«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

5 Oct 2020

ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲခြင်း-Primary Hyperparathyroidism (PHPT)(သို့)ဆီးခဏခဏသွားခြင်း

,

ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲခြင်းဖြစ်တဲ့ရောဂါဟာ သွေးထဲမှာကယ်ဆီယမ်ဓာတ်နဲ့ဖော့စဖရပ် 

ဓာတ်တွေကိုအချိုးညီအောင်ထိမ်းမထားနိုင်တော့တဲ့ အခြေအနေမျိုးကနေအစပြုတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။

 

အဲဒီအခါမှာပါရာသိုင်းရွိုက်ဂလင်းကဆဲလ်တွေပွားလာပြီး ဟိုမုန်းတွေပိုမိုထုတ်လုပ်လာတဲ့အတွက် ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲတဲ့ရောဂါ Hyperparathyroidism (PHPT)ဖြစ်လာခြင်းဖြစ်ပါတယ်

 

ပါရာသိုင်းရွိုက်ဟိုမုန်းတွေများလာတဲ့အတွက်ကြောင် နောက်ဆက်တွဲရလာဒ်အနေနဲ့ သွေးထဲမှာ

ကယ်ဆီယမ်ဓာတ်တွေများလာပြီး ဖော့စဖရပ်ဓာတ်တွေက နည်းလာတဲ့အတွက် ရောဂါလက္ခဏာ 

တွေထပ်ဆင့်ဖြစ်ပေါ်ပေါ်လာတတ်ပါတယ်၊အဲလိုဖြစ်လာတဲ့အတွက်ကြောင့်ပဲ ပါရာသိုင်းရွိုက်ဂလင်း 

ကနေ ပါရာသိုင်းရွိုက်ဟိုမုန်းတွေကို ထပ်မံတိုးပြီးထုတ်လွှတ်ပြန်ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ 

ဖော့စဖိတ်ဓာတ်တွေကို ဆီးထဲကနေအလွန်အကျွံစွန့်ထုတ်စေတဲ့အတွက် သွေးထဲမှာ 

ဖော့စဖိတ်ဓာတ်တွေ အလွန်နည်းသွားစေပြန်ပါတယ်

 

အဲဒီအခါမှာတော့ သွေးထဲမှာကယ်ဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်တွေဟာ ပုံမှန်ရှိရမယ့်အချိုးအတိုင်းမညီတော့ပဲ 

ကယ်ဆီယမ်ဓာတ်ကအများကြီးပိုနေတဲ့အခြေအနေကိုဆိုက်ရောက်သွားစေပါတယ်၊ဒါကြောင့်

ကယ်ဆီယမ်ဓာတ်များနေခြင်းရဲ့ရောဂါလက္ခဏာတွေအဖြစ် ဆီးလမ်းကြောင်းကကြွက်သားတွေရဲ့

လှုပ်ရှားမှုနိုင်မှုနဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလုပ်ငန်းတွေကိုထိခိုက်လာပြီးရောဂါလက္ခဏာတွေပေါ်လာပါတော့တယ်။

 

နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲတဲ့ရောဂါဖြစ်နေတယ်လို့ထင်ရင် 

ပါရာသိုင်းရွိုက်ဟိုမုန်းကိုစစ်ဆေးရတဲ့ သွေးစစ်ဆေးမှု Assays တွေကိုသေချာလုပ်ကြည့်ကြပါတယ် ၊ 

နောက်တစ်နည်းကတော့ လည်ပင်းပိုင်းကိုအာလ်ထရာဆောင်းဓာတ်မှန်ရိုက်ကြည့်တာဖြစ်ပါတယ် 

(၄-၉) မီလီမီတာလောက်အရွယ်ရှိတဲ့ ပါရာသိုင်းရွိုက်ဂလင်းတွေမှာ  Adenomas  အကြိတ်ကို တွေ့ရရင်လည်း ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲတဲ့ရောဂါဖြစ်နေတယ်လို့သတ်မှတ်နိုင်ပါတယ်။

 

