ဒီရောဂါကို Valley fever လို့လည်းခေါ်ကြပြီး Coccidioides immitis လို့ခေါ်တဲ့မှိုမျိုးစေ့တွေကို
လေနဲ့အတူရှူမိလို့ဖြစ်လာတဲ့ရောဂါဖြစ်ပါတယ်၊ အဲဒီမှိုမျိုးစေ့(၁၀)ခုလောက်ရှူသွင်းမိရင်တောင်
ရောဂါရနိုင်တယ်လို့ဆိုပါတယ်၊
များသောအားဖြင့် အပြင်ထွက်လည်ပြီးမြေကြီးကိုတူးဆွတတ်တဲ့ခွေးတွေနဲ့ အသက်ငယ်သေးတဲ့
ခွေးလေးတွေမှာအဖြစ်များပါတယ်၊
ဒီရောဂါရဲ့လက္ခဏာတွေကရောထွေးနေတတ်ပြီး၊ ပုံစံအမျိုးမျိုးပြတတ်တာကြောင့် ဒီရောဂါကို
ပြင်ပလက္ခဏာတွေကြည့်ရုံနဲ့ခွဲခြားခန့်မှန်းနိုင်ဖို့ခက်ပါတယ်ဒီရောဂါပိုးကခန္တာကိုယ်ထဲကိုရောက်
လာပြီးနောက် အရေပြားတွေရှိရာကိုသွားရောက်တဲ့အခါ သူတို့ဖြတ်သန်းရောက်ရှိရာနေရာတွေကို
လိုက်ပြီး ဖြစ်လာတဲ့လက္ခဏာတွေက အမျိုးမျိုးဖြစ်နေတတ်ပါတယ်။
ရောဂါဝင်စမှာ ချောင်းဆိုးအသက်ရှူ ကြပ်ခြင်း နဲ့ဖျားခြင်းတွေကို စတင်တွေ့ရတတ်ပြီး အရိုးတွေ
ထဲကိုရောက်သွားရင် လမ်းလျှောက်တဲ့အခါခွေယိုင်ယိုင်ဖြစ်တတ်ပါတယ်၊ ပြန်ရည်အကြိတ်တွေ
ထဲကိုရောက်သွားရင်တော့ အကြိတ်တွေယောင်လာတတ်ပါတယ်၊ မျက်လုံးထဲကိုရောက်သွားရင်
မျက်လုံးတဖောင်းကားလာတတ်ပါတယ် ၊ နောက်ဆုံးမှာတော့ အရေပြားထဲကိုရောက်ရှိလာကြပြီး
ပြည်တစိုစိုထွက်နေတဲ့အပေါက်တွေဖြစ်လာတတ်ပါတယ်။
ဒီရောဂါလို့သံသယရှိတဲ့ခွေးကို အိပ်စရေးဓာတ်မှန်ရိုက်ကြည့်ရင် အဆုပ်ထဲနဲ့ အရိုးတွေမှာဒါဏ်ရာ
တွေကိုတွေ့ရမှာဖြစ်ပါတယ် ဒီရောဂါကိုစစ်ဆေးတဲ့အခါ ၊ တိကျတဲ့အဖြေကိုရရှိဖို့အသားစကိုယူပြီး
စစ်ဆေးရမှာဖြစ်ပေမယ့်ရောဂါပိုးကိုတုန့်ပြန်နေတဲ့ခုခံစွမ်းအားကိုစစ်ဆေးတဲ့နည်းကိုသာအသုံးများ
ပါတယ် ။
Coccidioidomycosis ရောဂါကိုကုသတဲ့အခါ Fluconazole နဲ့ Terbinafine စတဲ့မှိုသတ်ဆေးတွေ
နဲ့ကုသပေးရပါတယ် ၊ အဲဒီဆေးတွေနဲ့မတိုးရင်တော့ Voriconazole ဆေးကိုပြောင်းလဲတိုက်ကျွေး
ပေးနိုင်ပါတယ်၊ အချိန်ကြာကြာဆေးတိုက်ရမှာဖြစ်လို့ ဆေးကိုမှန်မှန်တိုက်ကျွေးရမယ့်အပြင်
ဆေးပါတ်လည်သည်အထိတိုက်ကျွေးပေးဖို့လိုအပ်ပါတယ်။