«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

11 Sept 2020

ဟန်ချက်ထိမ်းရခက်သောရောဂါ(Vestibular disease)

,
ခွေးကြောင်တွေရဲ့နားနှစ်ဖက်စလုံးထဲမှာ Labyrinth လို့ခေါ်တဲ့ ဟန်ချက်ထိမ်းအရည်အိတ်(vestibule)လေးတွေတစ်ခုစီရှိပါတယ် ၊ အဲဒီအရည်အိတ် ကလေးတွေဟာ ခန္တာကိုယ်ကိုအမြဲတမ်းတည့်မတ်နေအောင်ထိမ်းထားပေးနိုင်ဖို့ သဘာဝအတိုင်းပါရှိနေတဲ့အာရုံခံ အင်္ဂါလေးတွေ ဖြစ်ပါတယ် Labyrinth အရည်အိတ်ကလေးတွေဟာ ကမ္ဘာမြေကြီးရဲ့ဆွဲအား (Gravity)အတိုင်း ဝဲယာလှုပ်ရှားရင်းနဲ့ ခန္တာကိုယ်ကိုအမြဲတမ်း တည့်မတ်စွာ လှုပ်ရှားသွာလာနေနိုင်စေဖို့ ဦးနှောက်ကို အသိပေးချက်တွေပို့ပေးနေတဲ့အတွက် ဦးနှောက်ဟာခန္တာကိုယ်ကိုတည့်မတ်အောင် ထိမ်းပေးထားနိုင်တာ ဖြစ်ပါတယ်။

အကယ်၍နားနစ်ဖက်ရဲ့အတွင်းထဲကို ရောဂါပိုးမွှားဝင်ရောက်လို့ဖြစ်စေ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အဲဒီ Labyrinth အရည်အိတ်ကလေးတွေယောင်ယမ်းလာခြင်းကို  Labyrinthitis လို့ခေါ်ပါတယ်။

နားရွက်ထဲကိုရောဂါပိုးမွှားတွေဝင်ရောက်ခြင်း၊အပူဒါဏ်သင့်ခြင်း၊ဦးနှောက်ထဲမှာအကြိတ်တည်ခြင်း၊ဦးနှောက်ထဲကိုရောဂါပိုးဝင်ရောက်ခြင်း၊  ဗီတာမင်ဘီဝမ်းဓာတ်ချို့တဲ့ခြင်း၊ ဦးခေါင်းပိုင်းကိုထိခိုက်မိခြင်းနဲ့ အမိုင်နိုဂလိုင်ကိုဆိုက်အုပ်စုဝင်ပဋိဇီဝပိုးသတ်ဆေးတွေ အလွန်အကြူးသုံးစွဲလို့ ဆေးအဆိပ်သင့်ခြင်းစတဲ့အခြေအနေမျိုးတွေမှာ အဲဒီ Labyrinth အရည်အိတ်ကလေးတွေဟာယောင်ယမ်းလာတတ်ပါတယ်။
 
အဲလိုယောင်ယမ်းလာတဲ့အခါ ခွေးကြောင်တွေဟာသူတို့ရဲ့ခန္တာကိုယ်ကို ဟန်ချက်ညီညိီတည့်မတ်အောင် မထိမ်းနိုင်တော့ပဲ လမ်းလျှောက်တဲ့ အခါမှာဒယီးဒယိုင်ဖြစ်လာတတ်ပါတယ် ၊ ခန္တာကိုယ်ကို တည့်မတ်အောင်မထိမ်းနိုင်တော့တဲ့အတွက် နံရံလိုဟာမျိုးတွေကိုမှီပြီးရပ်နေတာကိုလည်း တွေ့ရတတ်ပါတယ်။

