«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

14 Sept 2020

သွေးအတွင်းသိုင်ရောက်စင်ဟိုမုန်းဓာတ်လျှော့နည်းခြင်း(Hypothyroidism)

,
Hypothyroidism လို့ခေါ်တဲ့ သွေးထဲမှာ Thyroxine ဟိုမုန်းပမာဏလျှော့နည်းနေခြင်း ရှိမရှိကို သိရှိနိုင်ဖို့အတွက်သွေးကိုစစ်ကြည့်တဲ့အခါ ကိုတိုက်ရိုက်စစ်ဆေးကြည့်ရတာမဟုတ်ပဲ သွေးထဲမှာ ပါဝင်နေတဲ့ Cholesterol , Fructosamine နဲ့ Creatinine kinase စတဲ့အင်ဇိုင်းတွေကိုသာ စစ်ဆေးကြည့်ရတာဖြစ်ပါတယ် ၊ က ရှိရမယ့်စံနှုန်းထက်နည်းနေမယ် Fructosamine က ရှိရမယ့်စံနှုန်းထက်များနေမယ် Creatinine kinase က ရှိရမယ့်စံနှုန်းထက် အလွန်အမင်းများနေ မယ်ဆိုရင် Hypothyroidism ဖြစ်နေပြီလို့ကောက်ချက်ချရတာဖြစ်ပါတယ်။
Cholesterol အဆီဓာတ်ဟာ ကျန်းမာနေတဲ့ခွေးတွေမှာ ပုံမှန်အားဖြင့် 75-220 mg/dL အတိုင်းအတာအတွင်းမှာသာရှိရမှာဖြစ်ပြီး အဲဒီပမာဏထက်ပိုများနေမယ်ဆိုရင် Hypothyroidism ဖြစ်ပွားနေပြီလို့ ကောက်ချက်ချနိုင်ပါတယ် ၊သာမန်အားဖြင့်သွေးထဲမှာပါဝင်နေတဲ့ Cholesterol ပမာဏကို စစ်ဆေးကြည့်ရင် Hypothyroidism ဖြစ်မဖြစ်ခန့်မှန်းသိရှိနိုင်ပြီဖြစ်ပေမယ့် ပိုပြီး တိကျသေခြာစေဖို့အတွက် Fructosamine နဲ့ Creatinine kinase အင်ဇိုင်းတွေကိုပါပူးတွဲစစ်ဆေး ရတာဖြစ်ပါတယ်။
Creatinine kinase အင်ဇိုင်းဟာ ကျန်းမာနေတဲ့ခွေးတွေမှာ ပုံမှန်အားဖြင့် 59 (U/L) ကနေ 895 (U/L) အတိုင်းအတာအတွင်းမှာသာရှိရမှာဖြစ်ပြီး အဲဒီပမာဏထက်ပိုနည်းနေမယ်ဆိုရင် Hypothyroidism  ဖြစ်ပွားနေပြီလို့ ကောက်ချက်ချနိုင်ပါတယ် ၊ကြောင်တွေမှာတော့ပုံမှန်အားဖြင့် 20 (U/L)ကနေ 400(U/L)အတိုင်းအတာအတွင်းမှာသာရှိရမှာဖြစ်ပြီး အဲဒီပမာဏထက်ပိုနည်းနေ မယ်ဆိုရင် Hypothyroidism ဖြစ်ပွားနေပြီလို့ ကောက်ချက်ချနိုင်ပါတယ် ၊
Hypothyroidism  ရောဂါအကြောင်းဆက်လက်လေ့လာရန် လင့်ကိုနှိပ်ပါ Link

0 မှတ်ချက်များ to “သွေးအတွင်းသိုင်ရောက်စင်ဟိုမုန်းဓာတ်လျှော့နည်းခြင်း(Hypothyroidism)”

Post a Comment