«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

17 Sept 2020

ဗိုက်တွဲရောဂါ (Hyperadrenocorticism)

,

 Read in Zawgyi

ခန္တာကိုယ်မှာလိုအပ်တဲ့ corticosteroids ဟိုမုန်း(၂)မျိုးကိုထုတ်လုပ်ပေးနေတဲ့ Adrenal 

ဂလင်း(၂)ခုဟာကျောက်ကပ်ရဲ့အပေါ်ဖက်မှာတည်ရှိပါတယ်ဒီဂလင်းတွေရဲ့cortexလို့ခေါ်

တဲ့အကာပိုင်းဟာဟိုမုန်းတွေထုတ်လုပ်နိုင်တဲ့ဆဲလ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး 

corticosteroids ဟိုမုန်း(၂)မျိုးကိုထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

တစ်မျိုးက mineralocorticoids အမျိုးအစားဖြစ်ပြီး ခန္တာကိုယ်ထဲကဓါတ်ဆားရည်ပမာဏ

ကိုထိမ်းညှိပေး

ပါတယ် နောက်တစ်မျိုးကတော့ glucocorticoids အမျိုးအစားဖြစ်ပြီး ယောင်ယမ်းမှု

တွေနဲ့ ခုခံစွမ်းအားကိုလျှော့ ချပေးတဲ့အလုပ် တွေကိုသဘာဝအတိုင်းလုပ်ဆောင်ပေး

လျှက်ရှိပါတယ်။

အဲဒီဂလင်းတွေကနေ ဟိုမုန်းပမာဏဘယ်လောက်ထုပ်လုပ်ရမယ်ဆိုတာကိုတော့ 

 ဦးနှောက်ထဲမှာရှိတဲ့ ပီကျူထရီဂလင်းကနေညွှန်ကြားပေးနေတာဖြစ်ပါတယ် 

ပီကျူထရီဂလင်းကနေ adrenocorticotropic hormone(ACTH)နည်းနည်းထုတ်ပေး

ရင်ကျောက်ကပ်ကအဒရီနယ်ဂလင်းတွေကလည်းcorticosteroids  ဟိုမုန်း()မျိုးကို

နည်းနည်းပဲထုတ်ပြီး ပီကျူထရီဂလင်းကနေ adrenocorticotropic hormone(ACTH)  

အများကြီးထုတ်ပေးရင် ကျောက်ကပ်က အဒရီနယ်ဂလင်းတွေကလည်း corticosteroids  

ဟိုမုန်း()မျိုးကို  အများကြီးထုတ်ပေးတာဖြစ်ပါတယ်။

Cushing’s ရောဂါဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ပီကျူထရီဂလင်းမှာ အကြိတ်တည်

ပြီး ACTHတွေအများကြီးလွှတ်ထုတ်လာတဲ့အတွက်ကျောက်ကပ်ဂလင်းတွေကနေလည်း

corticosteroids ဟိုမုန်းတွေနေ့စဉ်ရက်ဆက်ဆိုသလိုအများကြီးထုတ်လုပ်ပေးနေတဲ့

အတွက်  မလိုလားအပ်တဲ့လက္ခဏာတွေဖြစ်လာတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်  

ဒီရောဂါကို (Cushing’s syndrome)လို့လည်းခေါ်ကြပါတယ်။

ကျောက်ကပ်မှာရှိတဲ့ အက်ဒရီနယ်ဂလင်းတွေကိုယ်တိုင်အကြိတ်ဖြစ်လို့ Cushing’s 

ရောဂါဖြစ်လာတာကတော့ (၁၅%)လောက်သာရှိပြီးဦးနှောက်ထဲမှာရှိတဲ့ပီကျူထရီ

ဂလင်းမှာအကြိတ်တည်လို့ဖြစ်လာတာက(၈၅%)လောက်ရှိတယ်လို့ဆိုပါတယ်

ကူရှင်းရောဂါဟာခွေးတွေမှာအသက်ရွယ်မရွေးဖြစ်ပွားတတ်ပေမယ့်သက်လတ်ပိုင်းနဲ့

အသက်ကြီးပိုင်းခွေးတွေ မှာပိုပြီးအဖြစ်များတာတွေ့ရပါတယ် ဒီရောဂါဟာ Poodles, 

Boston Terriers,Dachshunds, နဲ့ Boxers စတဲ့ ခွေးအမျိုးအစားတွေမှာပိုပြီး အဖြစ်

များလေ့ရှိပါတယ်။

တခါတလေကျတော့လည်း ခန္တာကိုယ်ရဲ့အစိပ်အပိုင်းတွေမှာ ဘာအပြစ်မှမရှိပဲ 

corticosteroids ဆေးတွေ ကို ကြာရှည်တိုက်ကျွေးမိရင်လည်း ကူရှင်းရောဂါဖြစ်

လာတတ်ပါတယ် အဲလိုဖြစ်လာတာကို Iatrogenic Cushing’s syndrome

ခွေးတွေမှာကူရှင်းရောဂါဖြစ်လာပြီဆိုရင် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်  

ခန္တာကိုယ်ရဲ့သွေးထဲမှာ cortisone တွေအများကြီးရှိနေတဲ့အတွက် ခန္တာကိုယ်နေရာ

အနှံ့ကအမွှေးတွေကျွတ်ကျလာမှာဖြစ်ပြီး မကျွတ်သေးတဲ့အမွှေးတွေကလည်း  

မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ်ကြာလာရင်အရေပြားတွေဟာအနက်ရောင်

