«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

7 Oct 2020

Simparica တိုက်ဆေး

,

ဒီဆေးထဲမှာ Sarolaner ဆိုတဲ့ဓာတ်ပေါင်းပါဝင်ပြီး အဲဒီဓာတ်ပေါင်းဟာခွေးတွေရဲ့ခန္တာကိုယ်မှာ 

စွဲကပ်ဒုက္ခပေးတဲ့ သန်း၊မွှား၊လှေးကောင်တွေနဲ့ဂျပ်ကောင်တွေကို ထိထိရောက်ရောက်သုပ်သင်နိုင်တဲ့ဆေးဖြစ်ပါတယ်။

Simparica ဆေးဟာ အနံ့အရသာကောင်းမွန်ပြီး ခွေးတွေဝါးစားချင်တဲ့ပုံစံနဲ့ ထုတ်လုပ်ထားတာ 

ဖြစ်ပါတယ်၊ဒီဆေးကိုကလေးသူငယ်တွေနဲ့အိမ်မွေးတိရစ္ဆာန်တွေအလွယ်တကူလက်လှမ်းမီနိုင်တဲ့ 

နေရာမျိုးမှာမထားသင့်ပါဘူး၊  ဒီဆေးကို(၆)လသားအထက်ခွေးတွေမှာသာ အသုံးပြုရမှာဖြစ်ပြီး 

ကြောင်တွေမှာသုံးစွဲခြင်းမပြုဖို့တားမြစ်ထားပါတယ်၊ ဒီဆေးကိုဆွစ်ဇာလန်နိုင်ငံအခြေစိုက်  Zoetis  

ဆေးကုမ္ပဏီ ကြီးထုတ်လုပ်တာဖြစ်ပြီး(၅)မီလီဂရမ်ဆေးပြား၊(၁၀)မီလီဂရမ်ဆေးပြား၊(၂၀)မီလီဂရမ်

ဆေးပြား၊ (၄၀)မီလီဂရမ်ဆေးပြား၊ (၈၀)မီလီဂရမ်ဆေးပြားနဲ့ (၁၂၀)မီလီဂရမ်ဆေးပြားတွေအဖြစ် 

ထုတ်လုပ်ဖြန့်ချီပါတယ်၊ဆေးကုမ္ပဏီရဲ့အကြံပြုချက်အရခွေးရဲ့ကိုယ်အလေးချိန်အလိုက်တိုက်ကျွေး

ရမယ့်ဆေးပမာဏတွေကတော့ -

 

ကိုယ်အလေးချိန် (၂.၈)ပေါင် နဲ့ (၅.၅)ပေါင်အကြားရှိရင် (၅)မီလီဂရမ်ဆေးပြားတစ်ပြား 

ကိုယ်အလေးချိန် (၅.၆)ပေါင် နဲ့(၁၁)ပေါင်အကြားရှိရင် (၁၀)မီလီဂရမ်ဆေးပြားတစ်ပြား 

ကိုယ်အလေးချိန် (၁၁.၁)ပေါင် နဲ့(၂၂)ပေါင်အကြားရှိရင် (၂၀)မီလီဂရမ်ဆေးပြားတစ်ပြား 

ကိုယ်အလေးချိန် (၂၂.၁)ပေါင် နဲ့ (၄၄)ပေါင်အကြားရှိရင် (၄၀)မီလီဂရမ်ဆေးပြားတစ်ပြား 

ကိုယ်အလေးချိန် (၄၄.၁)ပေါင် နဲ့ (၈၈)ပေါင်အကြားရှိရင် (၈၀)မီလီဂရမ်ဆေးပြားတစ်ပြား 

ကိုယ်အလေးချိန် (၈၈.၁)ပေါင် နဲ့(၁၃၂)ပေါင်အကြားရှိရင် (၁၂၀)မီလီဂရမ်ဆေးပြားတစ်ပြား

 

တိုက်ကျွေးဖို့နဲ့ အဲလိုဆေးတိုက်တာကိုတစ်လတစ်ကြိမ်နှုန်းနဲ့ (၃)လတိတိ တိုက်ကျွေးဖို့အကြံပြု 

ထားပါတယ်၊

 

ဒီ Simparica ဆေးဟာအာနိသင်အလွန်ထက်မြက်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ် ၊ 

ဒီဆေးတိုက်ကျွေးခြင်းကြောင့် အန်ခြင်း၊ဝမ်းပျက်ခြင်း၊ အစားအသောက်ပျက်ခြင်းတွေဖြစ်တတ်

တဲ့အပြင် ဒီဆေးဟာခန္တာကိုယ်ရဲ့အာရုံကြောစနစ်ကမူမမှန်တော့အောင်ဖြစ်သွားစေနိုင်တဲ့အတွက်   

အသားတွေတဆတ်ဆတ်တုန်ခြင်း ၊ ခြေတရွတ်ဆွဲခြင်းနဲ့ သတိလစ်မေ့မြောခြင်းအထိဖြစ်တတ်ပါ

တယ်။

 

အမေရိကန်နိုင်ငံမှာဆိုရင် ဒီဆေးကို လိုင်စင်ရတိရစ္ဆာန်ရောဂါကုဆရာဝန်တွေကိုယ်တိုင်သာ

အသုံးပြုဖို့နဲ့ တိရစ္ဆာန်ရောဂါကုဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာအသုံးပြုဖို့  ဉပဒေနဲ့တားမြစ်

ထားပါတယ်။

0 မှတ်ချက်များ to “Simparica တိုက်ဆေး”

Post a Comment