«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

10 Aug 2020

ကြောင်ဝမ်းလျှောရောဂါ (Feline Tritrichomoniasis)

,
နွားတွေမှာ သားပျက်ကျတာ သားမအောင်တာတွေဖြစ်စေတတ်တဲ့ ရောဂါပိုးဟာ ကြောင်တွေမှာတော့    ဝမ်းလျှောဝမ်းပျက်ရောဂါကိုဖြစ်စေတတ်ပါတယ် ၊ ဒီရောဂါပိုးဟာ ကမ္ဘာအနှံ့ကနိုင်ငံတိုင်းလိုလိုမှာတွေ့ရ   နိုင်ပြီး မြန်မာနိုင်ငံမှာလည်းအဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
ကြောင်တွေဆီကို ဒီရောဂါပိုးဝင်ရောက်လာရင်တော့ အစပိုင်းမှာ အယိအချွဲတွေပါပြီးအမြှုတ်ထတဲ့      ဝမ်းအရည်ကျဲတွေသွားလာတတ်ပါတယ်
ရောဂါပြင်းထန်လာရင်တော့ ကြောင်ရဲ့စအိုနေရာဟာ ယောင်ယမ်းလာပြီး ဝမ်းသွားတဲ့အခါမှာ   အမြှုတ်နဲ့အတူ သွေးစိမ်းတွေပါလာတတ်ပါတယ်
ဒီရောဂါဟာ ကြောင်တွေမှာ အသက်အရွယ်မရွေးဖြစ်ပွားတတ်ပေမယ့် နို့မခွဲသေးတဲ့ကြောင်လေးတွေနဲ့ အသက်အရွယ်ငယ်သေးတဲ့ကြောင်တွေမှာ ပိုပြီးအဖြစ်များတာကိုတွေ့ရပါတယ်
Tritrichomoniasis  ရောဂါဖြစ်နေတဲ့ကြောင်တွေကို အာထရာဆောင်းဓာတ်မှန်ရိုက်ကြည့်တဲ့အခါ   အူမကြီးရဲ့နံရံတွေဟာယောင်ယမ်းနေတဲ့အပြင် သွေးခဲတွေကပ်နေတာကိုတွေ့ရပါတယ်
ဒီရောဂါရဲ့ထူးခြားချက်ကတော့ ဘယ်လောက်ပဲဝမ်းပျက်ပြီး သွေးသွားတဲ့အထိရောဂါပြင်းထန်နေ ပေမယ့် အဲဒီကြောင်ဟာ ပိန်မသွားတဲ့အပြင် လန်းလန်းဆန်းဆန်းရှိနေတတ်တာပါပဲ
Tritrichomoniasis  ရောဂါနဲ့ပတ်သက်လို့ သတိထားသင့်တဲ့အချက်ကတော့ ဒီရောဂါဟာ ကြောင်အချင်းချင်း ထိတွေ့ရာကနေ အတူနေကြောင်တွေကို ဆက်လက်ကူးစက်သွားတတ်ပါတယ် ရောဂါဖြစ်နေတဲ့ကြောင်ရဲ့ လတ်ဆတ်တဲ့မစင်ထဲမှာ ရောဂါပိုးတွေပါနေတတ်တဲ့အတွက် အဏုကြည်မှန်ပြောင်းအောက်မှာ ရောဂါရှိမရှိရှာဖွေစစ်ဆေးနိုင်ပါတယ်
ဒီရောဂါကိုကုသတဲ့အခါ ကြောင်ရဲ့အူလမ်းကြောင်းထဲမှာရှိနေတဲ့ရောဂါပိုးတွေကိုနှင်ထုတ်ဖို့အတွက် Probiotics  ဆေးတွေကိုတိုက်ကျွေးပေးရပါတယ်
ပရိုတိုဇွား ရောဂါပိုးအမျိုးအစားဖြစ်တဲ့အတွက် Fenbendazole နဲ့ Metronidazole စားဆေးတွေတိုက်ကျွေး ပေးသင့်ပါတယ် မကြာသေးခင်က အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတက္ကသိုလ်ကပညာရှင် ရဲ့သုတေသနတွေ့ရှိချက်အရ ဒီရောဂါကို Ronidazole နဲ့ Tinadazole စတဲ့စားဆေးတွေနဲ့ကုသတာက ပိုမိုထိရောက်ကြောင်းသိရှိရပါတယ်
ဒေါက်တာဂျိုဒီဂေါ့ကင်းရဲ့အကြံပြုချက်အရ ကြောင်ငယ်လေးတွေမှာ Ronidazole ဆေးကို 20-30mg/kg နှုန်းနဲ့ တစ်နေ့လျှင်တစ်ကြိမ် ရက်သတ္တနှစ်ပါတ်တိုက်ကျွေးသင့်ပြီး နို့မခွဲသေးတဲ့ကြောင်လေးတွေ ဆိုရင်တော့ 10mg/kg   နှုန်းနဲ့ တစ်နေ့လျှင်တစ်ကြိမ်နှုန်း ရက်သတ္တနှစ်ပါတ်အထိ တိုက်ကျွေးပေးဖို့ အကြံပြုထားပါတယ်။                 
                                         ဤအကြောင်းအရာကိုဒေါင်းလုပ်ယူလိုပါက ခလုပ်ကိုနှိပ်ပါ = = = »

0 မှတ်ချက်များ to “ကြောင်ဝမ်းလျှောရောဂါ (Feline Tritrichomoniasis)”

Post a Comment