«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Sept 2020

‌ခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis)

,
ခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis) ဟာ ကူးစက်တတ်တဲ့ရောဂါတစ်မျိုး 
 
ဖြစ်တာမို့ ခွေးချစ်သူများအနေနဲ့ သတိပြုသင့်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ၊ ဒီရောဂါဟာ  
 
ဗိုင်းရပ်ရောဂါပိုးကြောင့်ဖြစ်ပွားတဲ့အပြင် ကာကွယ်ဆေးလည်းရှိနေတဲ့ ရောဂါဖြစ် တာကြောင့်၊ 
 
ရောဂါဖြစ်ပွားလာမှကုသခြင်းထက် ကြိုတင်ကာကွယ်ဆေး ထိုးနှံထားခြင်းကသာ အကောင်းဆုံး 
 
ဖြစ်ပါတယ်။
 
 
ဒီရောဂါဖြစ်စမှာခွေးဟာ ချောင်းဆိုးတာတို့ ၊ အန်တာတို့ ဝမ်းလျှောတာတို့စတင်ဖြစ်လာတတ်ပါ 
 
တယ် ၊နောက်တော့ မျက်တွင်းသားတွေ တဖြည်းဖြည်းဝါလာပြီး ဝမ်းဗိုက်ကိုကိုင်ရင်မခံနိုင်အောင် 
 
နာကျင်လာ တတ်ပါတယ် ၊ ဒီရောဂါဖြစ်နေတဲ့ခွေးရဲ့ဆီးထဲမှာ ရောဂါပိုးတွေ အများကြီးရှိနေတတ် 
 
ပါတယ် ၊ အဲဒီဆီးကနေပဲ အခြားခွေးတွေကိုဆက်လက်ကူးစက်သွားတာကအများဆုံးဖြစ်ပါတယ်။
 
 
ခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis) ကာကွယ်ဆေးကို စတင်ထိုးနှံပေး 
 
တော့မယ်ဆိုရင် သိထားသင့်တာကတော့ အမေရိကန်လိုနိုင်ငံတွေက(၃)ကြိမ်ထိုးလေ့ရှိပြီး 
 
ထိုင်းနဲ့ဂျပန်လိုနိုင်ငံတွေမှာတော့ (၂)ကြိမ်ထိုးရင်လုံလောက်တယ်လို့ယူဆကြတယ်ဆိုတာပါပဲ
 
 
ခွေးတွေကိုအသက်တစ်လခွဲသားအရွယ်မှာ ‌ခွေးအသည်းယောင်ရောဂါကာကွယ်ဆေးကိုစတင် 
 
ထိုးနှံပေးနိုင်ပါတယ် ၊ ပထမအကြိမ်ထိုးနှံပြီးနောက် (၁၄)ရက်မြောက်မှာ နောက်တစ်ကြိမ် 
 
မပျက်မကွက်ထပ်မံထိုးနှံပေးရပါမယ် ၊ မိမိကမေ့လျှော့ပြီး ရက်တွေအများကြီးကျော်သွားရင်တော့ 
 
ပထမအကြိမ်ထိုးထားခဲ့တဲ့ကာကွယ်ဆေးရဲ့အာနိသင်  ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် အသစ်က 
 
ပြန်စထိုးရတော့မှာဖြစ်ပါတယ် ၊ ဆိုလိုတာက ပထမကြိမ် ကာကွယ်ဆေးရဲ့ အာနိသင်မကုန်ခင်မှာ 
 
နောက်ကာကွယ်ဆေးကိုထိုးပေးမှသာစိတ်ချနိုင်မှာဖြစ်ပါတယ် ၊ အကယ်၍မိမိက(၃)ကြိမ်ထိုးထား 
 
ချင်တယ်ဆိုရင်လည်း ဒုတိယအကျော့ကနေ(၁၄)ရက်ခွာပြီးထပ်မံထိုးနှံပေးရမှာ ဖြစ်ပါတယ်
 
 
(၂)ကြိမ်ထိုးခြင်း(၃)ကြိမ်ထိုးခြင်းစသဖြင့် ဘယ်အယူအဆနဲ့ပဲထိုးသည်ဖြစ်စေ နောက်ဆုံးထိုးနှံ 
 
တဲ့ရက်ကိုသေသေချာချာမှတ်သားထားဖို့လိုအပ်ပါတယ်၊ နောက်နှစ်စဉ်နှစ်တိုင်း အဲဒီရက်ရောက် 
 
တိုင်း ပြန်ထိုးပေး သွားခြင်းအားဖြင့် ဒီရောဂါကိုထိထိရောက်ရောက်ကာကွယ်ပေးထားနိုင်ပါတယ်
 
‌ခွေးအသည်းယောင်ရောဂါကဲ့သို့ အဖြစ်များတဲ့ခွေးရောဂါတွေကို အလွယ်တကူအဆင်ပြေပြေ 
 
ကာကွယ်နိုင် ဖို့ အတွက်၊ ဒီရောဂါအပါအဝင်ဖြစ်တဲ့ ရောဂါ(၄)မျိုးစပ်ကာကွယ်ဆေး(DHPP) 
 
သို့မဟုတ် ရောဂါ(၅)မျိုးစပ် ကာကွယ်ဆေး(DHPPL) ကိုစနစ်တကျထိုးနှံပေးခြင်းအားဖြင့် 
 
မိမိချစ်တဲ့ခွေးလေးကိုရောဂါဆိုးတွေရဲ့ ဘေးရန်က နေ ကြိုတင်ကာကွယ်ပေးထားနိုင်ကြပါတယ်
 
ခွေးအသည်းယောင်ရောဂါအကြောင်းကိုဆက်လက်လေ့လာဖတ်ရှုလိုပါက   LINK ကိုနှိပ်ပြီး 
 
ဖတ်ရှုနိုင်ပါတယ်  ===>> LINK
 
                                                            (ဆက်လက်ဖော်ပြပေးပါမည်)

0 မှတ်ချက်များ to “‌ခွေးအသည်းယောင်ရောဂါ(Infectious Canine Hepatitis)”

Post a Comment