ဒီလိုအခြေအနေဖြစ်နေတဲ့ခွေးကြောင်တွေကိုသေချာကြည့်ရင် သူတို့ရဲ့မျက်လုံးဟာ တဆတ်ဆတ်နဲ့အထက်အောက်လူးလာခတ်နေတာကိုတွေ့ရ တတ်ပါတယ် တစ်ချိန်တည်းမှာသူတို့ရဲ့ဦးခေါင်းကလည်း ငြိမ်းတောင့်ငြိမ့်တောင့်ဖြစ်နေတတ်ပါတယ် အဲလိုဖြစ်တာကိုတော့ အင်္ဂလိပ်လို Nystagmus လို့ခေါ်ပါတယ်၊ ဒီလိုဝေဒနာမျိုးကိုခံစားနေရတဲ့တိရစ္ဆာန်ဟာ လမ်းလျှောက်တဲ့အခါ အရက်သောက်ထားတဲ့လူတစ်ယောက်လိုပဲ ဒယီးဒယိုင်ဖြစ်ပြီးလဲကျသွားလိုက် ပြန်ထသွားလိုက်ဖြစ်နေတတ်ပါတယ်။

ဉရောပတိုက်မျိုးရင်းကြောင်မျိုးအချို့မှာဆိုရင်  ဘာရောဂါမှမဖြစ်ပဲမွေးရာပါဗီဇကြောင့် အဲဒီဟန်ချက်ထိမ်းအရည်အိတ်ကလေးမကောင်းတာ မျိုးတွေဖြစ်တတ်တယ်လို့ဆိုပါတယ်၊ မွေးရာပါဗီဇကြောင့်လို့သာ ပညာရှင်တွေကထင်မြင်ချက်ပေးကြပေမယ့် အဲဒီလိုဖြစ်ရခြင်းရဲ့အကြောင်းရင်းကို တော့ ဒီနေ့အချိန်အတိ အတိအကျမသိကြသေးပါဘူး ၊ ဒါကြောင့်မို့  အဲဒီလိုဖြစ်တာကို Idiopathic vestibular syndrome လို့ခေါ်ကြပါတယ်။

ယိုဒယားကြောင်မျိုးတွေမှာကျတော့ အကြောင်းအမျိုးမျိုးကြောင့် အဲဒီဟန်ချက်ထိမ်းအရည်အိတ်(vestibule)လေးတွေယောင်ယမ်းလာရင် နားမကြား တာမျိုးနဲ့တွဲပြီးဖြစ်လေ့ရှိပါတယ် ၊ သာမန်အားဖြင့် အဲဒီဟန်ချက်ထိမ်းအရည်အိတ်တွေယောင်တာဟာ (၂-၃)ရက်လောက်နေရင် သူ့အလိုလိုပြန်လည် သက်သာသွားတတ်ပါတယ်။

အကယ်၍နားထဲကိုရောဂါပိုးဝင်လို့ယောင်တာဆိုရင်တော့ ရက်သတ္တ(၃)ပါတ်လောက်ဆေးတိုက်ဖို့လိုအပ်ပါတယ် ၊ တစ်ချို့ကြောင်တွေဟာ ရက်သတ္တ(၃)ပါတ်လောက်ဆေးတိုက်လို့ ဟန်ချက်ပြန်ထိမ်းနိုင်လာပြီး လမ်းလျှောက်နိုင်လာပေမယ့်ဦးခေါင်းငြိမ့်တောင့်ငြိမ့်တောင့်ဖြစ်နေတာက ပြန်လည်သက်သာမလာတော့တာလည်းဖြစ်တတ်ပါတယ်။
ခွေးကြောင်တွေမှာဟန်ချက်ထိမ်းရခက်တဲ့အခြေအနေမျိုးကိုဖြစ်လာစေတဲ့ရောဂါကတော့ Neurologic cryptococcosis လို့ခေါ်တဲ့ရောဂါပဲ ဖြစ်ပါတယ်။

0 မှတ်ချက်များ to “ဟန်ချက်ထိမ်းရခက်သောရောဂါ(Vestibular disease)”

Post a Comment