«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

1 Aug 2016

ခြေယိုင်ရောဂါ Borreliosis (Lyme Disease)

,
ဒီရောဂါကို လိုင်း(မ)ရောဂါလို့လည်းခေါ်ကြပါသေးတယ် ၊ ဒီရောဂါဟာ
 Borrelia burgdorferi  လို့ခေါ်တဲ့ Spirochetes ပိုးကြောင့်ဖြစ်ပွားရတာဖြစ်ပါတယ်


ဒီရောဂါဟာလည်း မွှားကိုက်လို့ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်
ခွေးအချင်းချင်း မကူးစက်နိုင်ပေမယ့် သွေးသွင်းကုသမှုပြုလုပ်ရတဲ့အခါမှာ
ရောဂါရှိတဲ့ခွေးရဲ့သွေးကိုသွင်းမိရင်တော့ ရောဂါကူးစက်ခံရနိုင်ပါတယ်
ဒါပေမယ့် ဒီရောဂါဖြစ်နေတဲ့ ခွေးရဲ့သွေးကိုဖြစ်စေအခြားအရာတစ်ခုခုကိုဖြစ်စေ 
စမ်းသပ်စစ်ဆေးဖို့ထုတ်ယူတဲ့အခါမှာတော့ ဘယ်သောအခါမှ 
ရောဂါပိုးကိုတွေ့ရလေ့မရှိတာက ထူးခြားချက်တစ်ခုဖြစ်ပါတယ်

ရောဂါပိုးရှိနေတဲ့မွှားကကိုက်လို့ ခန္တာကိုယ်ထဲကိုရောက်သွားရင်တောင်မှ
ဒီပိုးဟာ ခွေးတွေကိုသိပ်ပြီးဒုက္ခပေးတာမရှိပါဘူး

ဒါပေမယ့် မွှားကနေကူးစက်တတ်တဲ့ အခြားရောဂါပိုးတစ်မျိုးဖြစ်တဲ့
Anaplasma phagocytophila   ဆိုတဲ့ပိုးနဲ့ ပူးတွဲဝင်ရောက်လာရင်တော့
အတော်လေးဒုက္ခပေးတဲ့ပိုးဖြစ်ပါတယ်

ဒီရောဂါပိုးသက်သက်ကူးစက်ခံရတဲ့ခွေးဟာ ရောဂါလက္ခဏာမပြပေမယ့်
ပျောက်ကင်းသွားတယ်လို့မရှိတော့ပါဘူး Anaplasma phagocytophila   ဆိုတဲ့ပိုး
ဝင်မလာသ၍ ဘာမှလည်းဒုက္ခမပေးပါဘူး

ရောဂါအဆင့်ဖြစ်လာရင်တော့ ခြေဆစ်လက်ဆစ်တွေက
အရိုးထိပ်ပိုင်းတွေယောင်လာတဲ့အတွက် လမ်းလျှောက်တဲ့အခါ
ခွေယိုင်ယိုင်နဲ့လမ်းလျှောက်တာမျိုးဖြစ်လာပါတယ်
အနည်းငယ်ဖျားပြီးပိန်သွားတတ်ပါတယ် ခွေးဟာမလန်းမဆန်း
ဖြစ်နေတတ်ပါတယ်
ရောဂါပြင်းထန်ရင်ခွေးဟာ မရပ်မနားအန်နေတတ်ပါတယ်
ဗိုက်ယောင်ပြီး ရေဖျဉ်းစွဲလာတတ်ပါတယ် ၊ ခန္တာကိုယ်ရဲ့အချို့
နေရာတွေမှာ ဟိုနားယောင်လာလိုက်ဒီနားယောင်လာလိုက်လည်း
ဖြစ်တတ်ပါသေးတယ်

ဒီလိုရောဂါပြင်းထန်တဲ့အခြေအနေမျိုးမှာ စနစ်တကျမကုသရင်တော့
သေတတ်ပါတယ်

ဒီရောဂါရှိမရှိသိချင်ရင်တော့ အထူးပြူလုပ်ထားတဲ့ ပိုးပျိုးခင်းမှာ
ပိုးပျိုးကြည့်ရင်လည်းရပါတယ်
သွေးထဲမှာတော့ရောဂါပိုးကို မတွေ့ရနိုင်တဲ့အတွက်ကြောင့်
ဒီရောဂါပိုးကိုပြန်လည်ခုခံဖို့အတွက် ခန္တာကိုယ်ကထုတ်ပေးတဲ့ ခုခံဓါတ်
(Antibody)တွေ သွေးထဲမှာရှိမရှိ ဓါတ်ခွဲခန်းမှာ polymerase chain reaction (PCR) assay  လုပ်ကြည့်တဲ့နည်းနဲ့ ရောဂါရှာဖွေမှုကိုပြုလုပ်ရပါတယ်

ဒီရောဂါဟာ ခွေးရဲ့ခုခံစွမ်းအားစနစ်နဲ့ဆက်နွယ်ပြီး အလိုလိုနေရင်း
ဖြစ်လာတတ်တဲ့ အဆစ်အမြစ်ယောင်ရောဂါ immunemediated polyarthritis
နဲ့ ခွဲခြားဖို့ခက်ပါတယ်

ဒီရောဂါအဖြစ်များတဲ့ဒေသတွေမှာဆိုရင် မွှားကိုက်လို့ဖြစ်တတ်ပြီး
Doxycycline  စားဆေးတိုက်ရင်ပျောက်တဲ့ Anaplasma, Ehrlichia, Rickettsia,
စတဲ့ရောဂါတွေနဲ့ ခွဲခြားဖို့ခက်ပါတယ်။

ဘာလို့လဲဆိုတော့ အဆစ်ယောင်တာကလွဲလို့ ကျန်တဲ့ရောဂါလက္ခဏာတွေဟာ
ရောဂါတစ်ခုနဲ့တစ်ခုခပ်ဆင်ဆင်တွေဖြစ်နေတာမို့ အမြင်သက်သက်နဲ့တော့
ရောဂါကိုခွဲခြားသိနိုင်ဖို့မလွယ်လှပါဘူး

ဒီရောဂါခံစားနေရတဲ့ခွေးတွေကို အောက်ပါကုထုံးများနဲ့ကုသပေးနိုင်ပါတယ်
(၁)• Doxycycline; 10 mg/kg q12h PO, for 4 weeks.
(၂)• Amoxicillin; 22 mg/kg q8h PO, for 4 weeks.
(၃)• Azithromycin; 5 mg/kg q12h PO, for 4 weeks, for refractory cases.
(၄)• Ceftriaxone; 25 mg/kg q24h, IV, for 4 weeks, for CNS involvement (rarely).

0 မှတ်ချက်များ to “ခြေယိုင်ရောဂါ Borreliosis (Lyme Disease)”

Post a Comment