«««« အထူးသတိပြုပါ »»»»
မိမိ၏ခွေးကြောင်များအား ကြိုတင်ကာကွယ်ဆေးများ အချိန်မှန်ထိုးနှံပေးရန်အမြဲသတိပြုပါ. . .

6 Jun 2021

အစားထိုးနို့ရည်( Milk Replacer )ပြုလုပ်တိုက်ကျွေးခြင်း

,

ခွေးတစ်ကောင်ရဲ့သက်တမ်းမှာ ကျန်းမာရေးကောင်းပြီး လူသားတွေအတွက်ကောင်းစွာအကျိုးပြုနိုင်စေဖို့ဆိ

တာဟာ မွေးကင်းစအရွယ်မှာ ပြုစုစောင့်ရှောက်ပေးနိုင်မှုအပေါ်မှာအများကြီးမူတည်နေပါတယ်

သဘာဝအားဖြင့် မိခင်ခွေးမကြီးက အာဟာရပြည့်ဝတဲ့မိခင်နို့ကိုနို့တိုက်ကျွေးပေးတဲ့အပြင် ပတ်ဝန်းကျင်နဲ

သဟဇာတဖြစ်အောင်နေထိုင်ဖို့စောင့်ရှောက်ပေးလေ့ရှိပါတယ်။

ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်မိခင်နဲ့ခွဲခွာရတာမျိုးနဲ့ မိခင်သေဆုံးသွားတာမျိုးတွေမှာ အစားထိုး

နို့ရည်( milk replacer )တစ်မျိုးမျိုးကို တိုက်ကျွေးပေးရမှာဖြစ်ပါတယ်

တစ်ခါတစ်လေကျတော့လည်း မိခင်ကနို့မထွက်တာမျိုးနဲ့ အကြောင်းအမျိုးမျိုးကြောင့်မိခင်ကိုယ်တိုင်က   

သားငယ်လေးတွေကို နို့မတိုက်တာမျိုးတွေလည်းကြုံရတတ်ပါတယ်

အဲဒီလိုအခြေအနေမျိုးတွေကြုံလာရတဲ့အခါ မိခင်နို့ရည်နဲ့အနီးစပ်ဆုံးတူညီအောင် စီမံထားတဲ့အစားထိုးနို့ရည်

( Milk replacer )တစ်မျိုးမျိုးကို တိုက်ကျွေးပေးသင့်တဲ့အတွက်

စီးပွားဖြစ်ထုတ်လုပ်ရောင်းချတဲ့ ခွေးငယ်အတွက်နို့ရည်တု (Milk re placer puppy formuls) တွေကိုသာ

ဝယ်ယူတိုက်ကျွေးသင့်ပါတယ်  သတိထားရမှာကတော့ အဲဒီ (Milk replacer) တွေဟာ ဘက်တီးရီယား

ရောဂါပိုးတွေ အလွယ်တကူလျှင်မြန်စွာပေါက်ပွားစေနိုင်တဲ့အရည်တစ်ခုဖြစ်တဲ့အတွက် အလွန်သန့်ရှင်းစွာ

ကိုင်တွယ်သင့်တဲ့အပြင် ရေခဲသေတ္တာထဲမှာသာသိမ်းဆည်းထားသင့်ပါတယ် 


မိမိရဲ့ခွေးငယ်လေးတွေ အထက်ပါအခြေအနေမျိုးကြုံရတဲ့အခါ ခွေးချစ်သူအများစုဟာ နွားနို့ကိုသာ အစားထိုး

တိုက်ကျွေးလေ့ရှိကြပါတယ် ၊ နွားနို့ထဲမှာပါဝင်တဲ့ ကယ်လိုရီဓါတ် ကယ်ဆီယမ်ဓါတ်နဲ့ဖော့စဖရပ်ဓါတ်တွေရဲ့

