«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

12 Sept 2020

ကြောင်ကျန်းမာရေးနှင့် Asprin ဆေးအန္တရာယ်

,
နာကျင်ကိုက်ခဲမှုကိုသက်သာစေပြီး ကိုယ်အပူချိန်ကိုကျစေတတ်တဲ့ Aspirin စားဆေးဟာ ယောင်ယမ်းမှု ကိုလည်းလျှော့ကျစေတဲ့အပြင် သွေးကိုကျဲစေနိုင်တဲ့အာနိသင်ရှိတဲ့အတွက် တိရစ္ဆာန်ကုသရေးမှာ အတော်အတန်အသုံးများတဲ့ဆေးတစ်မျိုးဖြစ်ပါတယ် ၊ ဒါပေမယ့်ဒီဆေးဟာ ကြောင်တွေအတွက်တော့ အန္တရာယ်ကင်းတဲ့ဆေးမဟုတ်ပါဘူး။
Aspirin ဆေးဟာခန္တာကိုယ်အတွင်းကိုရောက်တာနဲ့ salicylic acid အဖြစ်ပြောင်းလဲသွားပြီး သွေးစီးကြောင်းကနေတဆင့်တစ်ကိုယ်လုံးအနှံ့ကို ပြန့်နှံ့သွားလေ့ရှိပါတယ် ၊ အဲဒီ salicylic acid တွေကို ခန္တာကိုယ်ထဲ့မှာမူလကရှိနေတဲ့ salicylate hydroxylase အင်ဇိုင်းကပြန်လည်ချေဖျက်ပေးရ ပါတယ်၊ ကြောင်တွေမှာထူးခြားတာကတော့ အဲဒီအင်ဇိုင်းလုံးဝမရှိတာပါပဲ ၊ ဒါကြောင့်မို့ကြောင်တွေဟာ ခန္တာကိုယ်ထဲက salicylic acid တွေကို ခေျဖျက်စွန့်ထုတ်နိုင်ခြင်းမရှိပါဘူး၊ Aspirin ဆေးကို ကြောင်တွေမှာအသုံးပြုရင် အလွယ်တကူအဆိပ်သင့်စေနိုင်ပါတယ်။
ကြောင်တွေမှာ Aspirin ဆေးအဆိပ်သင့်တဲ့အခါ အန်ခြင်းနဲ့ဝမ်းလျှောခြင်းတွေဖြစ်လာပြီး အစား အသောက်ပျက်လာတတ်ပါတယ် ၊ အခြေအနေ အလွန်ဆိုးရင်တော့ အစာအိမ်နဲ့အူလမ်းကြောင်း ရဲ့အစပိုင်နေရာတွေမှာ အနာတွေဖြစ်ပြီးသွေးထွက်လွန်နေတတ်တဲ့အတွက် ဝမ်းသွားတဲ့အခါမှာ သွေးစိမ်းတွေပါလာတတ်ပါတယ်၊ တစ်ချိန်တည်းမှာ ဒီ Aspirin ဆေးဟာ ဦးနှောက်နဲ့အာရုံကြောစနစ် ကိုထိခိုက်ပျက်စီးစေပြီးအားအင်ချည့်နဲ့လာ စေတဲ့အတွက် လမ်းလျှောက်တဲ့အခါမှာ ကြောင်ဟာ ဒယီးဒယိုင်ဖြစ်လာတာကိုတွေ့ရနိုင်ပါတယ် ၊ အဲဒီအဆင့်ကနေတဖြည်းဖြည်းပိုဆိုးလာပြီး ရုတ်တရက် လဲကျကာသေဆုံးသွားတတ်ပါတယ်။
Aspirin စားဆေးကိုကြောင်တွေမှာအသုံးပြုရင် အလွန်အန္တရာယ်များတဲ့အတွက် တိရစ္ဆာန်ရောဂါကု ဆရာဝန်တွေကကြောင်တွေမှာအသုံးပြုလေ့ မရှိကြပါဘူး
မသိနားမလည်လို့ မိမိရဲ့ကြောင်ကို Aspirin စားဆေးတိုက်မိပြီဆိုရင် အမြန်ဆုံးပြန်အန်ထုတ်ပစ်အောင်ပြုလုပ်ပေးသင့်ပါတယ် ၊ ကြောင်တွေကို အန်အောင်လုပ်တဲ့နည်းတွေကိုတင်ပြထားပြီးဖြစ်တဲ့အတွက် ကြောင်ချစ်သူတိုင်းလေ့လာထားသင့်ပါတယ်၊ ၊ တင်ပြထားတဲ့နည်းတွေအတိုင်း အမြန်ဆုံးအန်ထုတ်အောင်ပြုလုပ်ပြီးမှသာ ဆေးခန်းကိုပြဖို့သွားသင့် ပါတယ် ၊ အန်ထုတ်အောင်မလုပ်ခဲ့ပဲဆေးခန်းကိုရောက်လာတဲ့ကြောင်တွေရဲ့ အများစုဟာ ဆေးကုသဖို့ အချိန်မမီပဲသေဆုံးသွားကြတာကများပါတယ်။
ဆေးခန်းမှာစနစ်တကျကုသပြီးပြန်လည်သက်သာလာရင်လည်း ဓာတ်ဆားရည်ကိုရက်ပေါင်းအတန် ကြာသည်အထိ ဆက်လက်တိုက်ကျွေးပေး နေဖို့လိုအပ်ပါတယ်။

0 မှတ်ချက်များ to “ကြောင်ကျန်းမာရေးနှင့် Asprin ဆေးအန္တရာယ်”

Post a Comment