ကယ်ဆီယမ်ဓာတ်နဲ့ဖော့စဖရပ်ဓာတ်တွေအချိုးညီအောင်မထိမ်းနိုင်တာမျိုးဖြစ်လာတတ်တဲ့အခြားအခြေအနေတွေရှိပါသေးတယ်၊ အဲဒါတွေကတော့-

 

(၁) အက်ဒရီနယ်ဟိုမုန်းချို့တဲ့ခြင်း

 

(၂) နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားခြင်း

 

(၃) ဗီတာမင် D ဓာတ်ကိုလွန်ကဲအောင်ကျွေးခြင်း(ကယ်ဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်ဓာတ်တွေကို အချိုးညီအောင် မထိမ်းနိုင်ဖြစ်လာစေပါတယ်)

 

အက်ဒရီနယ်ဟိုမုန်းချို့တဲ့ခြင်းနဲ့နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားခြင်းတို့ရဲ့နောက်ဆက်တွဲ 

အနေနဲ့သွေးထဲမှာ ကယ်ဆီယမ်ဓာတ်တွေအလွန်အကျွံများလာပါတယ်။

 

သွေးထဲမှာအဲဒီလို ကယ်ဆီယမ်ဓာတ်များလာတဲ့အခါ ဦးနှောက်ကိုသွားရောက်လှုံ့ဆွတဲ့အတွက် 

ဂဏှာမငြိမ်ဖြစ်ခြင်း၊ ချမ်းတုန်ခြင်း ၊ ကြွက်သားများတဆတ်ဆတ်တုန်ခြင်းစတဲ့လက္ခဏာတွေ 

ဖြစ်လာတတ်ပါတယ်။

 လည်ချောင်းရှေ့ပိုင်းတွင်ရှိသော ပါရာသိုင်းရွိုက်ဂလင်း


ကယ်ဆီယမ်ဓာတ်များလာရင်တွေ့ရလေ့ရှိတဲ့အခြားလက္ခဏာတွေကတော့ ဆီးနည်းပြီးခဏခဏ 

သွားခြင်း၊ အစာခဏခဏစားခြင်းတို့ဖြစ်လာတတ်ပါတယ်၊ ဆီးခဏခဏသွားရတာကတော့ 

ကျောက်ကပ်ဟာ ဆီးသွားမှုကိုထိမ်းပေးတဲ့ Antidiuretic  ဟိုမုန်းကိုကောင်းကောင်းတုန့်ပြန် 

နိုင်ခြင်းမရှိတော့တဲ့အတွက် ဆီးထဲမှာပါလာတဲ့ဆားဓာတ်နဲ့ကလိုရိုက်ဓာတ်တွေကိုပြန်လည်စုပ်ယူ 

ထိမ်းသိမ်းထားနိုင်ခြင်း မလုပ်နိုင်ဖြစ်လာပါတယ်၊ အဲဒီအခါမှာ ဆီးသွားတဲ့ပမာဏကလည်း သိသိသာသာ 

ပြန်များလာပြန်ပါတယ်၊ အခြေအနေဆိုးလာရင် ဆီးထဲမှာသွေးစတွေပါလာတတ်ပါတယ်၊

ကယ်ဆီယမ်ဓာတ်တွေကို ကျောက်ကပ်ကပြန်စုပ်ယူမထားနိုင်တာကြာလာတဲ့အခါ သွေးထဲမှာ 

ကယ်ဆီယမ်ဓာတ်တွေအလွန်အမင်းလျှော့ကျသွားပြန်ပါတယ် ၊ အဲဒီအဆင့်ရောက်လာတဲ့အခါ 

ကယ်ဆီယမ်နည်းလာတဲ့အတွက်  အစာအိမ်အူလမ်းကြောင်းကကြွက်သားတွေအလုပ်မလုပ်နိုင် 

ဖြစ်လာပြီး ဝမ်းချုပ်ခြင်း၊အန်ခြင်း၊ မှိုင်နေခြင်းတွေဖြစ်လာပါတယ် ၊ ရောဂါဖြစ်တာကြာလာရင် 

 

လိုအပ်နေတဲ့ ကယ်ဆီယမ်နဲ့ဖော့စဖရပ်ကို အရိုးတွေထဲကထုတ်ယူသုံးစွဲလာရတာကြောင့် 

အရိုးပွလာပြီးခြေထောက်နာခြင်းနဲ့ အရိုးကျိုးခြင်းတွေဆက်လက်ဖြစ်လာတတ်ပါတယ်

 

