«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

18 Sept 2020

ဗိုင်းရပ်ရောဂါများအတွက်အင်တာဖရွန်ဆေး

,

အင်တာဖရွန်ဆိုတာကတော့ ခန္တာကိုယ်ထဲမှာသဘာဝအလျောက်တွေ့ရတဲ့  

ပရိုတင်းဓာတ်တစ်မျိုး ဖြစ်ပြီး ခန္တာကိုယ်ရဲ့ Host Cells တွေကနေထုတ်လုပ်

ပေးနေတာဖြစ်ပါတယ်၊ အင်တာဖရွန်ဟာ ခန္တာကိုယ်မှာရောဂါ ဖြစ်စေတဲ့အရာ

တွေဖြစ်တဲ့(Virus , Bacteria , Parasites & Tumor Cells ) စတာတွေကို

သုပ်သင်ဟန့်တားရာမှာကူညီဆောင်ရွက်ပေးနိုင်ပါတယ်

အင်တာဖရွန်ကို ကိုယ်ခန္တာရဲ့ ခုခံအားစနစ်တွေ ဖြစ်တဲ့ သွေးဖြူဉတွေနဲ့

လည်ပင်းမှာရှိတဲ့ အကြိတ်တစ်ခုကနေ ထုတ်လုပ်ပေးနေတာဖြစ်ပြီးအကြမ်း

အားဖြင့်Interferon အမျိုးအစား()မျိုး ရှိပါတယ်အဲဒါတွေကတော့  

Alpha Interferon Beta Interferon နဲ့ Gamma Interferon တို့ဖြစ်ပါတယ်။

အင်တာဖရွန်တွေဟာ ခန္တာကိုယ်ထဲကို ဝင်ရောက်လာတဲ့ Virus , Bacteria , 

Cancer Cellsတွေ တိုက်ရိုက်မဖျက်စီးပေးတာမဟုတ်ပဲ ကိုယ်ခန္တာရဲ့ခုခံအားစနစ်ကိုပိုမိုအားကောင်းလာစေဖို့အတွက် အားပေးတာ

ဖြစ်ပါတယ်

 Interferon Alphaကို Cancers နဲ့  Virus ရောဂါတွေ ကုသရာမှာအသုံးပြုပြီး 

Interferon Beta ကို ဦးနှောက်နဲ့အာရုံကြောဆောင်ရာရောဂါတွေမှာအသုံးပြုပြီး 

Interferon Gamma ကိုတော့  Chronic Granulomatous ရောဂါတွေအတွက်  

အသုံးပြုကြပါတယ်။

ခွေးနဲ့ကြောင်အတွက် Cancer နဲ့ Virus ရောဂါအချို့မှာလည်းအင်တာဖရွန်ဆေး

ကိုအသုံးပြုကြ ပါတယ် ၊ ကြောင်မှာဆိုရင် Herpes virus နဲ့ Feline leukemia ရောဂါတွေမှာအသုံးပြုနိုင်ပါတယ် ၊ခွေးတွေမှာဖြစ်တဲ့ကင်ဆာရောဂါတွေမှာ 

အင်တာဖရွန်ကို တစ်ပါတ်မှာ (၂-၃) ကြိမ်ထိုးပေးနိုင် ပါတယ်၊  Coronavirus

ရောဂါမှာလည်း အင်တာဖရွန်ဆေးနဲ့ကုသပေးနိုင်ပါတယ်။

အင်တာဖရွန်ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အစားအသောက်ပျက်

ခြင်း၊သွေးအားနည်းခြင်း၊ဖျားနာခြင်းကြွက်သားနာကျင်ခြင်းရိုးတွင်းခြင်ဆီ

အားနည်းခြင်းမူးဝေခြင်း၊ဝမ်းလျော ခြင်း၊အသည်းအင်ဇိုင်းတွေများလာစေခြင်း

သွေးဖြူနဲ့သွေးနီဥ အရေအတွက်ကျဆင်းခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းနဲ့

ယောင်ရမ်းခြင်းစတာတွေဖြစ်တတ်ပါတယ်။

0 မှတ်ချက်များ to “ဗိုင်းရပ်ရောဂါများအတွက်အင်တာဖရွန်ဆေး ”

Post a Comment