ပြောင်းလာတာကိုတွေ့နိုင်ပါတယ်။

ခွေးဟာမလှုပ်ချင်သလိုထိုင်းမှိုင်းနေတတ်ကာ သူ့ရဲ့ဝမ်းဗိုက်ဟာဖောင်းပြီးအောက်

ဖက်ကိုတွဲလျောင်းကျနေ သလိုဖြစ်လာတတ်ပါတယ် ဒီရောဂါဖြစ်နေတဲ့ခွေးမတွေဟာ  

သားမအောင်နိုင်ပဲခွေးထီးတွေဆိုရင်တော့ သူတို့ရဲ့ ဥနှစ်လုံးဟာသိမ်လာတတ်ပါတယ် 

အဲဒီခွေးတွေဟာရေကို ခဏခဏသောက်ပြီး ဆီးလည်းခဏခဏသွားတာ ကိုတွေ့နိုင်

ပါတယ် နောက်ဆက်တွဲအနေနဲ့ ခွေးဟာတဖြည်းဖြည်းပိန်ချုံးလာပြီး သွေးပေါင်တက်

ခြင်း ဆီးချိုရောဂါဖြစ်လာခြင်းနဲ့ နှလုံးကြွက်သားတွေပုပ်ခြင်းစတဲ့ရောဂါဆိုးတွေ 

ဆက်လက်ဖြစ်ပေါ်လာလေ့ရှိပါတယ်။

ခွေးတွေမှာကူရှင်းရောဂါဟုတ်မဟုတ်သိရှိနိုင်ဖို့အတွက်သူ့ရဲ့သွေးကိုဖောက်ယူပြီးဓါတ်ခွဲခန်း

မှာစစ်ဆေးကြည် လို့ရပါတယ် ခွေးကိုသွေးဖောက်ယူပြီးနောက် ACTH ဟိုမုန်းနဲ့ 

Dexamethasone ထိုးဆေးကို ထိုးနှံပေး ရပါ တယ် ဆေးပြန့်သွားတဲ့အခါ  

နောက်တစ်ကြိမ်သွေးဖောက်ယူရပြန်ပါတယ် ဆေးမထိုးမီရရှိတဲ့သွေးနဲ့ ဆေးထိုး 

ပြီးမှရရှိတဲ့သွေးတွေမှာပါဝင်နေတဲ့ cortisol ပါဝင်နှုန်းတွေကိုကြည့်ပြီး ဒီရောဂါရှိမရှိ

ဆုံးဖြတ်ရတာဖြစ်ပါတယ် နောက်ဆုံးပေါ်ရောဂါဖွေနည်းတွေဖြစ်တဲ့ ကွန်ပြူတာဓါတ်မှန် 

(CT scans)ရိုက်ကြည့်ရင်ဖြစ်စေ magnetic resonance imaging (MRI)လို့ခေါ်တဲ့  

သံလိုက်စွမ်းအင်သုံးပုံရိပ်ဖော်စက် နဲ့ရိုက်ကြည့်ရင်ဖြစ်စေ ဦးနှောက်ထဲကပီကျူထရီ

ဂလင်း(သို့)ကျောက်ကပ်နားက  အဒရီနယ်ဂလင်းမှာ အကြိတ်တည်နေခြင်းရှိမရှိစစ်ဆေး

နိုင်ပါတယ်ဒီရောဂါအခြေအနေသိပ်မဆိုးသေးရင်တော့ကျောက်ကပ်အကြိတ် 

(adrenalcortex)ကနေ(corticosteroids)ဟိုမုန်းတွေထွက်နေတာကိုလျော့နည်းစေတဲ့ 

mitotane(Lysodren)စားဆေးကို တိုက်ကျွေးပြီး ရောဂါကိုထိမ်းထားနိုင်ပါတယ်

corticosteroids ဆေးတွေကို ကြာရှည်တိုက်ကျွေးနေရလို့ ဒီရောရာဖြစ်လာတာဆိုရင်

တော့ corticosteroids ဆေးတွေတိုက်ကျွေးနေမှုကိုလျှော့ချပေးသင့်ပါတယ်ဦးနှောက်

ထဲကပီကျူထရီဂလင်းရဲ့ဆောင်ရွက်မှုလွန်ကဲလို့ဖြစ်လာတာဆိုရင် Anipryl(deprenyl) 

စားဆေးကို တိုက်ကျွေးပြီးကုသနိုင်ပါတယ်။

ဦးနှောက်ထဲကပီကျူထရီဂလင်း(သို့)ကျောက်ကပ်နားက အဒရီနယ်ဂလင်းမှာ အကြိတ်

တည်နေတဲ့အဆင့် ဆိုရင်တော့ ဓါတ်ကင်ကုသနည်းနဲ့ဖြစ်စေ ခွဲစိပ်ပြီးဖြတ်ထုတ်

ဖယ်ရှားပစ်တဲ့နည်းနဲ့ဖြစ်စေကုသပေးနိုင် ပါတယ်။

0 မှတ်ချက်များ to “ဗိုက်တွဲရောဂါ (Hyperadrenocorticism) ”

Post a Comment