ဒီရောဂါဖြစ်နေကြောင်းသံသယဖြစ်လာရင် သွေးကိုဖောက်ယူပြီး ဓာတ်ခွဲခန်းမှာစစ်ဆေးကြည့် 

ရပါတယ် ၊ သွေးအဖြေမှာ ကယ်ဆီယမ်ဓာတ်များနေပြီး ဖော့စဖရပ်ဓာတ်နည်းနေတဲ့အပြင် 

ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲနေခြင်းစတာတွေကိုတွေ့ရရင်တော့ ဒီရောဂါဖြစ်ကြောင်း အတည်ပြု 

နိုင်ပါတယ်။

 

သွေးထဲမှာကယ်ဆီယမ်ဓာတ်များနေရုံသက်သက်နဲ့တော့ ကုသမှုကိုချက်ချင်းလုပ်ဖို့မလိုအပ်သေး 

ပါဘူး အကယ်၍နာတာရှည်ကျောက်ကပ်ရောဂါ နဲ့ ဗီတာမင် D ဓာတ်အဆိပ်သင့်တဲ့လက္ခဏာတွေ 

ပြလာမှသာ ကယ်ဆီယမ်လွန်ကဲနေတာကိုချက်ချင်းလျှော့ချပေးဖို့လိုအပ်ပါတယ်၊

ဒီရောဂါကိုကုသခြင်းရဲ့အခြေခံကတော့ သွေးအဖြေပေါ်မှာမူတည်ပါတယ်၊ ကယ်ဆီယမ်ဓာတ် 

လွန်ကဲနေရင် လျှော့ကျအောင်လုပ်ပေးဖို့လိုအပ်ပါတယ်၊ သွေးထဲမှာရှိနေတဲ့ ကယ်ဆီယမ်ဓာတ် 

ပါဝင်မှုကိုလျှော့ချပေးတဲ့ဆေးတွေနဲ့ ကုသပေးရပါတယ်၊

 

ကယ်ဆီယမ်လွန်ကဲနေရင်ဓာတ်ဆားရည်ပုလင်းကြီးကိုချက်ချင်းသွင်းပေးရမယ့်အပြင် Saline 

diuresis အမျိုးအစား ဆီးဆေးတစ်မျိုးမျိုးနဲ့အတူ furosemide  ဆီးဆေးကိုထိုးနှံပေးရပါမယ်၊ 

တစ်ချိန်တည်းမှာပဲ ပိုတက်ဆီယမ်ဓာတ်နည်းသွားတာကိုကာကွယ်ဖို့ Potassium chloride (Slow 

K) ကိုတိုက်ကျွေးပေးနေရမှာဖြစ်ပါတယ်။

 

Glucocorticoids  တွေဟာ အရိုးတွေထဲကနေကယ်ဆီယမ်ဓာတ်ထုတ်ပေးနေတာကို တားမြစ်ပေး 

နိုင်ပြီး ဆီးထဲကနေ ပိုမိုစွန့်ထုတ်ပစ်စေနိုင်တဲ့အတွက်၊ အကြိတ်တည်ခြင်းကြောင့်သွေးထဲမှာ 

ကယ်ဆီယမ်ဓာတ်များနေတဲ့အခါအသုံးပြုနိုင်ပါတယ်။

 

ပါရာသိုင်းရွိုက်ဂလင်းမှာအကြိတ်တည်ခြင်းကြောင့် ကယ်ဆီယမ်ဓာတ်လွန်ကဲနေတဲ့အခါ 

Bisphosphonates (Pamidronate, Clodronate), Plicamycin (Mithramycin)ဆေးတွေနဲ့ 

Calcitonin  ဟိုမုန်းစတဲ့ဆေးတွေနဲ့လည်း ကုသပေးနိုင်ပါတယ်၊ဒီဆေးတွေဟာ အရိုးထဲကနေ 

ကယ်ဆီယမ်ဓာတ်ထုတ်ပေးနေမှုကို တားမြစ်ပေး တဲ့ဆေးတွေဖြစ်ပါတယ်။

 