ပမာဏဟာ ခွေးငယ်လေးတွေအတွက်လိုအပ်တဲ့ပမာဏလောက်ပါဝင်မှုမရှိတဲ့အတွက် နွားနို့ချည့်တိုက်ကျွေးဖို့

မသင့်ပါဘူး 


(Milk replacer)တစ်မျိုးမျိုးကိုတိုက်ကျွေးတော့မယ်ဆိုရင် စတင်တိုက်ကျွေးခြင်းမပြုမီ မိမိခွေးလေးတွေရဲ့ခန္တာ

ကိုယ်အလေးချိန်တွေကို ချိန်တွယ်မှတ်သားထားသင့်တဲ့အပြင် နေ့စဉ်တိုက်ကျွေးတဲ့ကြိမ်ရေ ၊ သောက်သုံးကြ

တဲ့ပမာဏနဲ့ နေ့စဉ်ကိုယ်အလေးချိန်တွေကိုရေးမှတ်ထားနိုင်ဖို့ ဇယားတစ်ခုရေးဆွဲထားသင့်ပါတယ် 

ဒါမှသာ ခွေးငယ်လေးတွေအနက် ပုံမှန်ကြီးထွားမှုမရှိတဲ့ခွေးလေးတွေကိုချက်ချင်းသိရှိပြီး အချိန်မီလုပ်သင့်တာ

တွေကိုလုပ်ပေးနိုင်မှာဖြစ်ပါတယ်


ခွေးငယ်လေးဘဝမှာ အစားထိုးနို့ရည်ကိုတစ်နေ့လျှင်အကြိမ်ရေအတော်များများ ခွဲပြီးတိုက်ကျွေးပေးဖို့လိုအပ်

ပါတယ် ခွေးကြီးအမျိုးအစားတွေနဲ့ကြီးထွားနှုန်းမြန်တဲ့ခွေးအမျိုးအစားတွေဆိုရင် လိုအပ်တဲ့ကယ်လိုရီပမာဏ

ကလည်းပိုများတာကြောင့် တစ်ကြိမ်တိုင်းမှာ တိုက်ကျွေးပေးရမယ့်ပမာဏကလည်းပိုများရပါတယ်

(Milk replacer) တွေကိုရေခဲသေတ္တာထဲမှာသိမ်းဆည်းထားရတာမို့ ခွေးငယ်လေးတွေကိုတိုက်ကျွေးတဲ့အခါ 

မိခင်နို့နဲ့တူတဲ့အပူချိန်ပြန်ဖြစ်လာအောင်စီစဉ်ဖို့လည်းလိုအပ်ပါတယ် အေးနေတဲ့အတိုင်းတိုက်ကျွေးရင်ဖြစ်စေ 

ပူလွန်းနေရင်ဖြစ်စေ ခွေးငယ်လေးတွေနို့မစို့တာမျိုးဖြစ်တတ်ပါတယ်


ခွေးငယ်လေးတွေကိုနို့ဗူးနဲ့တိုက်တဲ့အခါ ပွေ့ချီထားပြီး ပက်လက်အနေအထားနဲ့ဖြစ်စေ ဘေးတစ်စောင်း

အနေအထားနဲ့ဖြစ်စေ မတိုက်သင့်ပါဘူး ၊ ခွေးလေးတွေဟာ ဖွံ့ဖြိုးကြီးထွားလာတာနဲ့အမျှ အငမ်းမရစုပ်ယူ

သောက်သုံးတတ်ကြတဲ့အတွက် အခန့်မသင့်ရင် နို့ရည်တွေဟာလမ်းကြောင်းလွဲပြီး အဆုတ်လေပြွန်ထဲကို

ရောက်သွားတတ်ပါတယ်

ဒါကြောင့်မို့ကြမ်းပြင်မှတည့်တည့်ထိုင်နေလျှက်အနေအထားမှာသာနိုဗူးတိုက်ကျွေးသင့်ပါတယ်

