံ့တစ်ကိုယ်လုံးမှာဆိုးဆိုးရွားရွား ဖြစ်ပွားနေတာဆိုရင်လိမ်းဆေးနဲ့စားဆေး(၂)မျိုးစလုံး အသုံးပြုသင့်ပါတယ်
အခြေအနေကတစ်အားမဆိုးပဲ
တစ်နေရာနှစ်နေရာလောက်မှာသာကွက်ပြီးဖြစ်နေတာဆိုရင်တော့လိမ်းဆေး လောက်နဲ့သာကုသသင့်ပါတယ်
အခြေအနေဆိုးလို့တိုက်ဆေးကျွေးမယ်ဆိုရင်တော့ Ketoconazoleစားဆေး နဲ့
Itraconazole စားဆေးတွေကိုတိုက်ကျွေးကုသနိုင်ပါတယ်
၊ ဘယ်ဆေးတိုက်သင့်တယ် ၊ ဘယ်လောက် ပမာဏတိုက်မယ် ၊ အချိန်ဘယ်လောက်ကြာကြာတိုက်ရမယ်ဆိုတာကိုတော့
တိရစ္ဆာန်ရောဂါကုဆရာဝန်က ခွေးရဲ့ကျန်းမာရေးအခြေအနေအပြင် ရောဂါရဲ့ပြင်းထန်မှုအခြေအနေကိုကြည့်ပြီး
ချိန်ဆဆုံးဖြတ်ပေးမှာဖြစ်ပါ တယ်
ခန္တာကိုယ်အနှံ့မှာဆိုးဆိုးရွားရွားဖြစ်နေရင်တော့မှိုသတ်ဆေးပါဝင်တဲ့ရေချိုးဆပ်ပြာ(Shampoo)တစ်မျိုးမျိုးနဲ့
ရေချိုးပေးဖို့လိုအပ်ပါတယ်
ခွေးတွေမှာ
ခွေးဆီအထွက်များလို့ဖြစ်လာတဲ့အရေပြားမှိုရောဂါဟာ သေသေချာချာကုသလို့ပျောက်ကင်းသွား ရင်တောင်မှ
အချိန်မရွေးပြန်ဖြစ်လာတတ်တာမို့ ပြန်ဖြစ်လာတဲ့အခါပြန်ကုသရုံသာရှိပါတယ် အရေပြားမှိုစွဲရောဂါကိုအောက်ပါကုထုံးများနဲ့ကုသပေးလေ့ရှိပါတယ်
အဲဒါတွေကတော့
(၁)
Ketoconazole စားဆေးနဲ့ကုသခြင်းဟာထိရောက်မှုနည်းပြီး ရေရှည်စွဲတိုက်ရတဲ့ဆေးဖြစ်ပေမယ့်
ကုန်ကျစရိတ်မများလှတဲ့အတွက်အကုန်အကျသိပ်မခံနိုင်သူတွေသုံးသင့်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်၊ဒီစားဆေး ကိုတိုက်မယ်ဆိုရင်
အချိန်(၄)လလောက်အထိ နေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်
(၂) Itraconazole စားဆေးဟာကုန်ကျစရိတ်များပေမယ့်
ကုသခြင်းဟာထိရောက်မှုရှိတဲ့အတွက် ၊
အကုန်အကျခံနိုင်သူတွေသုံးသင့်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်၊ဒီစားဆေးကိုတိုက်မယ်ဆိုရင်အချိန်(၂)လလောက်
အထိ နေ့စဉ်တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်
(၃)
Corticosteroids စားဆေး(မှိုရောဂါပိုးတွေကိုသုပ်သင်ဖို့အသုံးပြုရတဲ့
အထက်ပါဆေးတွေဟာ အသက်ရှူလေပြွန်ကိုယောင်ယမ်းစေတတ်တဲ့အတွက် အသက်ရှူကျပ်လာစေတတ်ပါတယ်
အဲဒီလိုမဖြစ်စေ ဖို့အတွက်Corticosteroidsထိုးဆေးတစ်ခုခုကိုကုသမှုရဲ့အစပိုင်းကာလတွေမှာအထိမ်းဆေးအဖြစ်တိုက်ကျွေး ပေးဖို့လိုအပ်ပါတယ်။
Corticosteroids ဆေးတွေကို
ရေရှည်စွဲပြီးတိုက်ကျွေးတာမျိုးမလုပ်ရပါဘူး ၊အကယ်၍ရေရှည်စွဲပြီး တိုက်ကျွေးခဲ့ရင်
အဲဒီဆေးကြောင့်ပဲ ရောဂါပိုးတွေကပိုမိုပွားများလာပြီးရောဂါအခြေအနေကအရမ်းဆိုးလာ တတ်ပြန်ပါကြောင်းတင်ပြအပ်ပါတယ်
ကုသမှု(၁)လမြောက်အချိန်တွင် တွေ့မြင်ရသောအခြေအနေ