ဗီတာမင်Dဓာတ်လွန်ကဲပြီးအဆိပ်သင့်နေတဲ့အခါမျိုးနဲ့ပါရာသိုင်းရွိုက်ဂလင်းမှာအကြိတ်တည်ခြင်း 

ကြောင့် ကယ်ဆီယမ်ဓာတ်လွန်ကဲလာတဲ့အခြေအနေမျိုးဆိုရင်တော့  Bisphosphonate 

Pamidronate Disodium ဆေးကို 1.05 to 1.7mg/kgနှုန်းနဲ့တွက်ချက်ပြီးပုလင်းကြီးချိတ်ပေးခြင်း 

အားဖြင့်ထိရောက်စွာကုသနိုင်ပါတယ်။

 

ဒီရောဂါကို ခွဲစိပ်ကုသခြင်းနည်းနဲ့လည်းကုသပေးနိုင်ပါတယ်၊ ခွဲစိပ်ကုသမယ်ဆိုရင်တော့ ခွဲစိပ်ခြင်း 

မပြုခင်(၂၄)နာရီကြိုတင်ပြီး ဗီတာမင် D ကိုတိုက်ကျွေးထားဖို့လိုအပ်ပါတယ်၊ ခွဲစိပ်ကုသတဲ့အခါ 

မှာတော့ လည်ပင်းရဲ့ဘေးနှစ်ဖက်စလုံးမှာခွဲစိပ်ရပြီး ရောဂါဖြစ်စေတဲ့အကြိတ်ဟာ ပုံမှန်ပါရာသိုင်း 

ရွိုက်ဂလင်းနဲ့မတူပဲ အနည်းငယ်ပိုပြီးအရောင်ရင့်တဲ့အပြင်ပုံမှန်အကြိတ်ထက်ပိုပြီးမာကြောနေတာ 

ကိုတွေ့ရနိုင်ပါတယ်။

ခွဲစိပ်ကုသမှုပြီးဆုံးလို့ပြန်လည်သက်သာလာပေမယ့် နောက်ဆက်တွဲဆိုးကျိုးအဖြစ်သွေးထဲမှာရှိတဲ့ 

ကယ်ဆီယမ်ပမာဏကျဆင်းသွားတာမျိုးဖြစ်တတ်တဲ့အတွက် စောင့်ကြည့်နေသင့်ပြီး အကယ်၍ 

ကယ်ဆီယမ်ပမာဏဟာ8.5 mg/dL ထက်လျှော့သွားရင်၊ကယ်ဆီယမ်ပမာဏပြန်တက်လာအောင် 

ထိမ်းပေးတဲ့ကုသမှုကိုစတင်ပြုလုပ်သင့်ပါတယ်။

ကြွက်သားတွေအလုပ်မလုပ်နိုင်ဖြစ်လာခြင်း ကြွက်တတ်ခြင်း၊ နေရာအလိုက်ကြွက်သားတွေ 

တဆတ်ဆတ် လှုပ်ခြင်း၊ မျက်နှာပိုင်းမှာရှိတဲ့ကြွက်သားများတဆတ်ဆတ်ခုန်ခြင်းတို့ဖြစ်လာရင် 

ကယ်ဆီယမ်ဓာတ်ချို့တဲ့နေပြီလို့သိနိုင်ပါတယ်၊ ကယ်ဆီယမ်ဓာတ်ချို့တဲ့ခြင်းကိုကုသတဲ့အခါ 

ကယ်ဆီယမ်ဆေးပြားတိုက်ခြင်း ကယ်ဆီယမ်အကြောဆေးသွင်းပေးခြင်းတဲ့ပြုလုပ်နိုင်ပါတယ်၊ 

ကယ်ဆီယမ်နဲ့အတူ  Vitamin D ကိုအမြဲတမ်းပူးတွဲပေးရပါတယ်။

0 မှတ်ချက်များ to “ပါရာသိုင်းရွိုက်ဟိုမုန်းလွန်ကဲခြင်း-Primary Hyperparathyroidism (PHPT)(သို့)ဆီးခဏခဏသွားခြင်း”

Post a Comment