ခွေးအမျိုးအစားအလိုက်အသုံးပြုနိုင်တဲ့ နို့ဗူးအရွယ်အစားအမျိုးမျိုးကို စျေးကွက်ထဲမှာဝယ်ယူရရှိနိုင်ပါတယ်

ခွေးငယ်လေးကို နို့ဗူးတိုက်တဲ့အခါ မိမိတိုက်ကျွေးမယ့်နို့ရည်ရဲ့ ပျစ်ချွဲမှုအနေအထားပေါ်မူတည်ပြီး နို့ခေါင်းရဲ့

အပေါက်ကို လိုအပ်သလိုချဲ့ပေးရတတ်ပါတယ်

 အလွန်သေးငယ်တဲ့ခွေးအမျိုးအစားလေးတွေဆိုရင် နို့ဗူးတိုက်ရတာ အဆင်မပြေဖြစ်တတ်ပါတယ်   အဲဒီလို

ခွေးအမျိုးအစားတွေဆိုရင်တော့  ဆေးထိုးပိုက်အသးစားလေးနဲ့နည်းနည်းချင်းတိုက်ကျွေးပေးနိုင်ပါတယ်

မိခင်နို့ရည်အတွက်အစားထိုးတိုက်ကျွေးနိုင်တဲ့ အာဟာရရည် (Milk replacer) ကို အိမ်မှာကိုယ်တိုင် ပြုလုပ်ပြီး

လည်းတိုက်ကျွေးနိုင်ပါတယ်

အစားထိုးနို့ရည်( Milk replacer )ပြုလုပ်နည်းကတော့

နွားနို့စစ်စစ်ဖန်ခွက်တစ်ဝက်ကို သောက်ရေဖန်ခွက်တစ်ခွက်ထပ်ရောပြီး  ဆူပွက်လာအောင်ကျိုချက်ရပါမယ် 

ဆူပွက်လာတဲ့အခါ ကုလားပဲအမှုန့်   လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ပြုပ်ပြီးသားကြက်ဥနှစ်လုံးရဲ့ အဝါရောင်ဥအနှစ်တွေကိုထည့်ပြီး ကျေသွားသည်အထိဆူပွက်လာအောင်ကျိုချက်ရပါမယ်

အဲဒီနောက် အခန်းအပူအချိန်ပြန်ရောက်သည်အထိ အအေးခံထားရပါတယ် အဲဒီနောက်ကလေးတွေကို 

တိုက်တဲ့အားဆေးရည်(သို့) ခွေးငယ်တွေအတွက်သီးသန့်လာတဲ့အားဆေးရည်တစ်မျိုးမျိုးနှစ်စက်ခန့်နဲ့ ဒိန်ချဉ်

တစ်ဇွန်းထပ်ထည့်ပြီး သေချာစွာမွှေပေးရပါမယ်  အားလုံးပြီးဆုံးပြီဆိုရင်တော့ ခွေးငယ်အတွက်သင့်လျှော်တဲ့ 

ဖြည့်စွက်စာ အာဟာရဖျော်ရည်ကိုရရှိပြီဖြစ်တာမို့ နို့ဗူးထဲမှာထည့်ပြီးတိုက်ကျွေးနိုင်ပြီဖြစ်ပါတယ်

ခွေးငယ်လေးတွေဟာ နုနယ်လွန်းတဲ့အတွက် နို့ရည်ပြင်ဆင်မှုရဲ့အဆင့်တိုင်းမှာ သန့်ရှင်းမှုကိုအထူးဂရုစိုက်

ဆောင်ရွက်ဖို့လိုအပ်ပါတယ်

(ဆက်လက်ဖတ်ရှုရန်)

https://www.facebook.com/146167286099929/posts/761513847898600/?app=fbl

0 မှတ်ချက်များ to “အစားထိုးနို့ရည်( Milk Replacer )ပြုလုပ်တိုက်ကျွေးခြင်း”

Post a Comment